Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သမ္မတဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီ (၁၈)ပါတီတွေ့ဆုံ"

$
0
0
"သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ (၁၈)ပါတီတွေ့ဆုံ" RFA Burmese ---------------------------------------------------------- တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။  သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ (၁၈)ပါတီတို့ ဒီကနေ့ နေပြည်တော်မှာ တတိယ အကြိမ် မြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာမှာ အခုလို ဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့ ဒီဆွေးနွေး ပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။  "သူတို့က ပြည်သူဗဟိုပြုတဲ့စနစ်တစ်ခုကိုသွားနေတယ်။နိုင်ငံကိုတည်ဆောက် တဲ့နေရာမှာ အစိုးရချည်းပဲ တည်ဆောက်လို့ မရဘူး။နိုင်ငံရေးပါတီတွေလည်း နိုင်ငံတော်ကောင်းဖို့အတွက် ဦးတည်တဲ့ လုပ်ငန်းတိုင်းမှာပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံတယ်။အထူးသဖြင့် ပြည်တွင်းစစ်ကြီး၊ကမ္ဘာမှာ အရှည်ကြာဆုံးဖြစ်တယ်။ဒါတွေ ငြိမ်းချမ်းမှ ဖွံဖြိုးနိုင်မယ်။ငြိမ်းချမ်းအောင်လို့ ဆောက်နေတယ်။ဒါကြောင့် အကုန်လုံးပါဝင်ဖို့လိုတယ်။ဒါတွေ သူပြောတယ်"  နိုင်ငံရေးပါတီတွေဘက်ကလည်း သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးကိစ္စရပ်တွေ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊ နိုင်ငံသား ဖြစ်မှု ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ရခိုင်အစီရင်ခံစာရဲ့ ကိစ္စရပ်တွေကို ပါတီတစ်ခုချင်းစီက (၅)မိနစ်စီ တင်ပြဆွေးနွေးခဲ့ကြပါတယ်။  ဒီဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက ဖိတ်ကြားထားတဲ့ တိုင်းရင်သားပါတီ (၈)ပါတီနဲ့ နိုင်ငံရေးပါတီကြီး (၁၀)ပါတီက တက်ရောက်ဆွေးနွေးခဲ့ကြပေမယ့် NLDပါတီကိုတော့ ဖိတ်ကြားတဲ့အထဲမပါဝင်တဲ့အတွက် တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

 တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံရေးပါတီတွေကို မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ဖိတ်ခေါ်လိုက်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ (၁၈)ပါတီတို့ ဒီကနေ့ နေပြည်တော်မှာ တတိယ အကြိမ် မြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာမှာ အခုလို ဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့ ဒီဆွေးနွေး ပွဲကို တက်ရောက်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ   ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။

"သူတို့က ပြည်သူဗဟိုပြုတဲ့စနစ်တစ်ခုကိုသွားနေတယ်။နိုင်ငံကိုတည်ဆောက် တဲ့နေရာမှာ အစိုးရ ချည်း ပဲ တည်ဆောက်လို့ မရဘူး။နိုင်ငံရေးပါတီတွေလည်း နိုင်ငံတော်ကောင်းဖို့အတွက် ဦးတည် တဲ့ လုပ်ငန်းတိုင်းမှာပူးပေါင်းပါဝင် ဖို့ မေတ္တာရပ်ခံတယ်။ အထူးသဖြင့်   ပြည်တွင်း စစ်ကြီး၊ကမ္ဘာ မှာ အရှည်ကြာ ဆုံးဖြစ်တယ်။ဒါတွေ ငြိမ်းချမ်းမှ ဖွံဖြိုးနိုင်မယ်။ငြိမ်းချမ်းအောင်လို့ ဆောက်နေ တယ်။ ဒါကြောင့် အကုန်လုံးပါဝင်ဖို့လိုတယ်။ဒါတွေသူပြောတယ်"

နိုင်ငံရေးပါတီတွေဘက်ကလည်း သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးကိစ္စရပ်တွေ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား စစ်ရေးတင်းမာမှု အခြေအနေတွေ၊   နိုင်ငံသား   ဖြစ်မှု   ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ ရခိုင်အစီရင်ခံစာရဲ့ ကိစ္စရပ်တွေကို ပါတီတစ်ခုချင်းစီက (၅)မိနစ်စီ တင်ပြဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက ဖိတ်ကြားထားတဲ့ တိုင်းရင်သားပါတီ (၈)ပါတီနဲ့    နိုင်ငံရေးပါတီကြီး (၁၀)ပါတီက တက်ရောက်ဆွေးနွေးခဲ့ကြပေမယ့် NLDပါတီကိုတော့ ဖိတ်ကြားတဲ့ အထဲမပါဝင်တဲ့အတွက် တက်ရောက်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

From:rfa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>