Tilly Smith လို့အမည်ရတဲ့ ဒီကလေးမလေးဟာ အင်္ဂလန်နိုင်ငံက ၁၀ နှစ်အရွယ်ကျောင်း သူလေး တစ်ဦးဖြစ် ပါတယ်... ဆူနာမီဖြစ်ပွားခဲ့တဲ့ 2004 ခုနှစ်အ တွင်းမှာ သူမဟာ မိသားစုနဲ့အတူ ထိုင်းနိုင်ငံ ကိုအလည်ရောက်ရှိနေပါတယ်...
ကမ်းခြေမှာ သူမရဲ့ညီမငယ်လေးနဲ့ဆော့ကစားနေတုန်း ရေပြင်ရဲ့လှုပ်ရှားပုံဟာ တစ်မူထူးခြားနေတယ် ဆိုတာ သူမသတိပြု မိပါတယ်... အလည်အပတ်ခရီးမထွက်ခင် နှစ်ပတ်လောက်တုန်းက ပထဝီချိန် မှာ ကျောင်း မှာသင်ခဲ့ရတဲ့ သင်ခန်းစာတွေကိုသတိရပြီး ဆူနာမီလှိုင်းတွေလာတော့မယ်လို့ ထင်တဲ့အကြောင်း မိ ဘတွေကိုသွားပြောခဲ့ပါတယ်....
သူမက ရေပြင်ရဲ့လှုပ်ရှားမှုဟာ အနည်းငယ်ထူးဆန်းနေပြီး ဆူနာမီလှိုင်းရဲ့ ရှေ့ပြေးအခြေအနေနဲ့တူကြောင်း ရှင်းပြခဲ့ပါ တယ်... သူမရဲ့မိဘတွေက ဟိုတယ်ဝန်ထမ်းတွေကို ဆူနာမီလှိုင်းလာတော့
မယ့်အကြောင်း သတိပေးပြီး ပတ်ဝန်းကျင်ကလူတွေကို ချက်ချင်းရှင်းလင်းရွှေ့ပြောင်းနိုင်ခဲ့ပါတယ်...
မိနစ်အနည်းငယ်ကြာတဲ့အခါ ဆူနာမီလှိုင်းလုံးတွေဟာ ဟိုတယ်ကို အံ့အားသင့်ဖွယ်ပြင်းအားနဲ့ လာရောက်ရိုက် ခတ်ပါတော့တယ်... ၁၀ နှစ်သမီး ကလေးတစ်ယောက်ရဲ့ ကျောင်းစာအပေါ် ဂရုတစိုက် မှတ်သား မှုကြောင့် အဲ့ဒီနေ့က တစ်ဦးတစ်ယောက်မှ ဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာမရခဲ့ကြပါဘူး....
www.mmdailystar.com