ရဲတပ်ဖွဲ့ဝင်များ လာဘ်စား သည်ဟု ပြောဆိုသည့်စွပ်စွဲချက်ဖြင့် တရားစွဲထားသော အမှုကို ပန်းတနော် မြို့နယ် တရားရုံးက မေလ၂ရက်နေ့တွင် ဒဏ်ငွေနှစ်သောင်း သို့မဟုတ် ထောင် ဒဏ်သုံး လ ကျ ခံစေရန် အမိန့်ချမှတ်ခဲ့ရာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် က ငွေဒဏ် ကို လက်မခံ ဘဲ ထောင် သုံး လသာ ကျခံရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာလူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ အတွင်းရေး မှူး ဦးကျော်က အတည်ပြုပြောကြားသည်။"နေ့ခင်း ၁ နာရီထဲက ထောင်ထဲ ရောက်သွား ပါပြီ"ဟု ၄င်းက ဆိုသည်။
တရားစီရင်ရေးမဏ္ဍိုင်တွင် တရားဥပဒေ မစိုးမိုးသည်ကိုပြချင်၍ တရားရုံး၏ ငွေဒဏ်ကိုငြင်းပယ် လိုက်သည့် အတွက် မအူပင် အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
ပန်းတနော်မြို့နယ် အောက် ကဇင်းကျေးရွာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့က ပြုလုပ်သော လူထု တွေ့ ဆုံပွဲ ၌ ရဲများလာဘ်စားသည်ဟု ထည့်သွင်းပြောဆို ခဲ့ခြင်းကြောင့် ပန်းတနော်မြို့နယ် ရဲတပ် ဖွဲ့ မှူးက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။"တရားရုံးက ဒဏ်ငွေမဆောင် ရင်တော့ ထောင်ဒဏ်ချမှာပဲ။ ဒါဥပဒေပဲ" ဟု ရှေ့နေ ဦးကျော်ဟိုးက မှတ်ချက်ပေးသည်။
www.mmdailystar.com