Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရခိုင် တကျော့ပြန် ပဋိပက္ခတွင် ဖမ်းဆီးခံရသူ မြောက်ဦးမှ (၄)ဦးလွတ်မြောက်

$
0
0


ရခိုင်တိုင်းရင်း အမျိုးသား(၄)ဦး မတ်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာစဉ်တွင် မြင်တွေ့ရစဉ်

ရခိုင်ပြည်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလက ဖြစ်ပေါ်ခဲ့သော တကျော့ ပြန်ပဋိပက္ခတွင် အစိုးရမှ ပဋိပက္ခအတွင်း ဦးဆောင်ပါဝင်သူဟု သံသယရှိသူများအား ဖမ်းဆီးအရေးယူခဲ့ရာတွင် ပါဝင်သူ မြောက် ဦးမြို့ နယ် မှ ရခိုင်တိုင်းရင်းသား အမျိုးသား (၄) ဦးမှာ အပြစ်ဒဏ်များကျခံပြီး မတ်လ (၂၈) ရက်နေ့က ပြန် လည် လွတ်မြောက်လာကြောင်း သိရသည်။

အဆိုပါ ပဋိပက္ခတွင် ဦးဆောင်ပါဝင်သူဟု သံသယရှိသူများအား ဖမ်းဆီးအရေးယူခဲ့ရာ တွင် မြောက်ဦးမြို့ နယ်မှ ရခိုင်အမျိုးသား (၁၇) ဦးရှိခဲ့ပြီး ယခုလ လွတ်မြောက်လာသူများမှာ ဦးစော လှအောင်(ကြက်ဈေး ရပ်ကွက်)၊ ဦးထွန်း ယဉ်(ကြက်ဈေးရပ်ကွက်)၊ စံသိန်းကျော်(ကျောက်ရာဇ်ကေရပ်ကွက်)တို့ ဖြစ်ကြောင်း သိရသည်။

" ကျနော်တို့ကို ဖမ်းဆီးသွားတာကတော့ ခိုးဝင်ဘင်္ဂလီတွေနဲ့ ပဋိပက္ခဖြစ်တာမှာ ရှေ့ကနေ ဦးဆောင်တိုက် သူဆိုပြီးတော့ ခေါင်းစဉ်တပ်ကာ ဖမ်းဆီးတာဖြစ်တယ်။ သူတို့တွေနဲ့ တိုက်ခိုက် ပြီးတော့ ပြဿနာဖြစ်ပေါ် လာအောင် အားပေးအားမြောက်ပြုမှုနှင့် မီးရှို့တာတွေကို ဖြစ်ပေါ်အောင် လုပ်ဆောင်တယ်လို့ပြောပြီး အဖမ်းခံရ တာဖြစ်ပါတယ်။ " ဟု ပြန်လည်လွတ်မြောက် လာ သူ တစ်ဦးဖြစ်သည့် အသက် ၅၃ နှစ် ဦးလှစောအောင်က ပြောသည်။

ဖမ်းဆီးခံ(၁၇)ဦးမှာ မီးဖြင့်ဖြစ်စေ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းဖြင့်ဖြစ်စေ၊ ပဋိပက္ခ ဖြစ်ပေါ်လာအောင် အားပေးအားမြောက်ပြုမှု၊ မီးရှို့မှုများကို ဖြစ်ပေါ်အောင် လုပ်ဆောင်မှု၊ ပုဒ်မ ၄၃၆ ဖြင့် တရားစွဲဆို ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း လွတ်မြောက်လာသူ ဦးလှစောအောင်က ဆိုသည်။

" ပြန်လွတ်လာတာကိုတော့ ၀မ်းသာပါတယ်။ ကျနော်တို့ပြန်လွတ်လာတာကို မြောက်ဦးမြို့သူ/သားတွေက တခဲနက်ကြိုဆိုကြပါတယ်။ မြို့သူမြို့သားတွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဂုဏ်လေးဂုဏ်ယူပါတယ်။ ဒါပေမယ့် ကျနော်တို့ပြန်လွတ်လာပေမယ့် မလွတ်ဘဲကျန်နေခဲ့ကြတဲ့ ရခိုင်သူရဲကောင်းတွေအတွက် ၀မ်းနည်းမိပါတယ်။ လုံးဝကို စိတ်မကောင်းပါဘူး။ " ဟု ဆက် လက်ပြီး ဦးလှစောအောင်က ပြောသည်။

အဆိုပါ ပုဂ္ဂိုလ်များမှာ စစ်တွေအကျဉ်ထောင်အတွင်း၌ ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာစဉ်မှာ မိသားစု ၀င်များ၊ ရခိုင်မျိုးချစ်ပုဂ္ဂိုလ်များနှင့် မြို့မိမြို့ဖများက စုပေါင်းကာ လူပေါင်း ၅၀၀ ကျော်က ကြိုဆိုခဲ့ကြောင်း သိရသည်။



မတ်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာသော ရခိုင်အမျိုးသား(၄)ဦးအား မြောက်ဦးမြို့သူ/သားများက သောင်းသောင်းဖြဖြကြိုဆိုနေစဉ်
 
From:News Collction

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>