Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိမိအလှအပများ ထုတ်ဖော်ရန် ရဲတင်းလွန်းသော အမျိုးသမီးများ၏ဓာတ်ပုံကို ရိုက်ကူး၍ ဖေ့စ်ဘွတ်ခ်တင်ရန် လူအချို့ အဆင်သင့် စောင့်နေကြလေပြီ

$
0
0

ယမန်နှစ်က သင်္ကြန်မဏ္ဍပ်တွေပေါ်မှာ မလုံ့တလုံ မပေါ်တပေါ် အ၀တ်အစား များဖြင့် ဖော်ချွတ် ကခုန်ခဲ့ကြ သည့် အလွန်လန်း၊ အလန်းလွန် မြင်ကွင်းများကို ယခုနှစ် သင်္ကြန်ပွဲတော်ကြီး များတွင် လည်း သေ ချာပေါက် မပျက်မကွက် မြင်တွေ့ကြရပါဦးမည်။

အဆိုပါ ဆန်းကြယ်သည့် ၀တ်စားဆင်ယင်မှုများ၊ ထူးခြားသည့်ကကွက်ဆန်းများကို ကိုယ်တိုင်ကိုယ်ကျ မကြည့်မမြင်လိုက်ရ သူတို့အတွက်လည်း စေတနာလွန်ကဲ ဖြန့်ဝေချင်သူတို့က ကင်မရာများဖြင့်သော်လည်းကောင်း၊ မိုဘိုင်းဖုန်းများဖြင့်သော်လည်းကောင်း ရိုက်ကူး၍ အင်တာနက် လူမှုကွန်ရက်စာမျက်နှာများပေါ်သို့ မပျက်မကွက် တင်ဆက်ပေးကြဦးမည် ဖြစ်ပါသည်။

“ကတဲ့သူကလည်းက၊ ဖော်တဲ့သူကလည်းဖော်၊ ရိုက်တဲ့သူကလည်းရိုက်၊ တင်တဲ့သူကတင်၊ ကြည့်တဲ့သူကကြည့်၊ အားလုံး သူ့နေရာနဲ့သူ နေရာမှန်နေကြတယ် ထင်တာပဲ”ဟု လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာသုံးစွဲသူ ကိုကျော်မင်းက မှတ်ချက်ပြုသည်။

ဒီမိုကရေစီခေတ်တွင် ပိုမိုလွတ်လပ်ပွင့်လင်းလာကြသည့် မြန်မာအမျိုးသမီးငယ်တို့၏ ရင်သပ်ရှုမောဖွယ် သင်္ကြန်ဖက်ရှင် ၀တ်စားဆင်ယင်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုရဲတင်းလာနေခဲ့သည်။

မဟာသင်္ကြန်ရိုးရာပွဲတော်တွင် မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့် ၀တ်စားဆင်ယင်မှုများကို ရှောင်ရှားကြရန် သက်ဆိုင်ရာအစိုးရက ရှည်လျားသည့် စည်းကမ်းချက်များပါဝင်သော ကြေညာချက်အသီးသီးကို ထုတ်ပြန်ကြသော်လည်း မည်သူကမျှ အလေးမထားခဲ့ပေ။

ပေါင်ရင်းအထိ တက်ကပ်နေသည့် အတိုအပြတ်ဘောင်းဘီများ၊ လျော့ရိလျော့ရဲ ရင်သားလှစ်ဟ ရှေ့ထွက်ပြသည့် အပေါ်အင်္ကျီများဖြင့် စိတ်နှင့်လူနှင့် မကပ်အောင် မူးယစ်ရီဝေစွာ ကခုန်နေကြပြီး တစ်ခါတစ်ရံ မဖွယ်မရာပင် လုပ်ပြတတ်သေးသည့် အမျိုးသမီးတို့၏ ဓာတ်ပုံများက အင်တာနက်စာမျက်နှာတွေပေါ် ပလူပျံလာခဲ့ရာ လူမှုကွန်ရက်သုံးစွဲသူတို့အကြား အုတ်အော်သောင်းတင်း အငြင်းပွားခဲ့ကြ၊ ကဲ့ရဲ့ရှုတ်ချခဲ့ကြသည်အထိ ယမန်နှစ်သင်္ကြန်က ဖြစ်ပျက်ခဲ့သည်။

