စစ်တွေမြို့နယ်အတွင်း ကုလားလူဦးရေစာရင်းကောက်ခံမ
ှုအား အကန့်အသတ်မရှိရပ်ဆိုင်း လိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဧပြီလ ၂၆ ရက်နေ့တွင် စစ်တွေမြို့နယ်အတွင်း ကုလားများအား အဖွဲ့ ၁၈ ဖွဲ့ဖြင့် စာရင်းကောက် ယူမှုစတင်ခဲ့ရာ ရိုဟင်ဂျာ လူမျိုးအဖြစ
်သတ်မှတ်ပေးရန်တောင်းဆိုပြီး အကြမ်းဖက်လုပ်ရပ် များဆောင် ရွက်ခဲ့သဖြင့် စစ်တပ်မှလုံခြုံရေးတပ်သားတစ်ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ကုလားများအား စာရင်းကောက်ခံမှုကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ယင်းသို့အကြမ်း ဖက်လုပ်ရပ်သည် တတိယအကြိမ်ပဋိပက္ခကိုဖြစ်ပွားအောင်လှုံ့ဆော်ရာရောက်သည့်အတွက် နောက်ကွယ်မှ ကြိုးကိုင်သူများအား ဥပဒေအရပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့၊ ညနေပိုင်းတွင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည့်အရေးပေါ်အစည်းအဝေးကိုတက်ရောက်ခဲ့သူ စစ်တွေမြို့မှမြို့မိမြို့ဖတစ်ဦးက ပြောပါသည်။ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးကလည်း ယခုဖြစ်ရပ်ဖြစ် ပွားခဲ့ခြင်း၏နောက်ကွယ်တွင် ကြိုးကိုင်သူများရှိနေကြောင်းပြောကြားသည်။
From:
(RSV)www.mmdailystar.com