Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာနိုင်ငံက ဈေးအကြီးဆုံး ရှိုးပွဲလာပြီ......

$
0
0
မြန်မာနိုင်ငံမှာလာ ရောက်ဖျော်ဖြေမယ့် ကိုရီးယားနာမည်ကျော် Girl Band ဖြစ်တဲ့ 2NE1 ရဲ့ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းကို အမြင့်ဆုံးကျပ်ကိုး သိန်းသတ်မှတ်ထားတယ်လို့ Bo Bo Entertainment မှသိရပါတယ်။

2NE1 ဖျော်ဖြေပွဲကို ယခင်က သြ Bo Bo Music နဲ့ Samsung Myanmar တို့ ပူးပေါင်းပြုလုပ်ဖို့ စီစဉ်ထားသော်လည်း အခက်အခဲတချို့ကြောင့် Living Sound Entertainment နဲ့ ဆက်လက်ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။

''အစကကျွန်တော်တို့ Samsung နဲ့ ပေါင်း လုပ်ဖို့စီစဉ်ထားတာပါ။ အကြောင်းအမျိုး မျိုးကြောင့် အထမမြောက်ခဲ့ပါဘူး။ အခုပွဲ ကို Living Sound ကနေ ဦးစီးပြီးလုပ်မှာ ပါ။ သူတို့ကလဲပွဲကို 2NE1 In Myanmar Galaxy Stage အမည်နဲ့ပဲ ဆက်လုပ်သွား မယ်လို့သိရပါတယ်''လို့ Bo Bo Music Entertainment မှ ကိုဘိုဆန်းကပြော ပါတယ်။

2NE1 Myanmar ပွဲမှာ ပရိသတ်ကြိုက် မြန်မာအမျိုးသမီးအဆို တော်တစ်ဦးနဲ့ အမျိုးသားအဆိုတော်နှစ်ဦး တို့ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး 2NE1 အဖွဲ့ အပြင်အခြားအကအဖွဲ့ များရဲ့ ဖျော်ဖြေမှုများလည်းပါဝင်မှာ ဖြစ် တယ်လို့ သိရပါတယ်။

ဒီဖျော်ဖြေပွဲကို သြဂုတ် ၂ ရက် မှာကျင်းပမှာဖြစ်ပေမယ့် သုဝဏ္ဏမိုးလုံလေ လုံအားကစားကွင်းမှာ ဖျော်ဖြေမှာမဟုတ် ဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခု မှာည ၇ နာရီမှ ၁ဝ နာရီအထိကျင်းပမှာ ဖြစ်ကာ လက်မှတ်ဈေးနှုန်းကို ကျပ် ၂၅ဝဝဝ၊ ၄၅ဝဝဝ၊ ၂၅ဝဝဝဝ၊ ၅ဝဝဝဝဝ၊ ၇ဝဝဝဝဝ နဲ့ ၉ဝဝဝဝဝ အထိသတ်မှတ်ထားပြီး ဇူ လိုင် ၂၁ ရက်မှာ လက်မှတ်ရောင်းချမယ့်နေ ရာများကို ကြေညာပေးသွားမှာဖြစ်တယ် လို့သိရပါတယ်။

From: YMG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>