Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဖွဘုတ်ကို လုံခြုံရေး စိတ်ချဖို့သော့ခတ်ကြပါစို့

$
0
0

ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။

Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။ သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။

Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ် ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန်   ကြေညာ လိုက်တာဖြစ်ပါတယ်။

“Trusted Contacts” ဆိုတာ ဒီလိုပါ။

၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက် အထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။

ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။

ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်း ကြုံခဲ့ရပါတယ်။

အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင် မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန် ကုန် ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။

“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ 'Security Settings' မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင် ပါတယ်။ သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲတဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့ မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။

From:Nay Min

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>