နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်စတုတ္ထအကြိမ်မြောက် ပြည်သူများ သို့ပြောကြားသည့် ရေဒီယိုမိန့်ခွန်း ကို မတ်လ ၃၁ ရက်နေ့ ည ၇ နာရီကမြန်မာ့အသံနှင့် FM အသံလွှင့် ဌာနများမှ တစ်ဆင့် ပြောကြား ခဲ့ပါ သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်၊ ဖေဖော်ဝါရီလ ၁ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် ပြည်သူများသို့ ရေဒီယိုမိန့်ခွန်း ပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် ရေဒီယိုမိန့်ခွန်း အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါ သည်။
မိဘပြည်သူများခင်ဗျား
ကျွန်တော့်အနေနဲ့ လစဉ်ရေဒီယိုမှတစ်ဆင့် ပြည်သူများအား အသိပေး ပြောကြားသင့်သ ည်များ ကို ပြောကြား လျက်ရှိရာ ရှေးဦးစွာ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရန် ဆု မွန်ကောင်း တောင်းအပ်ပါတယ်။
ပထမအချက်အနေနဲ့တော့
ပြည်သူအများ မျှော်လင့်စောင့်ဆိုင်း နေကြတဲ့ မိုဘိုင်းတယ်လီဖုန်းကိစ္စ ဖြစ်ပါ
တယ်။ မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ယခု ဧပြီလမှစပြီး သက်ဆိုင်ရာ သတင်းအချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး အသက်သာဆုံး ကျပ်ငွေနှုန်း ထား များဖြင့် ကျွန်တော်ကတိပေးပြောကြားထားတဲ့အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မိုးဘိုင်းတယ် လီဖုန်း ဆင်း ကဒ်ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံ အဆောက်အဦ၊ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အားနဲ့ ၀င်ဆန့်တဲ့ မိုဘိုင်းတယ်လီဖုန်း အရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေ
သကြီးနဲ့ ပြည်နယ်အားလုံး မျှမျှတတ ဖြစ်စေရန် ဖြန့်ခွဲရောင်းချပေးသွားမှာဖြစ်ပါတယ်။
ဒါ့အပြင် အခြေခံ တယ်လီဖုန်း အဆောက်အအုံများနဲ့ တယ်လီဖုန်း လိုင်းများကို ပြည်တွင်းပြည်ပ ကုမ္ပဏီများနဲ့ လစဉ်တိုးချဲ့ တပ်ဆင်သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်းဆင်းကဒ်များကိုလည်း နေ့စဉ်မှန်
မှန် ရောင်းချပေးသွားမှာ ဖြစ်တဲ့အတွက်မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်ဒေသများအထိ ဆက် သွယ်ရေး စနစ်များ တိုးတက်ကောင်းမွန်လာအောင် စီမံချက်ချမှတ်ပြီး ဆောင်ရွက် သွားမှာ ဖြစ် ပါတယ်။
တစ်ချိန်တည်းမှာပဲ လက်ရှိသုံးစွဲနေတဲ့ အော်တိုတယ်လီဖုန်း လိုင်းများကိုလည်း ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
နောက်ထပ် အချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံကြေး ကိစ္စဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ရငွေ သုံးစွဲရမည့်ငွေ ဘက်ဂျက် အခြေအနေပေါ် တွက်
ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ ပေးသွားမှာဖြစ်ကြောင်း ကျွန်တော်ပြောကြား ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၃ ၂၀၁၄ ဘဏ္ဍာ ရေးနှစ် ခန့်မှန်းခြေ ရငွေသုံးငွေစာရင်းမှ ၀န်ထမ်းများအတွက် လစာနဲ့ ပင်စင်တိုးမြှင့် ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ ၃၈၅ ဘီလီယံ ထည့်သွင်း၍ လွှတ်တော်ကို တင်ပြ တောင်းခံခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲကို စာနာပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ယခင် ထောက်ပံပေးခဲ့တဲ့ ကျပ်ငွေ သုံးသောင်းကို ယခင်အတိုင်း ထောက်ပံ့ကြေးငွေ အဖြစ် ဆက်လက်
သတ်မှတ်ပြီး အခုကျပ်ငွေ နှစ်သောင်းကို လစာငွေအဖြစ် ဧပြီလမှ စတင်ပြီး ထပ်မံတိုးမြှင့် ပေးသွား မှာ ဖြစ် ပါတယ်။
တတိယ အချက်ကတော့ တိုင်းပြည်စီးပွားရေး တိုးတက်အောင်မြင်အောင် ၀ိုင်းဝန်းကူ ညီ ဆောင် ရွက်ပေးကြ ဖို့ ဖြစ်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ် ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ရင် တိုးတက်သလောက် လူအများရဲ့ လူမှုစီးပွား ဘ၀ဟာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်းရရှိဖို့အတွက် အလုပ်ရုံ စက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ ငွေအရင်းအနှီး နည်းပညာနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်နေ ပါတယ်။
