Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပဲခူးတိုင်းမြို့နယ်တွေမှာ ပြန်လည် တည်ငြိမ်အေးချမ်းနေ

$
0
0

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ၂၈ရက်နေ့မှာ ဆူပူအကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ ရဲတပ်ဖွဲ့ဝင်တွေကိုညွှန်ကြားလိုက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းတွေက အကြမ်းဖက်ဖျက်ဆီး တာတွေရှိခဲ့တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တချို့မှာ အခြေအနေ ပြန်လည် တည်ငြိမ်လာနေပြီ လို့ ဒေသခံတွေက ဒီကနေ့မှာ ပြောပါတယ်။

ပဲခူးတိုင်းအနာက်ခြမ်းက မြို့တချို့မှာ အပျက်အစီးတွေကို ဒေသခံတွေကပါ ၀ိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။

နတ်တလင်းမြို့နယ်မှာ ပျက်စီးသွားတဲ့ ဗလီတွေနဲ့ အိမ်တွေကို ဒေသခံတွေကမတ်လ ၃၀ ရက် ဒီကနေ့ မနက် ပိုင်းကစပြီး သန့်ရှင်းရေးတွေ၊ ပြန်လည်ပြင်ဆင်တာတွေ လုပ်ဆောင်ပေးနေကြကြောင်း ကိုယ်တိုင် ကူညီနေသူတစ်ဦးဖြစ်တဲ့ နတ်တလင်းဒေသခံ ကိုမိုးဇော်က ပြောပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ နေအိမ်တွေ အဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာ ၀င်တွေ အတွက် လာရောက်လှူဒါန်းထားတဲ့ အစားအစာတွေကို ဝေခြမ်းရေး ကူညီဆောင်ရွက်ပေးနေ တယ် လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုဇေယျာက ပြောပါတယ်။

စစ်ကွင်းမြို့မှာလည်း အကြမ်းဖက်သူလူတစ်စုကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် အခြေအနေဟာ ပြည်လည်တည်ငြိမ်နေပြီလို့ စစ်ကွင်းဒေသခံဒေါ်ကြည်က ပြောပါတယ်။

From: RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>