ထိုကဲ့သို့ အဖော်အချွတ်ဓာတ်ပုံများကို အင်တာနက်စာမျက်နှာပေါ်တင်သည့်သူက အပြစ်ရှိသလော၊ ဖော်ချွတ်ကပြသည့် ကာယကံရှင်က အပြစ်ရှိသလောဟု မေးခွန်းထုတ်စရာလည်း ဖြစ်လာခဲ့သည်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့ကို မေးမြန်းကြည့်ရာတွင် သုံးစွဲသူတစ်ဦးဖြစ်သည့် ကိုကြည်ဝင်းက “ကျွန်တော်ကတော့ ဒီနှစ်လည်းတင်မှာပဲဗျ။ မတင်စေချင်ရင် ကိုယ့်အသိစိတ်နဲ့ကိုယ် လုံလုံခြုံခြုံဝတ်ပေါ့”ဟု ဆိုသည်။

အသက်(၃၂)နှစ်အရွယ် ကိုနိုင်ကလည်း “ပြချင်လို့ ချွတ်၊ နာမည်ကြီးချင်လို့ ချွတ်၊ ဘယ်လိုချွတ်ချွတ် မျက်စိပါရင် ကြည့်ကြမှာပဲ။ အွန်လိုင်းတက်ပြီး ကြော်ငြာပေးတာ ကျေးဇူးတောင်တင်ရဦးမယ်။ နောက်ဆုံးတော့ ခန္ဓာငါးပါးပဲ။ ဖြစ်၊ ပျက်၊ ဒါပါပဲ။ မထူးဆန်းပါဘူး”ဟု မှတ်ချက်ပေးသည်။

အများစုကတော့ အဆိုပါဓာတ်ပုံများမှာ ရိုက်ကူးသူ၊ အင်တာနက်တင်သူက အပြစ်မရှိဘဲ လူမြင်ကွင်းရှေ့တွင် ဖော်ချွတ်ကပြသည့် ကာယကံရှင် အမျိုးသမီးများတွင်သာ တာဝန်ရှိကြောင်း တညီတညွတ်တည်း ပြောဆိုကြသည်။

နာမည်ကြီးချင်၍ဖြစ်စေ၊ လူအများရှေ့မှာ တမင်ပြသလို၍ဖြစ်စေ အဆိုပါ အမျိုးသမီးတို့ကို ရဲတင်းစေသည့် အဓိကအရာကတော့ အရက်သေစာနှင့် မူးယစ်ဆေးဝါးများပင် ဖြစ်ပါသည်။ ရန်ကုန်သင်္ကြန်၏ ဒီဂျေတီးလုံးများအောက်မှာ အမျိုးသား၊ အမျိုးသမီးမကျန် မူးယစ်ကခုန်ပျော်ပါးနေကြသည့် အံ့အားသင့်ဖွယ် မြင်ကွင်းများကြားမှာ ဘီယာဘူးခွံများ၊ အရက်ပုလင်းခွံများ ပြန့်နေသည်ကို တွေ့မြင်နိုင်ပါသည်။

“သင်္ကြန်က နှစ်တိုင်းပြောင်းလဲနေတာ ကြာပါပြီ။ ကြိုက်သူရှိလို့ ရဲတင်းပြကြတာပဲ။ အပေါစားဖုန်းတစ် လုံးမှာတောင် ကင်မရာပါတာပဲလေ။ မီဒီယာမဟုတ်လည်း ရိုက်ပြီးတင်ကြမှာ ပဲ”ဟု ပြည်တွင်းသတင်းထောက်တစ်ဦးက သုံးသပ်သည်။

ထိုသို့ သင်္ကြန်မြင်ကွင်းဆန်းဓာတ်ပုံများ အင်တာနက်စာမျက်နှာများပေါ် ရောက်ရှိလာသော်လည်း ကာယကံရှင်အမျိုးသမီးက မကျေနပ်ပါက ဥပဒေအရ တရားစွဲဆိုရန် အခွင့်အလမ်း အလွန်နည်းပါးလေသည်။ အဘယ်ကြောင့်ဆိုသော် လူအများစု သုံးစွဲနေကြပြီး ပျံ့နှံ့မှုအလွယ် ကူဆုံးဖြစ်သည့် လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်ပေါ်တွင် အများစုသော သုံးစွဲသူတို့မှာ မိမိတို့အမည်ကို အမှန်အတိုင်း ဖော်ပြခြင်းမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တရားစွဲဆိုမည်ဆိုပါက မည်သူမည်ဝါမှန်း၊ မည်သည့်နေရာက သုံးစွဲနေမှန်း သိရခက်ခဲသည့်အတွက် ဤအချက်ကို အခွင့်အရေးယူကာ ဓာတ်ပုံများ လုပ်ကြံဖန်တီးတတ်ကြသည်။

