ရှေ့နေ ဦးကိုနီ ပြောခဲ့တာတွေနဲ့ ပတ်သက်ပြီး အင်တာနက်သုံးစွဲသူများကတော့ ရှေ့နေ ဦးကိုနီကဲ့သို့ လူများ ရဲတပ်ဖွဲ့တွင် ရှိပါက ဗမာလူမျိုး အားလုံး ပစ်သတ်ခံနိုင်ရကြောင်း ပြောဆိုနေကြပါတယ်။
အခု မိတ္ထီလာမှာဖြစ်တဲ့ကိစ္စ၊ လူတွေကိုသတ်တယ်။ မသေသေးတဲ့လူကို မီးရှို့တယ်။ ဗလီတွေ ကျောင်းတွေ ကို မီးရှို့တယ်။ ဗလီကျောင်း မီးရှို့တာ အိမ်တစ်လုံးမီးရှို့တာနဲ့ မတူဘူး။ အိမ်တစ်လုံးက လူတစ်ယောက်ရဲ့ အိမ် ပဲ။ လူတစ်ယောက်ပဲ ထိခိုက်နစ်နာတာ။ ဗလီမီးရှို့တယ်ဆို ရင် အဲဒီဘာ သာကိုးကွယ်တဲ့သူ အားလုံးရဲ့ အသည်းနှ လုံးကို မီးရှို့သလိုဖြစ်တယ်။ ဒါတွေကို လွယ်လွယ် ကူ ကူလေး လုပ်လို့ရနေတယ်။ ဒါတွေအားလုံး ကို ရဲတွေအရှေ့မှာလုပ်နေတာ။ တာဝန်ရှိ တဲ့ လူတွေရှေ့မှာ လုပ်နေတာ။ တာဝန်ရှိတဲ့လူတွေက ခွင့်ပြုထား လို့သာ လုပ်လို့ရတာပေါ့။ ကျွန်တော့်စကား နည်းနည်းလေး ကြမ်းချင်ကြမ်းမယ်။ တာဝန်ရှိသူက ခွင့်ပြုတယ် ဆိုတဲ့ စကားက ဒါကျွန်တော်စွတ်စွဲသလိုဖြစ်တာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော့်မှာပြောစရာရှိတယ်။ ဥပဒေပေါ့ ဗျာ။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃ဝ၂)အရ လူသတ်မှကျူးလွန်ရင် အဲဒီလူကို သေဒဏ်ခင်ဗျ။အဲဒီလို လူသတ်တဲ့ သူ ကို ဘယ်အရပ်သားမဆို သတ်ပစ်လိုက်လို့ရ တယ်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁ဝဝ) အရ သတ်ပစ် လိုက် လို့ရ တယ်။ လူတစ်ယောက်ကို သေလောက်အောင်လုပ်ရင်၊ လူတစ်ယောက်ကို နာလောက်အောင်လုပ်ရင်၊ လူ တစ်ယောက်ကို မုဒိန်းကျင့်ရင်၊ နောက် လူတစ်ယောက်ကို ဓမ္မတာနဲ့ဆန့်ကျင်တဲ့နည်းနဲ့ ကာမကိုရယူရင်၊ လူ တစ်ယောက်ကို ခိုးရင်၊ လူတစ်ယောက်ကို ချုပ်ထားရင်၊ အဲဒီအချက်(၆)ချက်မှာ သတ်ပစ်လို့ရတယ်။
ဆိုလိုတာက မိတ္ထီလာမှာ လူတွေကို အေးအေးဆေးဆေး သတ်နေတယ်။ အဲဒီလိုလူသတ်နေ တဲ့သူကို ကာ ကွယ် ခုခံပိုင်ခွင့်အရ တရားခံတွေကို ပစ်သတ်ပစ်လို့ရ တယ်။ နောက် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၄၃၆) မီးဖြင့် အကျိုး ဖျက်ဆီးမှုလို့ခေါ်တယ်။ အိမ်ကိုမီးရှို့ဖျက်ဆီးတဲ့သူကို ပစ်သတ်ပစ်လို့ရတယ်။ ထောင်ဒဏ် တစ် သက် ထိုက်တဲ့အမှုကို ကျူးလွန်တယ်။ ဒီလိုလူကို ပစ်သတ်လို့ရတယ်။ ဒီလိုဥပဒေတွေ ရှိရဲ့သားနဲ့ တကယ် တမ်း လူသတ်နေတဲ့ဟာ၊ အိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့သူတွေကို အရေးမယူဘဲ ခွင့်လွှတ်ထားတဲ့အတွက် ဒီပြဿ နာဟာ ကြီးသွားတယ်။ အဲဒီတုန်းက အရေးမယူနိုင်ခဲ့ရင်လည်း အခုပြီးသွားတဲ့အချိန်မှာ ဒီလူတွေ လုပ်တဲ့ ဟာတွေ အားလုံးဟာ ဗီဒီယိုမှတ်တမ်းတွေရှိတယ်ခင်ဗျ။ ဒီလူတွေကို ထိထိရောက်ရောက် အရေးယူ လိုက် ရင် ဒီပြဿနာဟာ ရှေ့ဆက် မလုပ်ရဲတော့ဘူး။ အခု အဲဒီလို အရေးမယူတဲ့အတွက် ပဲခူးတိုင်း အနောက်ခြမ်း အထိကူးတယ်။
ဆိုလိုတာက နံပါတ်(၁)က စကတည်းက ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီကိစ္စကို လုံးဝ ခွင့်မ လွှတ် ရဘူး။ တားဆီးရမယ်။ အဲဒီမှာတစ်ချို့က ပြောသေး တယ်။ နိုင်ငံရေး ပါတီခေါင်းဆောင် တချို့က ပြောသေး တယ်။ ရဲတွေက အမိန့်မရလို့ပါဆိုတော့ မဟုတ်ဘူး။ ရဲက အမိန့်တောင်း စရာမလိုဘူး။ အဲဒါ ကျွန်တော် အတိအကျပြောမယ်။ ရဲလုံးဝအမိန့်တောင်း စရာမလို ဘူး။ ပစ် သတ်ပစ်လို့ရတယ်။ အာဏာ ပိုင်တွေ ဘက်က အရေးယူတဲ့နေရာမှာ လိုအပ်ချက်တွေ ရှိတယ်ဆို တာထက်ကို လုံးဝအရေးမယူဘဲ လွှတ်ေ ပး ထားတယ်။ တာဝန်မဲ့တယ်။ အရေးယူရန်ပျက်ကွက်တယ်။ တာဝန်ယူဖို့ လုံးဝပျက်ကွက်တယ်။

OE
www.mmdailystar.com