Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပါကစ္စတန်စစ်တပ်၏ စစ်ဆင်ရေးအတွင်း စစ်သွေးကြွ အနည်းဆုံး ၂၃၂ ယောက် သေဆုံး

$
0
0
ပါကစ္စတန်စစ်တပ်၏ မြောက်ဝါရစ္စတန်ပြည်နယ်တွင်း ဆင်နွှဲနေသော ဇာ့ဘ် အီ အာ့ဇ် စစ်ဆင်ရေး၌ အနည်းဆုံး စစ်သွေးကြွ ၂၃၂ ယောက် သေဆုံးပြီး စစ်သွေးကြွများခိုအောင်းရာ နေရာ ၂၀ ခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း Dawn News မှ ဇွန် ၂၀၊ သောကြာနေ့က ကြေငြာသည်။

စစ်ဆင်ရေးအတွင်း ပါကစ္စတန်စစ်တပ်မှ ၈ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသည်။

တောင်ကုန်းထက်များ၌ တည်ရှိသော အကြမ်းဖက်ဆက်သွယ်ရေးစခန်း နှစ်ခု နှင့် ဗုံးထုတ်လုပ်သော စက်ရုံ နှစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်။

ယခုအချိန်တွင် ပါကစ္စတန်စစ်တပ်မှ မီရမ်ရှား နှင့် မီယာအလီ တို့၌ စစ်ဆင်ရေး ဆက်လက်ဆင်နွှဲနေသည်။ 


From:Myo Min Thant

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>