တောင်ကိုးရီယားသည် မြောက်ကိုးရီးယား၏ တစ်ဦးတည်းသော မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံ ကို မြောက်ကိုးရီးယားနှင့် ပတ်သက်၍ တင်း ကြပ်စွာကိုင်တွယ်ရန် ဗုဒ္ဒဟူးနေ့တွင် ပြောကြားပြီး တာဝေးပ စ်ဒုံး ကျည် အနည်းဆုံးတစ်ခုကို မြောက်ကိုးရီးယားတို့ တိုက်ခိုက်ရေးအသင့် ဖြစ် ရန် ရွှေ့ပြောင်းနေ မှုတို့ကြောင့် ၎င်းတို့၏ စူးစမ်းလေ့လာနေမှုကို ထပ်တိုး လုပ်ဆောင်နေသည်။
ပစိဖိတ်ဒေ သတွင်း အမေရိကန်တပ်များ၏ ဦးစီးချုပ် က အမေရိကန်တပ်သည် မြောက်ကိုးရီးယားတို့ အရေအ တွက် အတိအကျ မသိသော မူဆူဒန် ဒုံးကျည်များကို အရှေ့ကမ်းခြေသို့ရွှေ့ပြောင်းထားပြီဟု ယုံကြည်ကြောင်း ပြောကြားသည်။
အမည်မဖော်သော အမေရိကန်သမ္မတရုံးမှ အရာရှိတစ်ဦးက သူတို့တွေမှာ ပစ်ခတ်ဖို့ပြင်ထားတဲ့ ဒုံးကျည်နှစ်ခုရှိမယ်လို့ ယူဆထားပါတယ် ဟု ရိုက်တာသို့ ပြောကြားသည်။
“မြောက်ကိုးရီးယားဟာ မူဆူဒန်၊ ဆကတ်နဲ့ နိုဒေါ ဒုံးကျည်တွေကို တစ်ပြိုင်တည်း ပစ်ခတ်ဖွယ်ရှိတဲ့ ပုံစံတွေပြသနေပါတယ်” ဟု အမည်မဖော် ပြသော အရာရှိတစ်ဦး က ပြောကြားကြောင်း တောင်ကိုးရီး ယားမှ ယွန်ဟပ် သတင်းဌာန သတင်းတစ်ပုဒ်တွင် ပါရှိသည်။
တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြောင်ဆေးက “ တရုတ်နိုင်ငံ၊ ရုရှားတို့နဲ့နီး ကပ်စွာ ပူးပေါင်းဆောင် ရွက်နေသော်လည်း တောင်ကိုးရီးယားအနေ နဲ့ မြောက်ကိုးရီး ယားရဲ့သဘော ထားပြောင်း လဲအောင် ဆက်လက် ကြိုးပမ်းမှာပါ” ဟု ဆိုးလ် လွှတ်တော်စည်းဝေး ပွဲတစ်ခု တွင် ပြောကြားခဲ့သည်။
မြောက်ကိုးရီးယားသည် မကြာသေးမီက တာတိုပစ် စကတ် ဒုံးကျည်များကို ကြိမ်ဖန်များစွာ စမ်းသပ်မှုများပြုလုပ်ခဲ့ပြီး တာဝေးပစ် မူဆူဒန်နှင့် နိုဒေါင် ဒုံးကျည်များ အရေအတွက်ကိုမူမသိရပေ။
မူဆူဒန်ဒုံးကျည်များရောက်ရှိနိုင်သည့်တာ ဖြစ်နိုင်ခြေသည် အကြမ်းအားဖြင့် ကီလိုမီတာ ၃၀၀၀-၃၅၀၀ (မိုင် ၁၈၆၅-၂၁၇၅) ထိရှိမည် ဟု တွက်ချက်ထားကြသည်။
မြောက်ကိုးရီးယားနိုင်ငံသည်လည်း မစမ်းသပ်ရသေးသည့် ဒုံးကျည်များ၏ ရောက်နိုင်သည့် တာကို မသိရသော်လည်း ၎င်းတို့သည် ပစိဖိတ် ဒေသတွင်း အမေရိကန် စစ်စခန်းများ ချိန်ရွယ်တိုက်ခိုက်မည်ဟု ပြောကြားထားခဲ့သည်။
အင်္ဂါနေ့ကလည်း မြောက်ကိုးရီးယားနိုင်ငံက သာမိုနျူကလီးယားစစ်ပွဲ အထိ ရောက်နိုင်ခြေ ကို ရှောင်ရှားနိုင် ရန် တောင်ကိုးရီးယားရှိ နိုင်ငံခြား သားများကို နိုင်ငံမှ ထွက်ခွာသွားဖို့ တောင်းဆိုထားပြီး မကြာခင်ကလည်း ၎င်းတို့နိုင်ငံတွင်း ရှိသံဝန်ထမ်းများကို နိုင်ငံမှ ထွက်ခွာရန် သတိပေး ပြောကြား ထားသည်။
တောင်ကိုးရီးယားနိုင်ငံဆိုးလ်မြို့တွင်မူ ယနေ့တွင်လည်း အပူအပင်မရှိ အလုပ်သွား လာနေဆဲဖြစ်ကြောင်း သိရသည်။
လေ့လာသူများက လက်ရှိ တင်းမာမှုများသည် အမေရိကန်-တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ ကျင့် မှုပြီး ဆုံးချိန် ဧပြီလနောက်ဆုံးပတ်အထိ ရှိနေမည် ဟု ပြောကြားကြသည်။
www.mmdailystar.com