ဖေ့စဘုတ်ပေါ်မှာ ဒီမိုဆိုသူတွေရဲ့ သဘောထား၊ ရပ်တည်ချက်၊ အပြောအဆိုတွေ တွေ့ရကြားရတာ ရီချင်မိတယ်။ အထူးသဖြင့် သံဃာတွေနှင့် ပတ်သက်ရင်ပါ။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ ခွန် ဒီးယမ် တို့၊ လန်ဒန်နိုင်ဝင်းတို့ရဲ့ သံဃာတွေကို သတ်တော့ဖြတ်တော့မလို၊ ဆဲဆို ကြိမ်းဝါးနေတဲ့ ပို့စ်တွေ ဖတ်နေရတယ်။
ဟော မဟာသန္တိသုခကိစ္စလည်း ဖြစ်ရော ဘုန်းဘုန်းဘုရားတွေ၊ ဘုရားသားတော်တွေ ဖြစ်ကုန်တယ်။ အရင်ပြောနေကြ ဂတုံး တို့၊ စစ်ခွေးဘုန်းကြီးတို့ဆိုတာတွေ မကြားရတော့ဘူး။ ချက်ချင်းဆိုမှ ချက်ချင်း။
အရင်က ဒီမိုဆိုသူတွေ ပြောနေကြစကားက သံဃာတွေ နိုင်ငံရေး မပါသင့်ဘူး။ ဒါပေမယ့် ဆရာတော် အရှင်ဆန္ဒဓိက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးတော့ကျ ဘေးနားက ပြုံးပြုံးကြီးတွေ ရပ်လို့ပါလား။
NLD က သံဃာနှင့် ပတ်သက်ရင် ရပ်တည်ချက် နှစ်မျိုး ရှိပုံရတယ်။
- ခု တစ်မျိုး
- တော်ကြာတစ်မျိုး
ရွှေဝါရောင်တုန်းကလည်း ဒီလိုပါပဲ။ ရွှေဝါရောင်မတိုင်ခင် တစ်ရက်၊ နှစ်ရက်အလိုထိ DVB က သီတာတို့ တင်မင်းဇော်တို့ မြန်မာဗုဒ္ဓဘာသာဘုန်ကြီးတွေက တိုင်းရင်းသား ခရစ်ယာန်တွေကို မည်ကဲ့သို့ အနိုင်ကျင့်ကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့် မရှိကြောင်းတွေ လွှင့်နေတာ။ ဗြုန်းဆို ရွှေဝါရောင်လည်း စလိုက်ရော အသံလွှင့်နေတာတွေ ချက်ချင်းရပ်ပြီး ခု NLD တွေ ထွက်နေတဲ့ လေသံအတိုင်း ဘုန်းဘုန်းဘုရားတွေ ဖြစ်ကုန်တယ်။
အဲဒါတွေပါပဲ။ ကိုယ်နှင့်တည့်ရင် ဘုန်းဘုန်း; မတည့်ရင် ဂတုံး။
အင်း ဘုန်းကြီးတွေကို ငတုံး လို့များ သဘောထားနေကြလား မသိ။
From:Myo Min Thantပြီးခဲ့တဲ့ တစ်ပတ်လောက်ကပဲ ခွန် ဒီးယမ် တို့၊ လန်ဒန်နိုင်ဝင်းတို့ရဲ့ သံဃာတွေကို သတ်တော့ဖြတ်တော့မလို၊ ဆဲဆို ကြိမ်းဝါးနေတဲ့ ပို့စ်တွေ ဖတ်နေရတယ်။
ဟော မဟာသန္တိသုခကိစ္စလည်း ဖြစ်ရော ဘုန်းဘုန်းဘုရားတွေ၊ ဘုရားသားတော်တွေ ဖြစ်ကုန်တယ်။ အရင်ပြောနေကြ ဂတုံး တို့၊ စစ်ခွေးဘုန်းကြီးတို့ဆိုတာတွေ မကြားရတော့ဘူး။ ချက်ချင်းဆိုမှ ချက်ချင်း။
အရင်က ဒီမိုဆိုသူတွေ ပြောနေကြစကားက သံဃာတွေ နိုင်ငံရေး မပါသင့်ဘူး။ ဒါပေမယ့် ဆရာတော် အရှင်ဆန္ဒဓိက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးတော့ကျ ဘေးနားက ပြုံးပြုံးကြီးတွေ ရပ်လို့ပါလား။
NLD က သံဃာနှင့် ပတ်သက်ရင် ရပ်တည်ချက် နှစ်မျိုး ရှိပုံရတယ်။
- ခု တစ်မျိုး
- တော်ကြာတစ်မျိုး
ရွှေဝါရောင်တုန်းကလည်း ဒီလိုပါပဲ။ ရွှေဝါရောင်မတိုင်ခင် တစ်ရက်၊ နှစ်ရက်အလိုထိ DVB က သီတာတို့ တင်မင်းဇော်တို့ မြန်မာဗုဒ္ဓဘာသာဘုန်ကြီးတွေက တိုင်းရင်းသား ခရစ်ယာန်တွေကို မည်ကဲ့သို့ အနိုင်ကျင့်ကြောင်း၊ ဘာသာရေးလွတ်လပ်ခွင့် မရှိကြောင်းတွေ လွှင့်နေတာ။ ဗြုန်းဆို ရွှေဝါရောင်လည်း စလိုက်ရော အသံလွှင့်နေတာတွေ ချက်ချင်းရပ်ပြီး ခု NLD တွေ ထွက်နေတဲ့ လေသံအတိုင်း ဘုန်းဘုန်းဘုရားတွေ ဖြစ်ကုန်တယ်။
အဲဒါတွေပါပဲ။ ကိုယ်နှင့်တည့်ရင် ဘုန်းဘုန်း; မတည့်ရင် ဂတုံး။
အင်း ဘုန်းကြီးတွေကို ငတုံး လို့များ သဘောထားနေကြလား မသိ။
www.mmdailystar.com