အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် Joseph Yun က မြန်မာ့တပ်မတော် ကိုအထင်ကြီးလေးစားသဖြင့် စစ်ရေးတွင်ပူးပေါင်းဆောင်ရွက်ရေးအတွက် နည်းလမ်းတွေကို အမေရိကန် လွှတ်တော် မှာ ကြာသာပတေးနေ့က ပြောဆိုသွားပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်သည် လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာ နာမှု ဥပဒေတွေကို လေးစားလိုက်နာလျက်ရှိကြောင်းကိုလည်းအမေရိကန် လက်ထောက်နိုင် ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
ဒီအတောအတွင်း ပြီးခဲ့တဲ့အင်္ဂါနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချယ်လ် Derek Mitchell ဟာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အမေရိကန် သံအမတ်ကြီးက အခုလိုတွေ့ဆုံမှုဟာ မြန်မာတပ်မတော်နှင့်အမေရိကန်တို့ အတွက် စစ်ရေး အရ အထောက်အကူပြုဖို့အတွက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် စစ်တပ်ဟာ ပဓာနကျလျှက်ရှိပါတယ်။ ထို့ ပြင်သံအမတ်ကြီးက မြန်မာ့တပ်မတော်သည်ခေတ်မီမျိုးချစ်တပ်မတော် အဖြစ် တည်ဆောက်လျှက်ရှိနေတာ အမှန်ပါပဲလို့ ပြောကြားရင်း ဒီကိစ္စကို တဆင့်ပြီးတဆင့် တိုးမြှင့်ဆောင် ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်သံအမတ်ကြီးက ပြောဆိုပါတယ်။

www.mmdailystar.com