“ဟိုတစ်လောကလွှတ်တော်မှာတင်တဲ့ ဒေါက်တာဆိတ်ဖွားကိုတောင် ဖော်လို့မရတာ။ ကောင်မလေးပုံတွေတင်တာ ဘယ်သူမှန်း သိပ်မသိနိုင်ဘူး။ ဘယ်သူဘယ်ဝါမှန်းသိတယ်ဆိုရင် အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ အရေးယူခံရနိုင်တယ်။ ကာယကံရှင်က နစ်နာတယ်ဆိုပြီး တရားမကြောင်းအရ နစ်နာကြေးတောင်း လို့ရတယ်။ အခုတော့ အရေးယူဖို့ခက်နေသေးတယ်။ အီလက်ထရောနစ်ဥပဒေတော့ ရှိတယ်။ ဒီလိုကိစ္စတွေ မပါဘူး”ဟု ရှေ့နေကြီး အဘိဓမ္မဓရ ဦးခင်ဇော်(မရမ်းကုန်း)က ပြောကြားသည်။

နအဖအစိုးရက ၂၀၀၄ ခုနှစ် ဧပြီ ၃၀ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအခန်း (၁၂)၊ အပိုဒ် ၃၄၊ အပိုဒ်ခွဲ (ဃ)၌ “အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေ သတင်းအချ က်အ လက်ကို အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်း လဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း (သို့မဟုတ်) ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်း လဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ဝေခြင်းသည် လက်ရှိတည်ဆဲဥ ပဒေအရ ထောင်ဒဏ် ငါးနှစ်အထိဖြစ်ေ စ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“အီလက်ထရောနစ်တွေ တိုးတက်ပြောင်းလဲလာတဲ့အချိန်မှာ တည်ဆဲဥပဒေရှိပေမယ့်လည်း အလွယ်တကူ ရိုက်ကူးတင်ပြလို့ ရနေတယ်။ ပညာပေးလိုတဲ့စိတ်နဲ့ မဟုတ်ဘဲ ထိခိုက်နစ်နာစေလိုတဲ့ သဘောနဲ့ဆိုရင် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ) နဲ့ ငြိစွန်းပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးလင်းနိုင်မြင့်ကဆိုသည်။

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးကတော့ “သူတို့ လွတ်လပ်ခွင့်နဲ့သူတို့ ချွတ်ပြတာလေ။ ရိုက်တဲ့သူကလည်း သူ့မှာရိုက်လို့ရတဲ့ ကင်မရာ၊ ဖုန်း စသဖြင့် ရှိလို့ရိုက်တာ။ ဒီနေရာမှာ ခွင့်ပြုချက်မတောင်းဘဲဖွလို့ တရားစွဲမယ်ဆိုရင် အစကတည်းက မချွတ်ပြနဲ့ပေါ့။ သူတို့မချွတ်ပြရင် ရိုက်တဲ့လူလည်း ရှိမလာဘူး။ မရိုက်စေချင်ရင် လုံခြုံအောင်ဝတ်ပေါ့”ဟု သူ၏အမြင်ကို ပြောသည်။

ရာဇသတ်ကြီးတွင်လည်း ပုဒ်မ ၂၉၄ ကို အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင်-

(က) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှုတစ်ခုခုကို ပြုလျှင် သို့တည်းမဟုတ်
(ခ) အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင်ဖြစ်စေ၊ အနီးအနားတွင်ဖြစ်စေ ညစ်ညမ်းသော ကဗျာ၊ လင်္ကာ၊ သီချင်း၊ စကား တစ်မျိုးမျိုးကို ရွတ်ဆိုခြင်း၊ သီဆိုခြင်း၊ ပြောဆိုခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်သည်။

