Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မီဒီယာများရဲ့ စွတ်စွဲမှု့များကို ဦးရဲထွတ် ဖြေရှင်း.....

$
0
0


ကျွန်တော် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်က ၀ါရှင်တန်တက္ကသိုလ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒနဲ့ပတ်သက်တဲ့ နှစ်ပတ်ကြာသင်တန်းကို 
ဇူလိုင်လ ၇ ရက်နေ့က စပြီး တက်ရောက်နေပါတယ်။
နေပြည်တော်ကနေ ဇူလိုင်လ ၃ ရက်နေ့ထဲက ထွက်ခဲ့ပြီး မိမိလုပ်ငန်းတာဝန်များကို လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်တဲ့အတွက် ပညာသင်ကြားရေးကိစ္စများကိုပဲ အလေးထားဆောင်ရွက်နေခဲ့ပါတယ်။
ဒါ့ကြောင့် Face Book ပေါ်လည်းမရောက်ဖြစ်ပါဘူး။ သတင်းနဲ့ပတ်သက်လို့လည်း ဒီမှာ ရှိတဲ့ အာရ်အက်ဖ်အေ သတင်းဌာနက လာရောက်ဆက်သွယ်လို့တွေ့ဆုံမေးမြန်းခန်း တစ်ကြိမ်လုပ်ပေး ခဲ့ပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆဲဗင်းဒေးက လှမ်းမေးလို့ တစ်ခါ ပြန်ဖြေတာက လွဲရင် ဘယ်သတင်းဌာနကိုမှ မဖြေခဲ့ပါဘူး။
ဒီနေ့ညနေမှာတော့ VOA သတင်းဌာနက ဆက်သွယ်ပြီး အင်တာနက်ပေါ်မှာ ကျွန်တော်က သတင်း မီဒီယာများက တောင်းပန်ရင် ကြေအေးမယ်လို့ ပြောတယ်ဆိုပြီးတက်နေကြောင်း ဆက်သွယ် မေးမြန်းလာပါတယ်။
ဒါ့ကြောင့် ကျွန်တော်က ကြေအေးဖို့ပြောတယ်ဆိုပြီး တက်နေတဲ့ သတင်းများ မှန်ကန်မှု မရှိကြောင်း ပြောလိုပါတယ်။ အဲဒီလိုပဲ မီဒီယာတွေပေါ်မှာ ကျွန်တော်အကြောင်းမှန်းဆရေးသားနေတာတွေ ဟာလည်း မှန်ကန်မှုမရှိကြောင်း၊ တစ်ချို့အင်တာနက်ဆရာကြီးများရေးသလို လူမှုကွန်ယက်မီဒီယာ ပေါ်က ထွက်ပြေးသွားပြီဆိုတာမဟုတ်ကြောင်း တင်ပြလိုပါတယ်။
အခု ပညာသင်ကြားနေတဲ့ ကိစ္စပြီးလို့ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်တဲ့အခါ မိတ်ဆွေများနဲ့ ပြန်တွေ့ပါ့မယ်။
လောလောဆယ်ဆယ်တော့ ကျောင်းသားလုပ်နေလို့ Face Book နဲ့ ဝေးနေပါဦးမယ်။


From:Ye Htut 

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>