Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အိန္ဒိယအား စိုးမင်းဦး၏ ဂိုးဖြင့် အနိုင်ရကာ မြန်မာ ခြေစစ်ပွဲ အောင်မြင်

$
0
0

AFC Challenge Cup 2014 ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းသည် ပြိုင်ဘက် အိန္ဒိယ အသင်းအား စိုးမင်းဦး၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရကာ ခြေစစ်ပွဲကို တိုက်ရိုက်   အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။

ယခုပွဲတွင် မြန်မာအသင်း အနေဖြင့် တိုက်စစ်တွင် ကြည်လင်း တစ်ဦးတည်းအား အထောင်ထားခဲ့ပြီး ကွင်းလယ်တွင် ကျော်ဇေယျာဝင်း၊ ရာဇာဝင်းသိန်း၊ ဒေးဗစ်ထန်၊ ပိုင်စိုး၊ ရန်အောင်ကျော် နောက်တန်းတွင် သက်နိုင်၊ ပြည့်ဖြိုးအောင်၊ ဇော်မင်းထွန်း၊ အောင်ဟိန်းကျော် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ဂိုးသမား နေရာတွင် သီဟစည် သူ ကိုသာ ဆက်လက် အသုံးပြုခဲ့သည်။

ပွဲစသည်နှင့် အိန္ဒိယအသင်းက မြန်မာအသင်းဘက်သို့ တိုက်စစ်ဆင် ကစားရာ တစ်မိနစ် အတွင်းမှာ ပင် ထောင့်ကန်ဘော တစ်ကြိမ် စတင် ရရှိခဲ့သည်။ ထို့အတူ မြန်မာအသင်း အနေဖြင့်လည်း အိန္ဒိယ အသင်းဘက်သို့ တရဆတ် ထိုးစစ်ဆင် ကစားလာခဲ့ပြီး ပထမဆုံး ထောင့်ကန်ဘောကို ပွဲချိန် ၅မိနစ်တွင် စတင်ရရှိခဲ့ပြီး ကျော်ဇေယျာဝင်း ကန်တင်မှုကို သက်နိုင် ခေါင်းတိုက် ဂိုးသွင်းရန် ကြိုးပမ်းခဲ့ရာ ဂိုးလွန်ဘော ဖြစ်ခဲ့သည်။ ၁၁မိနစ်တွင် မြန်မာအသင်း၏ တိုက်စစ်မှူး အဖြစ် ပွဲထွက်လာသည့် ကြည်လင်းက ဧရိယာ ပြင်ပမှ အဝေး ကန်ချက်ဖြင့် အမှတ်မထင် ကန်သွင်းခဲ့ သော်လည်း ဂိုးဘား ကပ်ကျော်သွား ခဲ့သည်။

၁၆မိနစ်တွင် အိန္ဒိယ အသင်း မြန်မာဘက်သို့ ထိုးဖောက်မှုမှ တစ်ဆင့် ကလစ်ဖို့ဒ် အဝေးကန်ချက်ဖြင့် ခြိမ်းခြောက် ခဲ့သော်လည်း ဂိုးဘေး ထွက်ခဲ့သည်။ တစ်မိနစ်ခန့် အကြာတွင် မြန်မာအသင်း တန်ပြန် ထိုးစစ်မှ တစ်ဆင့် ကျော်ဇေယျာဝင်း ဧရိယာ အတွင်းမှ ကန်သွင်းခဲ့ရာ ဂိုးပေါက် လွဲခဲ့၍ နစ်နာခဲ့သည်။