“ဒီနေရာမှာ သင်္ကြန်အလည်ထွက်တဲ့ သူတစ်ဦးဦးသည် ပတ်ဝန်းကျင်အမြင်တွင် မသင့်တင့် မလျောက်ပတ်သည့် ၀တ်စားဆင်ယင်မှု၊ အမူအရာ၊ အပြောအဆို တစ်ခုခုကို ပြုလုပ်ရင် အပေါ်ကပုဒ်မနဲ့ ငြိတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲဒီဝတ်စားဆင်ယင်မှု၊ အမူအရာ၊ အပြောအဆိုဟာ အများအမြင်မှာ သင့်ခြင်း၊ မသင့်ခြင်းဆိုတာကို ဆုံးဖြတ်တဲ့ နေရာမှာတော့ အငြင်းပွားမှုရှိနိုင်ပါတယ်”ဟု ဥပဒေအထူးပြုဖြင့် ကျောင်းပြီးထားသော ကိုဝဏ္ဏစည်သူက အထက်ပါ ရာဇသတ်ကြီးပုဒ်မနှင့်ပတ်သက်၍ သုံးသပ်သည်။

အထက်ပါ ရာဇသတ်ကြီးပုဒ်မမှာ မူလပထမပြုလုပ်သူ ကာယကံရှင်နှင့်သက်ဆိုင်ပြီး ဆက်လက်၍ ရာဇသတ်ကြီးတွင် ပုဒ်မ ၄၉၉ ကို အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရသည်။

“မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ ဖတ်ရှုစေရန် ကြံရွယ်သည့် စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ လူတစ်ဦးတစ်ယောက်၏ အသရေကို နစ်နာစေရန် အကြံဖြင့်သော်လည်းကောင်း၊ ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲခြင်းသည် ထိုသူ၏ အသရေကို နစ်နာစေမည်ဟု သိလျက်နှင့်သော်လည်းကောင်း၊ ထိုသို့ယုံကြည်ရန် အကြောင်းရှိလျက်နှင့်သော်လည်းကောင်း၊ ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲချက်ကိုပြုလျှင် သို့တည်းမဟုတ် ကြေညာလျှင် အဆိုပါလူ၏ အသရေကို ဖျက်သည်မည်၏”ဟု ဖြစ်သည်။

အထက်ပါအချက်မှာတော့ မူလပထမပြုလုပ်သူ ကာယကံရှင်၏ဓာတ်ပုံကို ထိခိုက်နစ်နာစေလိုသည့်သဘောဖြင့် ဖြန့်ဝေခြင်းပြုလုပ်သူအပေါ် သက်ရောက်မည်ဖြစ်ပြီး အဆိုပါအချက်ကို ကိုဝဏ္ဏစည်သူက အောက်ပါအတိုင်း ထပ်မံသုံးသပ်ပြသည်။

“အဲဒီလိုဆိုထားတော့ သင်္ကြန်မှာ သင်္ကြန်ကားနဲ့ အလည်ထွက်တဲ့သူ တစ်ဦးဦးရဲ့ ဓာတ်ပုံကို သူ့ရဲ့အသရေပျက်စေတဲ့ သဘောနဲ့ အင်တာနက်မှာ ဖြန့်ဝေရင် အသရေဖျက်မှုနဲ့ တရားစွဲနိုင်တဲ့သဘောပေါ့။ ဒါပေမဲ့ အသရေဖျက်မှုမှာ တခြားခြွင်းချက်တွေ ရှိသေးတယ်။ ဥပမာ-စင်ပေါ်တက်ပြီး ဖျော်ဖြေတဲ့သူတစ်ဦးရဲ့ပုံကို အင်တာနက်မှာ ဖြန့်ဝေေ၀ဖန်ခြင်းဟာ အသရေဖျက်မှု မမြောက်ပြန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖျော်ဖြေတယ်ဆိုကတည်းက လူအများကို မြင်တွေ့စေချင်တဲ့ သဘောပါပြီးသား ဖြစ်နေလို့ပါ”

သင်္ကြန်ဟူသည် အများပြည်သူနှင့် သက်ဆိုင်သည့် ပွဲတော်တစ်ရပ် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှလည်း လုပ်သင့်၊ မလုပ်သင့် ညွှန်ကြားခြင်းသာ ဆောင်ရွက်နိုင်ပါသည်။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကလည်း လုပ်သင့်၊ မလုပ်သင့်ကို တိုက်တွန်းပေးရုံသာ ဆောင်ရွက်နိုင်ပါသည်။ ယဉ်ကျေးမှုပြောင်းလဲလာသည်ဆိုသော်လည်း အလွန်အကျွံ သရုပ်မပျက်စေရန် မိမိကိုယ်ကိုထိန်းသိမ်းရန်မှာ လူငယ်တို့၏ ကိုယ်ပိုင်တာဝန်ပင် ဖြစ်ပါသည်။

