Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မောင်တောခရိုင်အတွင်း ဘင်္ဂါလီ လူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားနှုန်း ကန့်သတ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန်

$
0
0

မောင်တောခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါလီလူမျိုးများ အိမ်ထောင်ပြုခြင်းနှင့် ကလေးမွေးဖွားမှုနှုန်း ကန့်သတ်ပြီး ထိန်းချုပ်သည့် ညွှန်ကြားချက်အား ဒေသန္တရအမိန့်ဖြင့် ထုတ်ပြန် လိုက်ပြီဖြစ်ကြောင်း   မောင်တော ခရိုင် လူဝင်မှု ကြီးကြပ်ရေးရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောနို င် က မေ ၁၅ ရက်တွင် ပြောကြားသည်။

ဘင်္ဂါလီ လူမျိုးများ နေထိုင်သည့် ကျေးရွာများတွင် လူဦးရေ အဆမတန် တိုးပွားနေပြီး အိမ်ထောင်အများစုတွင် တစ်စုလျှင် အနည်းဆုံး လူဦးရေ ၃၀ မှ ၄၀ အတွင်းရှိပြီး တချို့အိမ်ထောင်တစ်စုတွင် လူဦးရေ ၅၀ မှ ၈၀ အတွင်း ရှိနေကြောင်း ခရိုင်ဦးစီးမှူးထံမှ သိရှိရသည်။ "ဘင်္ဂါလီ အမျိုးသားတစ်ဦးက ဇနီးတစ်ယောက်၊ ကလေးနှစ်ယောက်ပဲ ယူရမယ် ဆိုတာကို ဒေသန္တရအမိန့်နဲ့ ထုတ်ပြန်ထားတယ်။

 ဒါ့အပြင် ထုတ်ပြန်ထားတဲ့ အမိန့်ကို လိုက်နာမှု ရှိစေဖို့ အမြဲတမ်း ရှောင်တခင် စစ်ဆေး မှုတွေ ပြုလုပ်နေတယ်။ အထူးသဖြင့် မိုးရာသီမှာ စစ်ဆေးမှုတွေ တိုးမြင့်ပြီး ဆောင်ရွက်သွားမယ်။မိုးကုန်ရင် ဆွဲ၊ တင်၊ စစ်လုပ်ဦးမယ်။ ဆွဲတင်စစ်ဆိုတာက လူဦးရေစစ်မယ့် ရွာရဲ့မြေကြီး မြေပုံဆွဲမယ်၊ ရွာမှာရှိ တဲ့ အိမ်ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေ ဘယ်နှဦး ရှိတယ် ဆိုတာကို မှတ်တမ်း တင်ထား မယ်။ ပြီးရင်ပြန်ပြီး ဒီဓာတ်ပုံနဲ့ အိမ်ထောင်စု တစ်စုချင်း စီပြန်ပြီး စစ်ဆေးတဲ့အခါမှာ အမျိုးသားတစ်ဦးက နောက်ထပ်မိန်းမတစ်ဦး ထပ်ယူထား တာ တွေ့ရှိရင် တရားမ၀င် ပေါင်းသင်းတဲ့ အမှုနဲ့ အရေးယူမယ်။ ကလေးတွေ တိုးလာရင် တိုးလာတဲ့ ကလေးတွေကို Black List သွင်းမယ်" ဟု ပြောကြားခဲ့သည်။

မောင်တောခရိုင်အတွင်း လူဦးရေ ၈၀၅၀၀၀ ကျော် နေထိုင်ပြီး ရခိုင်လူမျိုးဦးရေမှာ ၁၀ ရာခိုင်နှုန်း သာ နေထိုင်ကြောင်း စုံစမ်းသိရှိရသည်။

From: Eleven Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...