ရုပ်ရှင်အစည်းအရုံးအဖွဲ့ အနုပညာရှင်များသည် မိတ္ထီလာမြို့ရှိ ဒုက္ခသည်များအား ဧပြီလ ၁ရက်နေ့တွင် သွားရောက်ကူညီ ရန် အစီအစဉ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။
“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံး အဖွဲ့အပါအဝင် ပွင့်လင်းအဖွဲ့အစည်းနဲ့ အမျိုးသမီးရေးရာအဖွဲ့ တို့ ပေါင်းပြီး ဧပြီလ ၁ရက်နေ့မှာ မိတ္ထီလာကို သွားမှာဖြစ်ပါတယ်။
ပြီးတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့ အတွက်ဆိုရင် ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေက လည်း ပူးပေါင်း ဖို့အသင့်ပါပဲ” ဟု မတ်လ ၃၀ရက်နေ့ မြန်မာငြိမ်းချမ်းရေး စင်တာ၌
ပြုလုပ်သည့် အရပ် ဘက် လူ့အဖွဲ့အစည်းနှင့် ဘာသာရေး အဖွဲ့အစည်းတို့၏ ဆွေးနွေး ပွဲ၌ ပြောကြားခြင်းဖြစ် သည်။
ထို့ပြင် ၎င်းတို့ရုပ်ရှင်အစည်းအရုံး အဖွဲ့အနေဖြင့် ဒုက္ခသည်များအား ကူညီထောက်ပံ့ရန်နှင့် ပညာပေးခြင်း များဖြင့်သာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး တကယ်တမ်း
ပြုလုပ်ရမည်မှာ နိုင်ငံတော် အစိုးရအဖွဲ့မှ သိရှိပြီးဖြစ်သည့် ကောလာဟလနှင့် ပဋိပက္ခဖြစ်ပွား ရန် နောက် ကွယ်မှ ကြိုးကိုင်သူများအားမြန်မြန်အရေးယူ ပေးသွားရန်မှာ အဓိကဖြစ်ကြောင်း ပြောကြား သွားသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဋ္ဌ ဦးလူမင်းတို့နှင့် အနုပညာ ရှင်အဖြစ် ပြေတီဦးတို့ တက်ရောက်ကြကြောင်း သိရသည်။
www.mmdailystar.com