၁၉မိနစ်တွင် ကြည်လင်း တစ်ကိုယ်တော် အစွမ်းဖြင့် တန်ပြန် ထိုးစစ်ဆင်ရာ အိန္ဒိယ နောက်ခံလူ ဥပဒေပ တားဆီးခဲ့၍ အ၀ါကတ်ပြ သတိပေးကာ မြန်မာအသင်းအား ပြစ်ဒဏ်ဘော ကန်ခွင့် ပေးခဲ့သည်။ အိန္ဒိယ အသင်းသည် ယနေ့ပွဲ၌ ၄-၂-၃-၁ ပုံစံဖြင့် ပွဲထွက်ခဲ့ကာ မြန်မာအသင်းအား တောင်ပံများမှ ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့သည်။ မြန်မာအသင်း အနေဖြင့်လည်း ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူကာ လျင်လျင်မြန်မြန် ထိုးဖောက်မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့ သော်လည်း အပိုင် ဂိုးသွင်းခွင့် မယ်မယ်ရရ ဖန်တီးနိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့သည်။ မြန်မာ အသင်းသည် ယနေ့ပွဲတွင် ကြည်လင်းကို တိုက်စစ်တွင် အထောင်ထားကာ အဝေး ကန်ချက်များဖြင့် ပေးပို့မှု ပြုလုပ်ခဲ့ သော်လည်း အရပ်အမောင်း ကောင်းသည့် အိန္ဒိယ နောက်ခံလူ များက တည်တည်ငြိမ်ငြိမ် ဖျက်ထုတ် နိုင်ခဲ့သည့် အတွက် ဂိုးသွင်းခွင့် ရရှိရန် အခွင့်အရေး နည်းပါး နေခဲ့သည်။

၃၈မိနစ်တွင် အိန္ဒိယအသင်း နောက်ခံလူ ရာဂျူ၏ အားပါသည့် လက်ပစ်ဘောမှ တစ်ဆင့် ဂိုးရရှိရန် နီးစပ်ခဲ့ သော်လည်း တိုက်စစ်မှူးများ အဆုံးသတ် နိုင်ခြင်း မရှိခဲ့၍ ဂိုးလွန်ဘောသာ ဖြစ်ခဲ့သည်။ ၄၃မိနစ်တွင် အိန္ဒိယ အသင်း ဘယ်ခြမ်းမှ မီရန်ဒါ ဖြတ်တင်မှုအား ဇော်မင်းထွန်း အသည်းအသန် ဖျက်ထုတ် နိုင်ခဲ့၍သာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် တစ်ဖက်နှင့် တစ်ဖက် ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခဲ့သည်။

ဒုတိယပိုင်း ပြန်စတင်၍ ပွဲချိန် မိနစ်၅၀တွင် မြန်မာအသင်း ပထမဆုံး လူစားလဲမှုပြုလုပ်ခဲ့ပြီး ပိုင်စိုးနေရာတွင် တိုက်စစ် ကစားသမား စိုးမင်းဦးအား ထည့်သွင်းခဲ့သည်။ ၅၁မိနစ်တွင် မြန်မာအသင်း အပိုင်အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပြီး သက်နိုင်၏ ညာတောင်ပံမှ ဖြတ်တင်ပေးပို့ မှုကို ကြည်လင်း ဆွဲယူ ကန်သွင်းရာတွင် ဂိုးသမား ခက်ခက်ခဲခဲ ပုတ်ထုတ် ကာကွယ်ခဲ့ရသည်။ ထို့အတူ ၅၃မိနစ်တွင် ကြည်လင်း၏ ပေးပို့မှုကို စိုးမင်းဦး ဖန်တီးပေးရာမှ တစ်ဆင့် ကျော်ဇေယျာဝင်း ပိတ်သွင်းခဲ့ရာ ဂိုးဘေး ကပ်ထွက်ခဲ့သည်။ မြန်မာအသင်းသည် စိုးမင်းဦး ၀င်ရောက် လာခဲ့ပြီး နောက်တွင် ကစားပုံ ပိုသွက်လာခဲ့ပြီး အိန္ဒိယ နောက်တန်းအား ခြိမ်းခြောက်မှုများ ပိုမို ပြုလုပ် လာနိုင်ခဲ့သည်။