အမျိုးသမီးများအနေနှင့်လည်း အပျော်မလွန်စေရန် သတိပြုရန်လိုအပ်ပြီး မိမိကို မလိုလားသူက မိမိအပျော်လွန်နေသည့် ဓာတ်ပုံကို အကြောင်းအမျိုးမျိုးဖြင့် ရိုက်ကူးဖြန့်ဝေပါက ကာယကံရှင်သာ နစ်နာလိမ့်မည် ဖြစ်သည်။

“လျှပ်ပေါ်လော်လည်လုပ်တဲ့ နေရာတွေကို သွားရင်တော့ တွေ့ရမှာပဲ။ သင်္ကြန်မှာ တရားစခန်းဝင်နေတဲ့ အမျိုးသမီးကောင်းတွေ အများကြီးပါ”ဟု ပခုက္ကူမြို့နယ် ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးဖြစ်သည့် ကိုဇင်မင်းထွန်းကဆိုသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာ သုံးစွဲသည့် အမျိုးသမီးငယ်တစ်ဦးကလည်း “ဘယ်လောက်ပဲ ခေတ်မီမီ၊ ဘယ်လောက်ပဲ တိုးတက်တက်၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက်အနေနဲ့ စောင့်ထိန်းသင့်တာ စောင့်ထိန်းရမှာပဲ။ အရမ်းခက်ခဲတဲ့ အစဉ်အလာတွေမှ မဟုတ်တာ။ ကိုယ့်တန်ဖိုးကို အရောင်တင်ပေးတဲ့ အစဉ်အလာတွေပဲ။ ဖြစ်နိုင်ရန် သင်္ကြန်မှာ ရိုးရာဖျက်တဲ့လူတွေကို တစ်လလောက် အချုပ်ထဲ ထိန်းသိမ်းထားစေချင်တယ်”ဟု ထင်မြင်ချက်ပေးသည်။

ရှေ့နေကြီးဦးခင်ဇော်(မရမ်းကုန်း)က သင်္ကြန်ကာလတွင် လူငယ်များ လုံလုံခြုံခြုံဝတ်စားစေလိုကြောင်း၊ အယဉ်ကျေးဆုံးတိုင်းပြည်မှ အရှက်ကင်းမဲ့သည့် တိုင်းပြည်ဖြစ်မလာစေလိုကြောင်း၊ အရှက်ကင်းမဲ့ခြင်းကို ဥပဒေ၊ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာတို့က လက်မခံကြောင်း လူငယ်များသို့ တိုက်တွန်းပြောကြားသည်။

တရားလွှတ်တော်ရှေ့နေ ဦးလင်းနိုင်မြင့်ကလည်း “လူငယ်တွေဆိုတာ အများစုက ရင့်ကျက်မှုလိုအပ်သေးတယ်။ လူကြီးသူမတွေနဲ့ လူ့အဖွဲ့အစည်းက ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ သွန်သင်ပြီး သူတို့ရဲ့ ပျော်ရွှင်မှုကိုလည်း မပျက်ပြားစေဖို့ ဦးဆောင်ထိန်းသိမ်းကြရမှာပါ”ဟု မှတ်ချက်ပြုပါသည်။

မြန်မာ့ရိုးရာသင်္ကြန်သည် ပိတောက်တစ်ခက်၊ ရေစင်ပက်ဖြန်း၊ အေးချမ်းသာယာ၊ ယဉ်ကျေးစွာသည့်၊ တို့ရိုးရာမှ သွေဖည်ကာ အရက်၊ ဘီယာ၊ သန္ဓေတားဆေးနှင့် ကွန်ဒုံးများ ရောင်းအားကောင်းသော၊ ဟိုတယ်ခ န်းများ ပြည့်နှက်နေသော၊ မိန်းကလေးအချို့ ၀တ်စားဆင်ယင်မှု အလန်း လွန်နေေ သာ ခေတ် ဆန်းတစ်ခေတ်ကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းလာနေခဲ့ပြီ ဖြစ်ပါသည်။

From: 7Day News Journal

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>