Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မင်းလှမြို့ ဆူပူအကြမ်းဖက်မှုကြောင့် လူ ၁၀၀ ကျော် ရန်ကုန် ထွက်ပြေး

$
0
0

မင်းလှမြို့က ဒုက္ခသည် ၁၀၀ ကို ရွှေဝါရောင် သံဃာတော်များကွန်ရက်နဲ့ ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ကို ခေါ်ဆောင်လာကြောင်း RFA က စုံစမ်းသိရပါတယ်။

ခ်ါဆောင်လာသူတွေထဲမှာ မင်းလှ၊ ပေါင်းတည်၊ အုပ်ဖို၊ နတ်တလင်းမြို့တွေမှာ အဓိကရုဏ်းတွေဖြစ် ပွားနေ တာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒီဒုက္ခသည်တွေကို ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းခေါ်ဆောင်လာတာဖြစ်ပြီး မင်္ဂလာတောင် ညွန့်မြို့နယ် မှာ ရှိတဲ့ ၁၀၁ လမ်းဗလီမှာ ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး ခေတ္တနေရာချပေးထားကြောင်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ရက်က ကိုထွန်းကြည်က RFA ကိုပြောပါတယ်။

ဒုက္ခသည်တွေထဲက ဗုဒ္ဓဘာသာဝင် ၅ ဦးဟာ ဒလမြို့နယ်မှာရှိတဲ့ ဆွေမျိုးတွေဆီကို သွားရောက် လိုကြောင်း ပြောကြားခဲ့တာကြောင့် အာဏာပိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သွားရောက်ခွင့်ပြုခဲ့ပြီး လက်ရှိအချိန်မှာ ဒုက္ခသည် ၉၅ ဦးကျန်ရှိနေသေးတယ်လို့ ကိုထွန်းကြည်က ဆက်ပြောပါတယ်။

ဒုက္ခသည်တွေကို မနေ့ည ၈ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စား ယ် ဒေါ်ဖြူဖြူသင်းနဲ့ အတူ ပွင့်လင်း လူဘောင်အဖွဲ့က မနီလာသိန်းနဲ့အဖွဲ့၊ နာရေးကူညီ မူအသင်း က ဒေါ်သန်းမြင့်အောင်တို့လည်း လာရောက်တွေ့ဆုံပြီး အားပေးစကား ပြောခဲ့တယ်လို့ သိရပါတယ်။

အလားတူ မင်္ဂလာတောင်ညွန့်မြို့နယ် အုပ်ချုပ်ရေးမူးနဲ့တကွ ဒေသအာဏာပိုင်တွေကလည်း ဒုက္ခ သည် တွေ ကို ဆွေးမျိုးသားချင်းများထံကို သွားရောက်နိုင်ရေးနဲ့ တခြား လိုအပ်တဲ့ အကူအညီ များပေးလျက်ရှိတယ်လို့ သိရပါတယ်။
From:rfa

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>