Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကမ္ဘာ့ ဖလားကြောင့် Sky Net စက်များ ပစ္စည်းပြတ်၊ စက်ဟောင်း များအား ငွေပိုပေးဝယ်လာကြ

$
0
0
ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် Sky Net စက်များ ဝယ်လိုအား မြင့်တက်၍ ပစ္စည်း ပြတ်လပ်နေချိန် တွင် စက် ဟောင်း များအား ဈေးပိုပေး၍ ဝယ်ယူ ရောင်းချ သည့် ဈေးကွက် နယ်မြို့များ တွင် ဖြစ်ပေါ် လာကြောင်း သိရသည်။

ဘရာဇီးနိုင်ငံတွင် ကျင်းပလျက် ရှိနေသည့် ဖီဖာ ၂ဝ၁၄ ကမ္ဘာ့ဖလား ဘော လုံးပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ရွှေသံလွင် ကုမ္ပဏီ Sky Net ရုပ်သံလိုင်းမှ တစ် ဦးထဲ မူပိုင် ထုတ်လွှင့်ခြင်း အပြင် ယင်း စက်များကို ၃၆ လ အရစ်ကျ စနစ်ဖြင့် ရောင်းချလိုက်သည့် အတွက် ဘောလုံးပွဲ ကြည့်ရှုချင်သူ အများစုမှာ အဆိုပါစက် များ အပြိုင်အဆိုင် တပ်ဆင်နေကြသည်။

ယင်းသို့ တပ်ဆင် လာမှုကြောင့် Sky Net စက်များ ရောင်းအား မြင့် လာခဲ့ပြီး ဈေးကွက် ထဲတွင် ပစ္စည်းပြတ် လပ်သည် အထိ ဖြစ်ပွားနေသည်။ လက်ရှိ အချိန် အထိ ထပ်မံ ရောင်းချပေး နိုင်ခြင်း မရှိသေးဘဲ အချိန် တစ်ပတ်မျှ ကြာမြင့် ဦးမည်ဖြစ်ကြောင်း ဗိုလ်တ ထောင် Sky Net ရုံးချုပ်မှ ဇွန် ၁၆ ရက်နေ့တွင် သိရသည်။

ယင်း အခြေအနေကြောင့် အိမ်ပွဲစား အချို့သည် Sky Net စက်အဟောင်း တပ်ဆင်ထား သူများအား ငွေပိုပေး ရောင်းချရန် စည်းရုံးခဲ့ပြီး တစ်ဆင့်ပြန် ဝယ်လိုသူ များ ကို ဈေးမြှင့်၍ ပြန်လည် ရောင်းချခြင်းကြောင့် ယင်းဈေးကွက် မှာ ကြီးထွားလာခဲ့သည်။

”ဘယ်မှာမှ ဝယ်လို့ မရတော့ဘူး။ ဘောလုံးပွဲ ပြတာကလည်း ဒီရုပ်သံပဲ ရှိ တော့ ရတဲ့ဈေးနဲ့ ရသလို ဝယ်ခဲ့ရတာ”ဟု ပဲခူး တိုင်းဒေသကြီး ဥဿာမြို့သစ် မှ ကိုဝင်း က ပြောသည်။

စက်များ ပြန်လည် ဝယ်ယူရာတွင် လက်ရှိပေါက်ဈေး ထက် ပိုပေးချေရပြီး စက်တွင် ပါဝင်သည့် ကတ်သက်တမ်း အလိုက် ဈေး သတ်မှတ်ကြောင်း သက် တမ်း မတိုးထား သည့် စက်များသည် ကျပ်တစ်သိန်း အထိ ပေါက်ဈေးရှိနေ ကြောင်း တာမွေမြို့နယ် မှ ရောင်းချခဲ့ဖူး သူ ကိုသန်းလှိုင်က ပြောသည်။

Sky Net စက်များ၏ လက်ရှိ ရောင်းဈေးမှာ စက်တန်ဖိုးကျပ် ၅၅ဝဝဝ၊ ရုပ်သံလိုင်း အတွက် စပေါ်ငွေ ကျပ် ၂၇ဝဝဝ၊ လိုင်းကြေး တစ်လ လျှင် ကျပ် ၁၃၅ဝဝ တပ်ဆင်ခ ကျပ် တစ်သောင်းဖြစ် ကြောင်း သိရသည်။

လက်ရှိ ဖြစ်ပေါ်နေသော အခြေ အနေမှာ တစ်ဦးတည်း မူပိုင် ပြသနေ ခြင်းကြောင့် တပ်ဆင် အသုံးပြုသူများ အခက်အခဲ ဖြစ်နေရခြင်း ဖြစ်ကြောင်း နိုင်ငံ အတွင်းရှိ အခမဲ့ ရုပ်သံ လိုင်းများ၊ အခြား အခပေး ရုပ်သံလိုင်း များမှလည်း ပြသခွင့် ရရှိမည် ဆိုပါက ယခုကဲ့သို့ ဖြစ်လာဖွယ် မရှိနိုင်ကြောင်း ရုပ်သံလိုင်း အချင်းချင်း ပြိုင်ဆိုင်မှု တွင် ပြည်သူ များ ထိခိုက်နစ်နာနေ ရကြောင်း စီးပွားရေး လုပ်ငန်းရှင် အချို့က သုံးသပ်ကြသည်။

PN052
From: Popular Myanmar

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈


မနောမယအိမ်ခြံမြေရောင်းနည်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


MPT ဆင်းကတ်ရောင်းချသော ဖုန်းဆိုင်မှ လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများ...


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


Burmese to English Dictionary (Unicode)


စနေမင်း နှင့် တနင်္ဂနွေမင်း


ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


မအေးသောင်းတို့ညီအမ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>