Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တစ်ကိုယ်တော် ရှိုးပွဲဆိုနေတဲ့အချိန် Zone B က ပရိတ်သတ်ကြီးထဲကို သွားပြီး ဖျော်ဖြေပေးချင်တယ်လို့ပြောတဲ့ စွယ်စုံအနုပညာရှင် ကိုစိုးသူနှင့် အင်တာဗျူး

$
0
0

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခိုက် Soe Thu Past & Present Free Show ပြုလုပ်၍ ပရိတ်သတ်ကို တေးသီချင်းများနှင့်ဖျော်ဖြေခဲ့သည့် စွယ်စုံအနုပညာရှင် ကိုစိုးသူနှင့် ရှိုးပွဲပြီးပြီးချင်း သူ၏နေအိမ်၌သွားရောက် အင်တာဗျူးခွင့် ရခဲ့သည်များကို စိုးသူကိုချစ်သော ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက်ပါသည်။

MMA ။ ။ မြန်မာနိုင်ငံကို အမေရိကားကနေ ပြန်လာတဲ့ တခြား အနုပညာရှင်တွေက အခကြေးငွေနဲ့ ရှိုးပွဲ လုပ်ပေမယ့် ကိုစိုးသူက Free Show လုပ်ပြီး ဖျော်ဖြေပေးရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါလား။

Soe Thu ။ ။ ပြောရမယ်ဆိုရင်တော့ တစ် စေတနာ နှစ် စေတနာ သုံး စေတနာ ဒါပါပဲ။

MMA ။ ။ ကိုစိုးသူပွဲမှာ တခြားအနုပညာရှင်ညီအစ်ကို မောင်နှမတွေ
ကလည်း ချစ်ချစ်ခင်ခင် တက်တက်ကြွကြွနဲ့ စုံစုံလင်လင်လာကြတဲ့ အပေါ် အကို့ခံစားချက်လေး ကို ပြောပေး ပါလား။

Soe Thu။ ။ အားလုံးရဲ့ မေတ္တာစေတနာကြောင့်ပါ ။ ကျွန်တော်က အားလုံးကိုချစ်တယ်။ အနုပညာရှင် ညီအစ်ကို မောင်နှမတွေ အားလုံးကိုလည်း ချစ်တယ်။ ပရိတ်သတ်ကြီးကိုလည်း ချစ်တယ်။ အဲ့တော့ ဒီပွဲမှာ အနုပညာရှင် ညီအစ်ကို မောင်နှမတွေကို အမှတ်တရ စကားလေးတွေ လာပြီး ပြောပြပေးရင် ကြည့်ရတဲ့ ပရိတ်သတ်လည်း ကြည့်ရတာ အမြင်တစ်မျိုးလေးဖြစ်ပြီး ပျော်စရာလေး ဖြစ်မယ်လို့ စိတ်ကူးမိတယ်လေ။

ဒါကြောင့် အဲ့ဒီစိတ်ကူးလေးနဲ့ အားလုံးကိုလိုက်ပြီး request လုပ်ရတယ်။ အားလုံးကလည်း အရမ်းကို လှိုက်လှိုက်လှဲလှဲ ကိုကူညီကြတယ်။ ဒါကြောင့်အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေလေး ပြီးဆုံးသွားတယ်ပေါ့။

MMA ။ ။ ကိုစိုးသူ ဖျော်ဖြေတဲ့ ပွဲလေးမှာအနုပညာရှင် မောင်နှမတွေနဲ့ တွဲပြီးမဆိုဘဲ တစ်ကိုယ်တော်ရှိုးပဲ လုပ်လိုက် ရတဲ့ အကြောင်းလေးပြောပေးပါလား။

