Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သင်္ကြန်တွင်း ဒဏ်ရာရရှိသူများကို ကူညီရန် နာရေးအသင်း လူနာတင် ယာဉ်လေးစီး အသင့်ပြင်ထား

$
0
0

သင်္ကြန်ရက်များအတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများရှိပါက ကူညီကယ်ဆယ်နိုင်ရန် အရေးပေါ် လူနာတင်ယာဉ်လေးစီးနှင့် ကျွမ်းကျင်သူများကို အသင့်ပြင်ဆင်ထားကြောင်း နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူကပြောသည်။

နာရေးကူညီမှုအသင်းမှ အရေးပေါ်လူနာတင်ယာဉ်များ အခမဲ့ကူညီပေးခြင်းကို ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းက စတင်ခဲ့ခြင်းဖြစ်သည်။ သင်္ကြန်ကာလတွင်း ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်လာပါက အခင်းဖြစ်နေရာရှိ သက်ဆိုင် ရာ တာဝန်ရှိသူများ အကြောင်းကြားပါက အချိန်မရွေး သွားရောက်ကူညီပေးမည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

“အရေးပေါ် ထိခိုက်ဒဏ်ရာရရင် ပြုစုဖို့ သင်တန်းဆင်းပြီးသား အသင်းသား အယောက် ၂၀ နဲ့ လူနာတင်ယာဉ်လေးစီးကို အသင့်ပြင်ထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို အခင်းဖြစ်နေရာက ရဲ၊ မီးသတ် စသည်ဖြင့် တာဝန်ရှိသူတွေက အကူအညီတောင်းမှ သွားရောက်ကူညီခွင့် ရှိပါတယ်။ ဒါကြောင့် တာဝန်ရှိ သူတွေအနေ နဲ့ ကျွန်တော်တို့အသင်းကို ဆက်သွယ်ပေးပါလို့ ပြောချင်ပါတယ်”ဟု ဦးကျော်သူ ကပြောသည်။

နာရေးကူညီမှုအသင်းသို့ အရေးပေါ်လူနာတင်ယာဉ် အကူအညီတောင်းခံလိုပါက ဖုန်းနံပါတ် ၇၀၄၇၈၄၊ ၇၀၉၂၇၇ နှင့် ၅၈၀၁၃၃ တို့သို့ ဆက်သွယ်နိုင်ကြောင်းနှင့် နာရေးလမ်းကြောင်း ကူညီမှုများကို သင်္ကြန်ကာ လအတွင်း ယခင်နှစ်များကအတိုင်း သင်္ကြန်အတက်နေ့ည ၁၂ နာရီအထိ ကူညီပေးသွား မည်ဖြစ်သည်။

From: 7Day News Journal

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>