၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို ပြင်ဆင်နိုင်ပါက မဲပေးခွင့်မရှိသည့် သံဃာတော်များပါ မဲပေးခွင့်ရမည်ဟု
ဇွန်လ ၂၁ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် သံဃာတစ်ပါး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်ဟု ထိုနေရာတွင် သတင်းယူနေသည့် မဇ္ဈိမ အယ်ဒီတာတစ်ဦးက သတင်းပေးပို့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အခန်း ၉ ပုဒ်မ ၃၉၂တွင် ဖော်ပြထားသည့် ဆန္ဒမဲ ပေးခွင့် မရှိသည့် ပုဂ္ဂိုလ်များတွင် ပုဒ်မခွဲ (က)၌ သာသနာ့ ဝန်ထမ်းများပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို ဇွန်လ ၂၁ရက် နံနက် ၁၀နာရီက ပဲခူးတိုင်း၊ တောင်ငူမြို့ ဒေသခံပြည်သူနှင့် အမျိုးသားဒီမိုကရေစီပါတီဝင်များ အင်အား ၅၀,၀၀၀ခန့် တက်ရောက်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် စည်းရုံးဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒ လက်မှတ်ကောက်ယူပွဲများ ကို နိုင်ငံအနှံ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က မေလ ၂၇ရက်မှ ဇူလိုင်လ ၁၉ရက် အထိ ပြုလုပ်လျက်ရှိသည်။
From:Mizzimaဇွန်လ ၂၁ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် ပြုလုပ်သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွင် သံဃာတစ်ပါး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်ဟု ထိုနေရာတွင် သတင်းယူနေသည့် မဇ္ဈိမ အယ်ဒီတာတစ်ဦးက သတင်းပေးပို့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ အခန်း ၉ ပုဒ်မ ၃၉၂တွင် ဖော်ပြထားသည့် ဆန္ဒမဲ ပေးခွင့် မရှိသည့် ပုဂ္ဂိုလ်များတွင် ပုဒ်မခွဲ (က)၌ သာသနာ့ ဝန်ထမ်းများပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို ဇွန်လ ၂၁ရက် နံနက် ၁၀နာရီက ပဲခူးတိုင်း၊ တောင်ငူမြို့ ဒေသခံပြည်သူနှင့် အမျိုးသားဒီမိုကရေစီပါတီဝင်များ အင်အား ၅၀,၀၀၀ခန့် တက်ရောက်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် စည်းရုံးဟောပြောပွဲနှင့် ပြည်သူ့ဆန္ဒ လက်မှတ်ကောက်ယူပွဲများ ကို နိုင်ငံအနှံ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က မေလ ၂၇ရက်မှ ဇူလိုင်လ ၁၉ရက် အထိ ပြုလုပ်လျက်ရှိသည်။
www.mmdailystar.com