Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ခေတ်သစ် ငရဲခွေးကြီး (သန်းထွဋ်အောင်) လွတ်နေပြီ

$
0
0



(၁)
၁၉၃၆ ခုနှစ် ဇန်န၀ါရီလ။ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းက တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့တဲ့ အိုးဝေမဂ္ဂဇင်း၊ အင်္ဂလိပ်ပိုင်းကဏ္ဍမှာ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ ''ငရဲခွေးကြီးလွတ်နေပြီ''။အဲဒီအချိန်တုန်းက တက္ကသိုလ် အာဏာပိုင် မျက်နှာဖြူတွေကို အမျက်ဒေါသ ထွက်စေခဲ့တဲ့ ဆောင်းပါးဖြစ်ခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ကျောင်းသား ကိုညိုမြက ယမမင်း ကလောင်နဲ့ ရေးခဲ့တဲ့ ဒီဆောင်းပါးကို အကြောင်းပြုပြီး ကိုအောင်ဆန်းကို ကျောင်းထုတ်ခဲ့ရာကနေ ဒုတိယအကြိမ် ပြည်လုံးကျွတ် ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။
                   
ဒီနေ့အချိန်မှာလည်း တရား မျှတမှုနဲ့ အမှန်တရားကို ဖော်ထုတ်ရမယ့် ကိစ္စရပ်တွေ ရှိလာခဲ့ပါပြီ။ လူတစ်ဦးတစ်ယောက်(သို့မဟုတ်) လူတစ်စုတစ်ဖွဲ့က လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံကို သွေးချောင်းစီးစေမယ့် အခြေအနေကို တွန်းပို့နေပါတယ်။ ဒီလူတွေမှာ အာဏာရှင်စနစ်ကို ပြန်လည် အသက်သွင်းလိုတဲ့ စိတ်ဓာတ်တွေ ပြည့်နှက်နေပြီး သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေက ယခင် ဗြိတိသျှ ကိုလိုနီ အစိုးရ အုပ်ချုပ်ယန္တရား လည်ပတ်ခဲ့စဉ်က ကျင့်သုံးခဲ့တဲ့ လုပ်နည်းလုပ်ငန်းတွေနဲ့ တူညီနေပါတယ်။

အရေးယူမယ့်သူမရှိ လက်ရဲ ဇက်ရဲနိုင်တဲ့ သူတွေရဲ့ အနေအထားက ''ခေတ်သစ် ငရဲခွေးကြီး လွတ်နေပြီ''ဆိုတဲ့ အနေအထားပါပဲ။

(၂)
ဆက်သွယ်ရေး မြန်ဆန်လာမှု၊ အင်တာနက်ကို အသုံးပြုပြီး အနောက်နိုင်ငံတွေရဲ့ ကိုလိုနီလက်သစ် ကျွန်သဘောက်ဘဝ ကို ပြန်လည် အသက်သွင်းလိုသူတွေရဲ့ ၀ါဒဖြန့်ချိရေး ပုံစံတွေဟာ ပြောင်းလဲလာပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာ အင်အား အလုံးအရင်းနဲ့ ၀င်ရောက်နေရာယူပြီး လိုချင်တဲ့ ပစ်မှတ်ကို ရအောင်ဖန်တီး လုပ်ဆောင်လာကြပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်တာကာလက စတင်ပြင်ဆင်ခဲ့တဲ့ ဒီလူတွေ ခြေလှမ်းဟာ အခုချိန်မှာ အတော်လေး ခရီးပေါက်နေခဲ့ပါပြီ။ ဒီလူတွေဟာ အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ယန္တရားကတစ်ဆင့် လူထုကြားကို ကျယ်ပြန့်စွာနဲ့ ၀င်ရောက်နေရာယူပြီး သွေးထိုးလှုံ့ဆော်မှုတွေကို လုပ်ဆောင်လာခဲ့ကြပါတယ်။


ဝေဖြိုးနဲ့ သန်းထွဋ်အောင်တို့မှ အမေရိကန်သံရုံး တွင် အမြဲဝင်ထွက်နေမှု ၊  သူတို့ရဲ့နောက်ကွယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကြောင့် ဖြစ်ပါတယ်။ ဒါကိုဖော်ထုတ်ပြီး ရဲရဲဝံ့ဝံ့ ဖြေရှင်းရပါလိမ့်မယ်။  ဒီလိုမှမလုပ်ဘူးဆိုရင် မြန်မာနိုင်ငံဟာ ၂၀၁၅ ခုနှစ် မတိုင်မီ အချိန်မှာပဲ ဘာသာရေး ပဋိပက္ခတွေကြောင့် သွေးချောင်းစီးမှုတွေ ဖြစ်လာနိုင် . . .


(၃)
အံ့သြစရာ ကောင်းတာက ဒေါက်တာဆိတ်ဖွား ရဲ့လွတ်လပ်စွာရေးသားမှုကို ဟန့်တားချိန်မှာ ဘယ်မီဒီယာကမှ မကန့်ကွက်ကြတာပါပဲ။ အထူးသဖြင့် ရှေ့ဆုံးက အော်တတ်တဲ့ Eleven နဲ့ The Voice တို့က လုံးဝ မကန့်ကွက်ကြတာပါ။

သန်းထွဋ်အောင် နဲ့ ဝေဖြို့းတို့ဟာ ဟာ အမေရိကန်သံရုံးနဲ့ သူတို့လူ တစ်ချို့ကိုသာ ချီးမြှောက်ပြီး ပြည်သူ့ဝန်ထမ်းတွေနဲ့  ဗုဒ္ဓဘာသာဝင်တွေကို  တိုက်ခိုက်ခဲ့ပါတယ်။


