Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"ဦးသောဘိတရေ… အမျှ…အမျှ...." အပိုင်း (၂)

$
0
0





ဦးတင်မောင်ဝင်း (ခ) ကုလားသည် အသက် (၄၀)နှစ်ရှိပြီး ဇနီးမှာ ဒေါ်သန်းသန်းမိုး   ဖြစ်သည်။ လေးနှစ် သမီးလေး အမည်မှာ မနဒီဝင်းဖြစ်ပြီး ပျံလွန်သူ ဦးသောဘိတ ထံမှာ (၃၈)ဖြာ မင်္ဂလာတရား သင်ယူနေ သည့် ကလေးငယ်ဖြစ်သည်။ ဦးတင်မောင်ဝင်းတို့ မိသားစုသည် ယက္ကန်းအ လုပ်ရော တောင်သူအလုပ်ပါ လုပ်ကိုင်အသက်မွေးကြသည်။

          ဦးတင်မောင်ဝင်းလွတ်မြောက်သွားချိန်တွင် ဦးမျိုးဝင်း (ဖိနပ်ရောင်းဝယ်ရေး - ဇနီး မယု) ဦးအဏ္ဏဝါတို့က ဓားဖြင့် ခုတ်ကြပြီး ဦးညီညီက ဓာတ်ဆီပုံး ယူလာကာ အပေါ်ရုံသင်္ကန်းဆွဲချွတ်ကြသည်။ ပက်လက်လန်နေသော ဦးသောဘိတကို မျက်နှာပေါ်မှစ၍ ဗိုက်ပေါ်နှင့် တစ်ကိုယ်လုံးပေါ် ဓာတ်ဆီလောင်းကြ သည်။ ပုံးလိုက်သွန်းလောင်းခြင်းမဟုတ်ဘဲ ရေခွက်လေးများ ကိုယ်စီကိုင် ၍ လောင်းကြခြင်း ဖြစ်သည်။ ၎င်းနောက် မီးရှို့ပစ်လိုက်ကြသည်။ ထိုသို့ ဓားခုတ်၊ မီးရှို့နေကြသည်ကို သုခမြိုင်တည်း ခိုခန်းနှ င့် သုခမြိုင် လဘက်ရည်ဆိုင်ပိုင် ရှင် မြန်မာမိသားစု များကလည်း မြင်ကြသည်။ ၎င်းလဘက် ရည်ဆိုင် ထဲ သို့ ရောက်ရှိနေသော ဦးစိုးသိန်း ဗန္ဓုလ ကားစပယာ၊ ဇနီး ဒေါ်ဝေမာလွင် တို့လည်း မြင်ကြ သည်။ သုခမြိုင် လဘက်ရည်ဆိုင်မှ လဘက်ရည်ဖျော်ဆရာ ဦးကိုလင်းက လည်း မြင် ရသည်။ ၎င်းတို့ကို မွတ်ဆလင် လူအုပ်ကြီးက ခဲဖြင့် ပစ်ပေါက်ကြ၍ ရပ်ကြည့်နေသူများ ထွက်ပြေးကြရသည်။

                   မြန်မာလူအုပ်ကြီး ချီတက်လာသည့်အခါ မွတ်ဆလင်များက ခဲဖြင့်ပစ်ပေါက်ကြသည်။ လေးခွနဲ့ ပစ်ခတ်ကြသည်။ မြန်မာလူအုပ်ကြီး နီးလာသည့်အခါ မွတ်ဆလင်များ ထွက်ပြေးကြသည်။ မွတ်ဆလင်များ ထွက်ပြေးသည့်အခါ ခဲထုခံရ၍ ပုန်းရှောင်နေသော မြန်မာမိသားစုများ ပြန်ပြေးလာကြစဉ် ဓာတ်ဆီလောင်း မီးရှို့ရာတွင် ပါဝင်သော ဦးဖိုးချိုး (မွတ်ဆလင်)က ဦးသောဘိတ ကိုယ်ပေါ်မှ မီးများကို ပုဆိုးဖြင့် အုပ်၍ ငြှိမ်းသတ်နေသည်ကို တွေ့ရပြန်သည်။ ထို့နောက် သူလည်း ထွက်ပြေးလွတ်မြောက်သွားသည်။

          မြန်မာလူအုပ်ကြီးက ဗလီထဲဝင်ပြီး မီးရှို့ကြသည်။ ရပ်ကွက်ထဲမှ ဆိုင်ကယ်တစ်စီးပေါ် လူ (၄)ယောက်က ဦးသောဘိတကို ပွေ့တင်ပေးကြသည်။ ဆိုင်ကယ်မောင်းသူမှာ ဦးဝင်းဇော်ဦး ဖြစ်ပြီး ဦးသောဘိတ ကို ပွေ့ချီ၍ ဆိုင်ကယ်နောက်မှ ထိုင်လိုက်သွားသူမှာ ကိုအောင်မင်းသူ ဖြစ်သည်။ ဦးသောဘိတ သည် စကားမပြောနိုင် အသံမပြုနိုင်တော့သော်လည်း အသက်ငွေ့ငွေ့ ရှိသေးသည်ဟု ဆိုသည်။ အပေါ်ရုံ သင်္ကန်းနှင့် သွေးကွက်သည် တစ်ခြား၊ မီးလောင်ကျွမ်းနေသည့် ဦးသောဘိတက တစ်ခြား ဖြစ်နေ သည်။ ဦးသောဘိတ၏ ကိုယ်မှာပတ်ထားသော သင်းပိုင် သင်္ကန်းလိပ်မှ သင်္ကန်းစ တစ်စ နှစ်စ သာ ကျန်ခဲသည်ကို တွေရသည်။

          (ဓားနဲ့ အခုတ်ခံထားရသော ဆိုင်ကယ်ရှေ့ဘီးကို မိတ္ထီလာတွင် စွန့်ပစ်ခဲ့ပြီး ဘီးသစ် လဲလာခဲ့သည်။ ဒုလ္လဘ ခံထားသည်မှာ နှစ်ရက်သာ ရှိသေးသော ဦးတင်မောင်ဝင်းနှင့် ၎င်း၏ အိမ်သည် သာစည်မြို့နယ် ဟံဇားရွာတွင် တည်ရှိသည်။)

From: Wira Thu

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>