Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

“ဦးသောဘိတရေ….. အမျှ….. အမျှ……” အပိုင်း (၃)

$
0
0




          (၂၀-၃-၂၀၁၃) ည (၉)နာရီ ခန့်တွင် နာရေးကားဖြင့် လူနာများမကြာခဏ လာရောက် သယ်ယူ သွားကြပါသည်။ အများအားဖြင့် ဓားခုတ်ခံရသူကများပြီး ဒဏ်ရာမပြင်းထန်သူ အနည်းငယ်သာ ရှိပါသည်။ ဆေးရုံသို့ ဒဏ်ရာလာကြည့်သူများ ရုတ်ရုတ်သဲသဲ ဖြစ်သွား၍ စုံစမ်းရာ “မီးရှိုခံရသည့် ဘုန်းကြီး သေသွားပြီ”ဟု အော်ဟစ်ပြောဆိုသံများကြောင့် လှုပ်လှုပ်ရွရွဖြစ်ကုန်ခြင်း ဖြစ် ပါသည်။

          ဦးသောဘိတသည် (၉း၄၅) မှာ ပျံလွန်ခြင်း ဖြစ်ပါသည်။ ပျံလွန်သည်အထိ ဦးခေါင်းနောက်စေ့မှ သွေးများ ဒလဟောကျဆင်းနေဆဲ ဖြစ်ပါ သည်။ ကျောက်ခုံပေါ်မှာတင် ထားသည် ကို တွေ့ရ ပါသည်။
          ဦးသောဘိတ သတင်းသုံးရာ ဟံဇားရွာလည်း ရွာသူ/သားများ ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေကြပါသည်။ အသတ်ခံရပြီ ဟု ကြားသူကကြား၊ ပိတ်မိနေသည် ဟု ကြားသူကကြားနှင့် ကော လာဟ လ လိုလို ဖြစ်နေပါသည်။ ဦးသောဘိတနှင်အတူ ဖုန်းပါမသွား၍ အဆက်အသွယ်ပြတ်တောက် သွားသောကြောင့် ဖြစ်ပါသည်။

          ည နှစ်ချက်တီးကျော်မှ ဦးသောဘိတရွာ ဟံဇားရွာ မိုးကောင်းကျောင်းဆရာတော်ထံ သတင်းအတိအကျရောက်လာပါသည်။ရွာဥက္ကဋ္ဌ ဦးအောင်သူက လာလျှောက်ခြင်းကြောင့်ဖြစ်ပါသည်။ မနက် (၅) နာရီတွင် သာစည်မြို့မှ ကားဖြင့် မိုးကောင်းကျောင်းဆရာတော် ဦးပဏ္ဍိစ္စကို ပင့်ပါသည်။ ဦးပဏ္ဍိစ္စနှင့်အတူ ရွာဥက္ကဋ္ဌ ဦးအောင်သူ၊ ဦးကောင်းတို့လည်း လိုက်လာကြပါသည်။

          မိတ္ထီလာမြို့နယ်၊ နဂါးရုံဘုရား ဓမ္မာရုံထဲမှာ မြို့နယ် သံဃနာယက အဖွဲ့နှင့် မြို့နယ်/ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ဝန်ကြီးချုပ် ရဲမြင့်တို့ကိုပါ တွေ့ရပါသည်။ မိုးကောင်း ဆရာတော် ဦးပဏ္ဍိစ္စက အလောင်းပြန်တောင်းပါသည်။ အလောင်းကို အကြောင်းပြုပြီး အဓိကရုဏ်းကြီးထွားမည်စိုး၍ မပေးနိုင်ကြောင်း လျှောက်ကြပါသည်။ ထိုအခါ ဦးပဏ္ဍိစ္စက “တရားခံကို ဖော်ထုတ်ပေးရမယ်။ ဥပဒေအရ ထိရောက် စွာ အရေးယူပေးရမယ် သို့သော် အသေစား သေစေ သဘောမျိုး လုံးဝမဟုတ် ပါ”ဟု တောင်း ဆိုပါသည်။ အာဏာပိုင်များက ကတိပေးကြပါသည်။

          ရင်ခွဲရုံရောက်တော့ (၁၂)နာရီ ထိုးပါပြီ။ အလောင်းကြည့်ခွင့် ရပါသည်။ အဝတ်အစား မပါ ဗလာကိုယ်တည်း ထားသည်ကို တွေ့လိုက်ရပါသည်။ ဦးခေါင်းမှ ဓားခုတ်ရာကို ပြန်ချုပ်ပေးနေ သည်ကို တွေ့ရ ပါသည်။ အသေအချာ ကြည့်လိုက်သည့်အခါ ဦးသောဘိတ၏ အင်္ဂါဇာတ်ကိုပါ ဓားဖြင့် လှီးဖြတ်ထား သည်ကို တွေ့လိုက်ရပါသည်။

          ရန်အောင်မြင်ရပ်ကွက်မှ နာရေးအသင်းကားနှင့်ပင် အလောင်းတင်ပါသည်။ မြင်တော်ကန် သင်္ချိုင်းမှာ သင်္ဂြိုဟ် ပါသည်။ ဦးသောဘိတ၏ ဇာတိရွာ (ညောင်ဦးဖီးအုပ်စု၊ ဒုန်းကုန်းရွာ) ရွာသူ ရွာသားများ ဟိုင်းလက်တစ်စီးဖြင့် လိုက်ခွင့်ရပါသည်။ ဦသောဘိတ၏အစ်ကို ဦးထွန်းမြင့်နှင့် ဦးသောဘိတ ၏ မယားဟောင်း တို့လည်း ပါလာကြပါသည်။

                                     (ဆက်လက်ဖော်ပြပါမည်။)
From: Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...