(၄)
သူ့ကျွန်ဘဝ  ပြန်လည် အသက်သွင်းလိုသူ ၀ါဒဖြန့်ချိရေး သမားတွေရဲ့ လုပ်နည်းလုပ်ဟန်က လူမှုကွန်ရက် စာမျက်နှာတွေမှာ သူတို့ရဲ့ အဖွဲ့ဝင်တွေ အင်အားကောင်းလာအောင် ပထမဆုံး လုပ်ဆောင်ပါတယ်။ ဒုတိယဆင့်အနေနဲ့ သူတို့ရေးသားမှုတွေအောက်မှာ ဘယ်သူမဆို ၀င်ရောက် မှတ်ချက် ပေးနိုင်အောင် လုပ်ပါတယ်။ တတိယဆင့်မှာတော့ သူတို့ရေးသားမှုကို သူတို့ရဲ့ အဖွဲ့ဝင်တွေ ၀င်ရောက် မှတ်ချက်ရေးစေပြီး ထောက်ခံမှု ရေးသားစေပါတယ်။ ဒီနောက်မှာ တစ်ဆင့် ဖြန့်ဖြူးကြတာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့သူတို့ရဲ့ ၀ါဒ ဖြန့်ချိ သွေးထိုးမှုတွေကို ကျယ်ပြန့်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။

Eleven Media ရဲ့ စာမျက်နှာနဲ့ facebook စာမျက်နှာတွေကို သတိထားကြည့်ရင် သိနိုင်ပါတယ်။ The Voice နဲ့ BBC, RFA, Irrawaddy, Mizzima တို့လည်း အတူတူပဲဖြစ်ပါတယ်။

(၅)
 လူထု သန်းထွဋ်အောင်နဲ့ ဝေဖြိုးကို လူမှုကွန်ရက်သုံးတဲ့ လူတွေ သိကြပါတယ်။ သမ္မတကြီးဦးသိန်းစိန်  အပါအ၀င် လူထုထောက်ခံမှု ရရှိနေတဲ့ ဝန်ကြီးဦးဆန်းဆင့် နဲ့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တပ်မတော်သားတွေကို နည်းမျိုးစုံသုံး ပုတ်ခတ် တိုက်ခိုက်တာ ဖြစ်ပါတယ်။


ကိုယ့် Webpage ကို ကိုယ့်အဖွဲ့တွေကိုယ်တိုင် Comment ပြန်ပေးနေတဲ့ Eleven အနေနဲ့  အသုံးပြုသူရဲ့ IP၊ မေးလ်လိပ်စာတွေကို တောင်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူးဆိုတာ သန်းထွဋ်အောင် သိဖို့ လိုပါတယ်...


လက်ရှိအချိန်မှာ သူ့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ဘာသာရေး အဓိကရုဏ်းတွေ မဖြစ်ဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတာ ဖြစ်ပါတယ်။ မိတ္ထီလာ အဓိကရုဏ်း ကိစ္စမှာလည်း Eleven Media နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေက လှုံ့ဆော်မှုတွေ လုပ်ခဲ့ပါတယ်။




 ဒီလိုပါပဲ။ အင်ဒိုနီးရှား မြန်မာသံရုံး ဆန္ဒပြမှုကိုလည်း မွတ်ဆလင်တွေကို ကြောက်လို့ Website မှာ မဖော်ပြပေမယ့် သတင်းစာမှာ ဖော်ပြပြီး လူထုအကြား  လှုံ့ဆော်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။



အခုချိန်မှာတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်မှာ အစိုးရ တာဝန်ရှိသူတွေ မုန်းတီးရေးကို အခြေခံပြီး မြန်မာတိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံတွင်းနေ မြန်မာမွတ်စလင်တွေအကြား ရန်တိုက်ပေးမှုတွေကို ဆက်တိုက်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အဆိုးဆုံးကတော့ ကိုယ်တိုင်ခ ရိုနီဖြစ်ခဲ့ဖူးတဲ့ သန်းထွဋ်အောင်က အခြားခရိုနီတွေကို လိုက်လံ တိုက်ခိုက်နေ တာပဲဖြစ်ပါတယ်။

(၆)
ပထမဆုံးအနေနဲ့ Eleven ဟာ သူ့ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာဆိတ်ဖွားကို အမှုဖွင့်ခဲ့ပါတယ်။ အဲဒီနောက် သန်းထွဋ်အောင်အကြောင်းဖွင့်ချတဲ့ Myanmar Express ကို တရားစွဲပြန်ပါတယ်။ အခုတခါ မောင်ကာဠု ကိုပါ တရားစွဲဖို့ တိုက်တွန်းနေပြန်ပါပြီ။ သို့သော် Eleven Media ရဲ့ စာမျက်နှာကို လူသိရှင်ကြား ကြေညာပြီးတိုက်ခိုက်ခဲ့တဲ့ BHG ကိုတော့ တရားမစွဲပြန်ပါဘူး။

 

ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ စိတ်နဲ့ လွတ်လပ်စွာရေးသားခွင့် နှင့် ဝေဖန်ပြောဆိုခွင့်  ကို   နောက်ကြောင်းပြန် လှည့်နေတဲ့ Eleven မှ သန်းထွဋ်အောင် နဲ့ ဝေဖြိုး တို့ဟာ ခေတ် သစ်င ရဲခွေးကြီးတွေ ဖြစ်လို့ ဗုဒ္ဓဘာသာ ဝင်အားလုံးနဲ့ လွတ်လပ်စွာပြောဆိုမှုကို မြတ်နိုးသူအားလုံးမှ ဆန့် ကျင် ဆုံးမဖို့ လိုအပ်ပါပြီ။ 
 
From:ME

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>