ဒီအချက်တွေ မပြည်စုံသေးခင်မှာ ပြည်ပက အရင်းအနှီးတွေ ဖိတ်ခေါ်ရမှာ ဖြစ်ပါ တယ်။ ပြည်ပ အရင်း အနှီးတွေ ဖိတ်ခေါ်တဲ့ နေရာမှာလည်း တိုင်းပြည်ရဲ့ အကျိုး ပြည်သူလူထုရဲ့အကျိုးစီးပွားကိုမထိခိုက်တဲ့ မူဝါဒများလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။
ပြည်ပအရင်းအနှီးတွေ လာရောက်မြှုပ်နှံ ကြဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ပက မိမိတို့ နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တားဆီးမှုတွေ ဖြေလျော့ပေးနိုင်ဖို့ အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုတချို့ ရရှိနေပြီ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြားကြွေးမြီများ အနက်မှ အမေရိကန်ဒေါ်လာ သန်းပေါင်း ခြောက်ထောင်ကျော် ကိုလည်း လျှော်ပစ် ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် အပြည်ပြည် ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ODA တို့မှ အတိုးနှုန်း သက်သာတဲ့ နှစ်ရှည်ချေးငွေ များကိုလည်း ရရှိတော့မှာ ဖြစ်ပါတယ်။
တိုင်းပြည်စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖက်ဖက်မှ အထောက်အကူများ ရနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိက လိုအပ်ချက်က တိုင်းပြည်တည်ငြိမ် အေးချမ်းရေးပဲ ဖြစ်ပါတယ်။
တိုင်းပြည် တည်ငြိမ် အေးချမ်းမှုမရှိပဲ ဆူဆူပူပူ ဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အ လမ်းတွေ ဆုံးရှုံးသွာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူ အားလုံးက တိုင်းပြည် တည်ငြိမ်အေးချမ်း မှုရှိအောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။
စတုတ္ထ အချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ်သမား နဲ့ တောင် သူလယ်သမားများရဲ့ဘ၀ တိုးတက်မြင့်မားရေး ဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေ အများစုက
ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းအပေါ် အခြေခံတဲ့ လက်လုပ်လက်စား သမားများ ဖြစ်ကြပါတယ်။
လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားရေး ၀တ်ရေး နဲ့ နေရေးတို့ ပြည်စုံဖူလုံလာမှာ ဖြစ်ပါတယ်။
ဒါကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများ အနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး လယ်ယာထွက်ကုန်များ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ မိမိတို့ရဲ့ လယ်မြေများ တန်ဖိုးမြင့်တက်အောင် လယ်မြေများကို ပြုပြင်ကြဖို့၊ အထွက်တိုးတဲ့ မျိုးကောင်း
မျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့ စနစ်တကျ သိပ္ပံနည်းကျ စိုက်ပျိုးကြဖို့နဲ့ စက်မှုလယ်ယာကို ပြောင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
တောင်သူလယ်သမား အလုပ်သမားများအတွက် အဓိက လိုအပ်ချက်ဟာ ငွေကြေးအရင်းအနှီး ဖြစ်တယ် ဆိုတာ ကျွန်တော် အနေနဲ့ သိရှိထားပါတယ်။
ဒါကြောင့် ငွေကြေးအရင်းအနှီးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစား ငွေစုငွေချေးဘဏ်၊ အသေး စား ငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေကြေး အစုအဖွဲ့များ ထူထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။
ဒါ့အပြင် ပြည်ပအထောက်အပံ့နဲ့ ချေးငွေများကိုလည်း ရယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အ သိပေး ပြောကြားလိုပါတယ်။
ပဉ္စမ အချက်ကတော့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ရဟန်းရှင်လူ ပြည်သူအများစုက တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည် တရားဥပဒေ စိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန်လိုလား ကြပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းမှု မရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက် မှု နောက် ကျ ကျန်ရစ်ခဲ့ရတာကို အားလုံးကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်း မှုရှိအောင် နိုင်ငံ သားတိုင်း နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဖန်တီးပုံဖော်ပေးခဲ့ပြီး ဖြစ်ပါတယ်။
