Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှားရောက် မြန်မာ ၂ဝ ဦးကျော် အရက်တုသောက်၍ သေဆုံးခဲ့သဖြင့် ဆက်လက်မှီ ဝဲခြင်းမပြုရန်ကြေညာ

$
0
0

မလေးရှားတွင် အရက်အတု သောက်ပြီး သေဆုံးသူ မြန်မာ ၂၁ ဦးရှိ ပြီဖြစ်၍ ဆက်လက်သောက်သုံးခြင်း မပြုကြရန် အလုပ်သမား၊ အလုပ်အကိုင် နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။

မလေးရှားနိုင်ငံ ဆီလန်ဂေါဒေသ တွင် အလုပ်သမားအချို့သည် မြန်မာ အမှတ်အသားတံဆိပ်ပါသော အရက် တုများ သောက်မိသည့်အတွက် ၂၁ ဦး သေဆုံးပြီး ဆေးရုံ တွင်အရေးပေါ် တက် ရောက်ကုသခဲ့ရသည့် ဖြစ်စဉ်များဖြစ် ပေါ်ခဲ့သည်။

အဆိုပါအရက်အတုများတွင် မက် သနောပမာဏ အများအပြား ပါဝင် ကြောင်း စိစစ်တွေ့ရှိသဖြင့် သောက်သုံး မိပါကမောပန်းမူးဝေခြင်း၊ အမြင်အာရုံ မှုန်ဝါးလာခြင်း၊ မူးဝေ အော့အန်ခြင်း (သို့) ဗိုက်နာခြင်း၊ အသက်ရှုကျပ်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်း၊ အစာ အိမ်နာ ခြင်းစသည့်လက္ခဏာများ ဖြစ်ပေါ်တတ် ကြောင်း၊မလေးရှားနိုင်ငံအတွင်း တရား ဝင်တင်သွင်းရန် ခက်ခဲသည့်အရက်ကို မြန်မာအမှတ် တံဆိပ်ပါသော အရက် အတုများပြုလုပ်၍ မြန်မာအလုပ်သမား
ဈေးကွက်အတွက် ရည်ရွယ်ကာရောင်းချ ခြင်းများ တွေ့ရှိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မ လေးရှားသို့ အလုပ်သမားပို့ဆောင်သည့် ကျောက်တံတား အခြေစိုက်အလုပ်အကိုင် အေဂျင်စီမှတာဝန်ရှိသူတစ်ဦးက''ဟို ဘက်မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ကြေညာနေပါတယ်။ ဒီ အရက်တုတွေ သောက်ပြီးလူမသိသူမသိ သေတဲ့သူတွေ လည်းအများကြီးပဲ။ ကြေညာထားပေ မယ့် အလုပ်သမားတွေက မလိုက်နာကြ တာ''ဟု ပြောသည်။ အရက်တုစက်ရုံ များကို မလေးရှား နိုင်ငံသားများ လုပ်ကိုင်ခြင်းမဟုတ်ဘဲ အခြားနိုင်ငံသားများက လာရောက် လုပ်ကိုင်နေသည်ဟု ကြားသိရကြောင်း လည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အရက်တုရောင်းချသော ဆိုင်များ နှင့်ထုတ်လုပ်သည့် စက်ရုံများကို မလေး ရှားရှိ မြန်မာသံရုံးနှင့် မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းရှာ ဖွေဖမ်းဆီးလျက်ရှိပြီးစက်ရုံတစ်ရုံကို ရှာ ဖွေပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''ဒီက အလုပ်သမားအရာရှိကို လည်း မေလ ၂ ရက်နေ့က လွှတ်လိုက် ပြီ။ ဒီကိစ္စကိုသက်ဆိုင်ရာ သံရုံးနဲ့ အလုပ် သမားသံအရာရှိနဲ့ ပူးပေါင်းပြီး ဆက် လုပ်သွားဖို့ ရှိပါတယ်''ဟု ပြောသည်။

ထို့အပြင်မြန်မာနိုင်ငံမှ မလေးရှား သို့ထပ်မံသွားရောက်မည့် အလုပ်သမား များ အရက်တုသောက်သုံးမှုများ မဖြစ် ပေါ်စေရန်ပြည်ပအလုပ်အကိုင် အေ ဂျင်စီအသင်းချုပ်မှတစ်ဆင့် သတိပေး စာများ ဖြန့်ဝေသွား ရန်ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

From: မေဇင်ဝင်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>