Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အသုံးလုံးလုံးမကျတဲ့ NLD ဗဟိုကော်မတီ အာဏာသိမ်းဖို့ ကြံလေသလား ??

$
0
0

ယခုလ ၈၊၉၊၁၀ နေ့များတွင်ပြုလုပ်မည့် NLD ဗဟိုညီလာခံမတိုင်မီ NLD ပါတီဝင်အချို့ လျှို့ဝှက်အစည်း အဝေး ၃ ကြိမ်ကို ၃ နေရာခွဲပြီးပြုလုပ်ခဲ့ကြသည်ဟုသိရပါသည်။ သူတို့၏ရည် ရွယ်ချက် မှာ ယခုဗဟိုညီလာခံ၌ အနိုင်ရရှိရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် သူတို့အသာစီး ရရေးတို့ဖြစ်ပြီး ၂၀၁၅ တွင်ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ်ရွေးချယ် တင်မြှောက်ခြင်းခံရပါက ပါတီဥက္ကဌ အဖြစ်မှ ဖယ်ရှားရေး တို့ဖြစ်သည်ဟုသိရပါသည်။ ယခုပါတီတွင်း မသမာမှု၏နောက်ကွယ်တွင် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း တိုက်ရိုက်ပတ်သက်နေသည်ဟုလည်း သိရပါသည်။

ထိုလျှို့ဝှက်အစည်းအဝေးများကိုတက်ရောက်ခဲ့ကြသောသူများစာရင်းတွင် စမ်းချောင်းမြို့နယ်မှ ဦးဘိုဘိုဦး၊ သာကေတမြို့နယ်မှ ဦးကျော်ကျော်ထွေး၊ ကျောက်တံတားမြို့နယ်မှ ဒါရိုက်တာကြည်ဖြူ သျှင်၊ အင်းစိန်မြို့နယ်မှ ဦးခင်မောင်ရှိန်၊စစ်ကိုင်းတိုင်းမှ ဒေါ်မိမိကြီး၊ရွှေပြည်သာမြို့နယ်မှ ဦးသန့်ဇင်၊လမ်း မတော်မြို့ နယ် မှဦးခင်မောင်ဝင်း တို့ပါဝင်သည်ဟုသိရပါသည်။ ယနေ့ ဒေါ်အောင်ဆန်းဆုကြည် မှ တိုက်ရိုက် ဖွဲ့စည်းစေလွှတ်လိုက်သော စုံစမ်းစစ်ဆေးရေးကော်မီတီ ၏စစ်ဆေးတွေ့ရှိချက်များအရ ဦးခင်မောင်ရှိန်၊  ဒေါ်မိမိကြီး၊ဦးသန့်ဇင်၊ဦးခင်မောင်ဝင်း တို့ ၄ ဦး ကို ညီလာခံကိုယ်စားလှယ် အဖြစ်မှရပ်စဲ လိုက်ကြောင်းသိရပါသည်။ ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းပြု၊မပြုကို မဆုံးဖြတ်ရသေးကြောင်းသိရပါသည်။

From:Lun Swe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...