အကျဉ်းသားပေါင်း များစွာကိုလည်း အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးဖြစ်ပါ တယ်။ နောက်ထပ် လည်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးနိုင်အောင် အကျဉ်းသား စိစစ်ရေး ကော်မတီတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး စီမံဆောင်ရွက်လျက် ရှိပါတယ်။
နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာညောင်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် အောင်မြင်မှု ရလဒ်များ လည်း ရရှိနေပြီဖြစ်ပါတယ်။
သို့သော်လည်း ဒီကနေ့မှာ ကျွန်တော်တို့ ပြည်သူအချို့က ပြဿနာတစ်ရပ် ကြုံတွေ့လာရင် တရားဥပဒေ နည်းလမ်းနဲ့ ဖြေရှင်းကြရမယ့်အစား ဒေါသအလျောက် ဥပဒေကို မျက်ကွယ်ပြုပြီး လူအုပ်စုဖွဲ့ကာ အကြမ်းဖက် သတ်ဖြတ်မှု မီးရှို့မှုများ ကျူးလွန်နေကြတဲ့ အတွက် နိုင်ငံတကာ မျက်နှာ
စာမှာ မျက်နှာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရပါတယ်။
ပြဿနာ တစ်ခုဖြစ်တိုင်း ကိုယ်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့ မပြီးပဲ ဒေသတွင်း မှာရော နိုင်ငံ တကာ နယ်ပယ် မှာပါ ရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံ့းစေခဲ့ပါတယ်။
တချို့ကလည်း ပြဿနာတစ်ခု ဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက် ကြရမယ့်အ စား ပြဿ နာပိုမို ကြီးထွားအောင်နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်
မှုများ ရှိနေကြပါတယ်။
ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန် ဖြစ်နေရင် ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးရေး အတွက် အနှောက်အယှက် အဟန့်အတားတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ
ပြည်သူအပေါင်းတို့က တိုင်းပြည်တည်ငြိမ် အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးနဲ့ စည်းကမ်းရှိစွာ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက သမ္မတအား အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များနဲ့ အညီ ပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အတက်နိုင်ဆုံး အကာအကွယ် ပေးသွားမှာ ဖြစ်ပါတယ်။
ဆဋ္ဌမအချက်ကတော့
မတ်လ ၂၇ ရက်နေ့ဟာ ၆၈ နှစ်မြောက် တပ်မတော်နေ့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရဲဘော်သုံးချိပ်နဲ့ စတင်ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ ဖက်
ဆစ်တော် လှန်ရေး ကို ပြည်သူများနဲ့အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို ကာကွယ် ထိန်း သိမ်းရာမှာလည်း ပြည်တွင်း ပြည်ပ အန္တရာယ်တွေကို တွန်းလှန်တားဆီးနိုင်ခဲ့တဲ့ သမိုင်း အစဉ် အလာ ကြီးမားတဲ့ တပ်မတော် ဖြစ်ပါတယ်။
ယခုအခါမှာ ဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များကိုပြည်သူများနဲ့အတူ ပူးပေါင်းပါ ၀င်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွေက ပါဝင် ဆောင်ရွက်နေပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် ရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာတွေကို အင်အားတွေအဖြစ် အသုံးပြု သွားရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ် အနေနဲ့ ဧပြီလအတွင်းမှာ ကျရောက်မယ့် မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လမ်းချမ်းမြေ့စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ဆင်နွဲနိုင်ကြ ပါစေရန် အေးချမ်းသာယာသော မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆု မွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများအားလုံး ဘေးဘယာကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။

www.mmdailystar.com