Soe Thu ။ ။ ပွဲကိုက စိုးသူတစ်ကိုယ်တော် ရှိုးလေ။ မမြင်ရတာလည်း ကြာပြီဆိုတော့ အားပါးတရ ဖျော်ဖြေချင်တာ။ နောက်တစ်ခုရှိတာက ဒီလို အမှန်အတိုင်း ပြောရရင် စိတ်ထဲကနေ ဧည့်သည်အနေနဲ့ တွဲပြီးဆိုစေချင်တဲ့ အနုပညာရှင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲ့ဒီလူတွေ အများကြီးကိုခေါ်မယ်ဆိုရင်လည်း အားလုံးကို ထည့်ဆိုရမယ်လေ။ ဒါကြောင့်ပါ။

MMA ။ ။ အစ်ကို သီချင်းတွေ အများကြီးကို ဆိုနိုင်တယ်နော်။ အသံလည်း လုံးဝကျမသွားဘူး။

Soe Thu။ ။ ဒီထက်ကို အများကြီး ဆိုချင်သေးတာ ရီဟာဆယ်တွေ အများကြီးလုပ်လို့ အိပ်ရေးတွေ အများကြီး ပျက်ထားပြီး အရမ်းကို ပင်ပန်းထားလို့ ဒီထက်ကို အားပါးတရကြီးကို ဖျော်ဖြေချင်သေးတာ။ ဒါပေမယ့် အဆင်ပြေပါတယ်။

MMA ။ ။ ဒီနေ့ အစ်ကို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးမှာ လာကြည့်တဲ့ ပရိတ်သတ်နဲ့ မြန်မာတစ်နိုင်ငံ လုံးကနေ အစ်ကို့ တစ်ကိုယ်တော် ပွဲလေးကို ကြည့်နေတဲ့ ပရိတ်သတ်တွေကို ညီမတို့ကနေ တဆင့် ကားလက်ဆောင် လေး ပြောပေးပါ။

Soe Thu ။ ။ အဲ့ဒါကို ပြောချင်နေတာ။ စင်ပေါ်မှာလဲ ပြောပါတယ်။ အားလုံးကို အဆင်ပြေပြေ ပျော်ရွှင်စွာနဲ့ ကည်ကြည်နူးနူးလေး ဖြတ်သန်းစေချင်တယ် အားလုံးပျော်ရွှင်ကြမယ်လို့ယုံကြည်တယ်။ ကျွန်တော်ရှိုးပွဲကို လာပြီးတော့ အချိန်ပေးပြီးတော့ အပင်ပန်းခံပြီးတော့ အားပါးတရ အားပေးတဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။

စိတ်ထဲမှာလေ တစ်ယောက်ချင်းစီကို လိုက်ပြီးနှုတ်ဆက်ချင်တယ်။ ဟိုးအနောက်ထဲအထိ သွားချင်တယ်။ အခြေအနေ က မပေးဘူး။ အထူးသဖြင့် မိုက်ကရိုဖုန်းတွေက အဝေးကြီးကိုရောက်တဲ့ အခါမှာ Delay ဖြ စ်တယ်။ Delay ဖြစ်တဲ့အခါ တီးဝိုင်းနဲ့ သီချင်းဆိုတဲ့ အခါ Beat တွေ လွတ်သွားမှာ စိုးရတယ်။ သိပ် အဝေးကြီး သွားလို့မရဘူး။

သူ့ rate တွေရှိတယ်။ ပွဲထဲမှာ သွားတဲ့နေရာလောက်မှာတောင် Dealy ကဖြစ်နေတယ်။ အဲ့ဒီထက် အဝေးကြီး သွားချင်ပေမယ့် သွားလို့မရဘူး။ဖြစ်နိုင်မယ်ဆိုရင် ဟိုးအနောက်ဘက်က မမြင်ရတဲ့ Zone B က ပရိတ်သတ်တွေ အတွက် သူတို့အနားသွားပြီး သတ်သတ်ကို သီချင်း လေး ငါး ပုဒ်လောက် ဆိုပြပေးချင်တာ။

MMA ။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

From: The Myanma Age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...