မကြာမီကျင်းပမည့် သင်္ကြန်ပွဲတော်ဆင်နွှဲကြမည့် လူငယ်များ အထူးသဖြင့် အမျိုးသမီးများမှာ မသမာ သူအချို့ ၏ မူးယစ်ဆေးဝါးများ ရောစပ်တိုက်ကျွေးမှုများကို သတိပြုရှောင်ရှားရန်လိုကြောင်း သတင်း ရရှိ သည်။
သင်္ကြန်ကာလတွင် မသမာသူအချို့က အမျိုးသမီးများနှင့် မိတ်ဆွေဖွဲ့၍ အရက်၊ ဘီယာ၊ ကော်ဖီ၊ အချိုရည် စသည့်အရည်များအတွင်း စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေးစသည့် မူးယစ်ဆေးဝါးများကို ရောစပ်၍ တိုက်ကျွေး ကာ မသမာမှု အမျိုးမျိုးကို ပြုလုပ်နိုင်ကြောင်း သင်္ကြန်တွင် ရေကစားလေ့ရှိသူများကပြောသည်။
နှလုံးရောဂါသမားများအတွက် ဆရာဝန်ညွှန်ကြားချက်အရသာ ၀ယ်ယူရသည့် အပရာ ဇိုလမ် (ဓာတုဗေဒ အမည်) ကို အမှုန့်ပြုလုပ်၍ အရက်၊ ကော်ဖီ၊ ဘီယာစသည့် အရည်များတွင် ထည့်သွင်းရော စပ်လိုက် ပါက ရောစပ်ထည့်သွင်းသည့် မီလီဂရမ်ပေါ်မူတည်၍ သောက်သုံးမိသူမှာ လူမှန်းသူမှန်းမ သိအောင် အိပ်မောကျသွားနိုင်ကြောင်း ရွာသာကြီး စိတ်ကျန်းမာရေးဆေး ရုံမှ ဆေးရုံ အုပ်ကြီးဒေါက်တာလှဌေး က ပြောသည်။
လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ဘန်ကောက်တွင် အဆိုပါ ဆေးဝါးခတ်ကာ ပစ္စည်းဖြုတ်ယူမှုများ၊ မသမာ မှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင်လည်း ယင်းဆေးဝါးကို ကန့်သတ်ဆေးဝါးအဖြစ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဆရာဝန်ကြီးက ပြောသည်။ “စိတ်ငြိမ်ဆေးနဲ့ အရက်နှစ် မျိုး တွဲ လိုက်ရင် ဘာမှမသိတော့ဘူး။ သင်္ကြန်စင်ပေါ်မှာ အချို့ အ၀တ်တောင် မက ပ်နိုင်ကြေ တာ့အောင် သတိလွတ်တာတွေကတော့ စိတ်ကြွဆေးတွေတအား လွန်သွားတာ။ အရက် ကလည်း စိတ်ကြွတယ်။ အရက်နဲ့ ဆေးပြားရောလိုက်ရင် အန္တရာယ်ရှိပါတယ်။ ဒါပေမဲ့ တချို့ အမျိုးသမီးတွေ ကိုယ်တိုင်က သုံးစွဲနေတာကို တွေ့နေရတယ်” ဟု ဒေါက်တာလှဌေးက ပြောသည်။
ယခုနှစ်သင်္ကြန်ကာလအတွင်း ကော်ဖီထဲတွင် မူးယစ်ဆေးခတ်တိုက်ကျွေးနိုင်ကြေ
“သင်္ကြန်မဏ္ဍပ်တွေမှာ ဒီလို ဆေးဝါးတွေတော့ သုံးလို့မရပါဘူး။ ဒါပေမဲ့ လူတစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ အချို့က တစ်နေရာက သုံးလာတယ်။ အိမ်ကသုံးလာမယ်၊ ပြီးရင်မဏ္ဍပ်ပေါ်တက်တာတော့ ရှိမှာပေါ့။ ခုနောက် ပိုင်း ice က ဈေးအရမ်းကြီးတော့ ဒါတွေကို ကိုင်သုံးနိုင်လောက်အောင် သာမန်လူ ငယ် တော်ေ တာ် များ များမှာ ပိုက်ဆံမပေါပါဘူး” ဟု နာမည်ကြီး ဟစ်ဟော့ပ်အ ဆိုတော် တစ်ဦးက ပြောပါသည်။
မူးယစ်ဆေးဝါးများအနက် ခေါင်းခါဆေးဟု လူသိများသော မူးယစ်ဆေးဝါးမှာလည်း တစ်လုံးလျှင် အမေရိ ကန်ဒေါ် လာ ၄၀ မှ ၇၀ နီးပါးရှိပြီး ice ဆေးဝါးနည်းတူ ဈေးကြီးသောကြောင့် လူတိုင်းအလွယ် တကူမသုံးနို င်ဘဲ မူးယစ်စေ သည့် ဆေးဝါးများကို တစ်လွဲရောစပ်အသုံးပြုမှုများလာခြ
From: 7 Day
www.mmdailystar.com