မြန်မာနိုင်ငံတော်သမ္မတ၏ စိတ်ဆန္ဒရှိပါက ကြည်း၊ ရေ၊ လေ ပြည်ထောင်စုတပ်မတော်က အခမ်းအနားဖြင့် ချီတက်အလေးပြုသွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ဖြေကြားလိုက်သည်။
နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သည့် နိုင်ငံတော်သမ္မတအား တပ်မတော်က နှစ်စဉ် ပုံမှန် အခမ်းအနားဖြင့် ချီတက်အလေးပြုသောနေ့ကို မည်သည့်ရက်တွင် သတ်မှတ်မည်လဲဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်သမ္မတအား အခမ်းအနားဖြင့် ချီတက်အလေးပြုခြင်းနှင့် ပတ်သက်၍ ဆောင်ရွက် မှုအစီအစဉ်မှာ နိုင်ငံတော် သမ္မတကြီး၏ စိတ်ဆန္ဒသဘောထားအတိုင်းဖြစ်ပါကြောင်း ပြန်ကြား တင်ပြဖြေကြားအပ်ပါတယ် ခင်ဗျာ”ဟု ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် တပ်မတော်က အခမ်းအနားများဖြင့် နှစ်စဉ်ချီတက် အလေးပြုခြင်း ဆောင်ရွက် သည်ကို တွေ့ရှိရသည်ဟု မေးခွန်းရှင်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ အရ နိုင်ငံတော်သမ္မတမှာ ပြည်ထောင်စုသမ္မတ နိုင်ငံတော်တစ်ဝန်း လုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ဟု ဖော်ပြသည့်အတွက် တပ်မတော်နေ့ဖြစ်စေ၊ လွှတ်လပ်ရေးနေ့ဖြစ်စေ၊ ပြည်ထောင်စုနေ့ဖြစ်စေ၊ အမျိုးသားနေ့ဖြစ်စေစ သည့် နေ့ထူးနေ့မြတ် တွင် နိုင်ငံတော်သမ္မတကို စစ်ကြောင်းစုံ ကြည်းရေလေတပ်မတော် ဖြင့် အလေးပြုသင့်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး နှစ်ပတ်လည် လွတ်လပ်ရေးနေ့ဖြစ်သည့် ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်တွင် လွတ်လပ်ရေးအောင်ပွဲနှင့် ဗိုလ်ရှုသဘင်ကို မြို့တော်ခန်းမရှေ့ အထူးမဏ္ဍပ်ဆောင်မှာ ကျင်းပကာ ပထမဆုံးသမ္မတကြီး စ၀်ရွှေသိုက်ကို ကြည်း၊ ရေ၊ လေတပ်မတော်က ချီတက်အလေးပြုခဲ့ပြီး တိုက်လေယာဉ်များကလည်း ကောင်းကင်မှ ပျံဝဲအလေးပြုခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်ဟု ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
From: Mizzimaနိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သည့် နိုင်ငံတော်သမ္မတအား တပ်မတော်က နှစ်စဉ် ပုံမှန် အခမ်းအနားဖြင့် ချီတက်အလေးပြုသောနေ့ကို မည်သည့်ရက်တွင် သတ်မှတ်မည်လဲဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“နိုင်ငံတော်သမ္မတအား အခမ်းအနားဖြင့် ချီတက်အလေးပြုခြင်းနှင့် ပတ်သက်၍ ဆောင်ရွက် မှုအစီအစဉ်မှာ နိုင်ငံတော် သမ္မတကြီး၏ စိတ်ဆန္ဒသဘောထားအတိုင်းဖြစ်ပါကြောင်း ပြန်ကြား တင်ပြဖြေကြားအပ်ပါတယ် ခင်ဗျာ”ဟု ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် တပ်မတော်က အခမ်းအနားများဖြင့် နှစ်စဉ်ချီတက် အလေးပြုခြင်း ဆောင်ရွက် သည်ကို တွေ့ရှိရသည်ဟု မေးခွန်းရှင်က ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ အရ နိုင်ငံတော်သမ္မတမှာ ပြည်ထောင်စုသမ္မတ နိုင်ငံတော်တစ်ဝန်း လုံးတွင် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ဟု ဖော်ပြသည့်အတွက် တပ်မတော်နေ့ဖြစ်စေ၊ လွှတ်လပ်ရေးနေ့ဖြစ်စေ၊ ပြည်ထောင်စုနေ့ဖြစ်စေ၊ အမျိုးသားနေ့ဖြစ်စေစ သည့် နေ့ထူးနေ့မြတ် တွင် နိုင်ငံတော်သမ္မတကို စစ်ကြောင်းစုံ ကြည်းရေလေတပ်မတော် ဖြင့် အလေးပြုသင့်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး နှစ်ပတ်လည် လွတ်လပ်ရေးနေ့ဖြစ်သည့် ၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်တွင် လွတ်လပ်ရေးအောင်ပွဲနှင့် ဗိုလ်ရှုသဘင်ကို မြို့တော်ခန်းမရှေ့ အထူးမဏ္ဍပ်ဆောင်မှာ ကျင်းပကာ ပထမဆုံးသမ္မတကြီး စ၀်ရွှေသိုက်ကို ကြည်း၊ ရေ၊ လေတပ်မတော်က ချီတက်အလေးပြုခဲ့ပြီး တိုက်လေယာဉ်များကလည်း ကောင်းကင်မှ ပျံဝဲအလေးပြုခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်ဟု ဒုတိယ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
www.mmdailystar.com