၅၉မိနစ်တွင် ဒေးဗစ်ထန် ညာခြမ်းမှ မတင်ပေးမှုအား ကြည်လင်းက လေထဲမှ မြေမကျ ကန်သွင်းချက်ကို အိန္ဒိယ နောက်ခံလူ အချိန်မီ ဖျက်ထုတ် နိုင်ခဲ့သဖြင့် ဂိုးပေါက်ကပ်လွဲကာ ထောင့်ကန်ဘော ဖြစ်ခဲ့သည်။ ၆၄မိနစ်တွင် သက်နိုင် ညာခြမ်းမှ ဆွဲပြေး ဖြတ်ထိုးပေးမှုအား ကျော်ဇေယျာဝင်း အပိုင် ပိတ်သွင်းခဲ့ သော်လည်း နောက်ခံလူနှင့် ထိခဲ့၍ အရာမထင်ခဲ့ပေ။ ထို့အတူ ၆၆မိနစ်တွင် ရန်အောင်ကျော် အဝေး ကန်ချက်ဖြင့် ခြိမ်းခြောက် ဂိုးသွင်းရန် ကြိုးပမ်းခဲ့ သော်လည်း အပေါ်ထောင် သွားခဲ့သည်။ ပွဲချိန် ၆၉မိနစ်တွင် စိုးမင်းဦး ဂိုးသွင်းရန် ကြိုးပမ်းခဲ့ မှုကို အိန္ဒိယ နောက်ခံလူ တားဆီးခဲ့၍ ဒိုင်လူကြီးမှ အ၀ါကတ် ပြကာ မြန်မာအသင်းအား ပြစ်ဒဏ်ဘော ကန်ခွင့် ပေးခဲ့သည်။ ဘီးကုတ်အစပ်မှ ကန်ခွင့်ရခဲ့သည့် အဆိုပါ ပြစ်ဒဏ်ဘောကို ကျော်ဇေယျာဝင်း ကန်သွင်းခဲ့ရာ ကန်ချက် ကောင်းမွန်ခဲ့ သော်လည်း ဂိုးဘား ကပ်ကျော် သွားခဲ့သည်။

၇၁မိနစ်တွင် အိန္ဒိယ အသင်း တိုက်စစ်ဆင် ကစားခဲ့ပြီး ရှေ့တန်းလူ ဖရန်ဆစ္စကိုဧရိယာအပြင် ခပ်လှမ်းလှမ်းမှ အမှတ်မထင် အပြင်းကန်သွင်းခဲ့ရာ ကန်ချက် အားပါ ကောင်းမွန်ခဲ့ပြီး ဂိုးတိုင်ထိထွက်ခဲ့၍ မြန်မာတို့ သက်သာရာ ရခဲ့သည်။ ၇၅မိနစ်တွင် မြန်မာအသင်း အဖွင့်ဂိုး စတင်ရရှိခဲ့သည်။ ယင်းဂိုးအား ကွင်းလယ်မှ အချိတ်အဆက် မိမိ ထိုးဖောက် တိုက်စစ်ဆင်ရာမှ တစ်ဆင့် ပြည့်ဖြိုးအောင် ဘယ်ခြမ်းမှ ဖြတ်တင်ပေးရာ အိန္ဒိယ နောက်ခံလူနှင့် ဂိုးသမားတို့ ရှုပ်ထွေးကာ ပြန်ထွက်လာသည့် ဘောလုံးအား လူစားဝင် တိုက်စစ်မှူး စိုးမင်းဦးက အပိုင် ကန်သွင်းခဲ့ခြင်း ဖြစ်သည်။

မိနစ် ၈၀တွင် အိန္ဒိယအသင်း အပိုင်အခွင့်အရေး တစ်ရပ် အဖြစ် လက်ပစ်ဘောမှ တစ်ဆင့် တိုက်စစ်မှူး ချက်ထရီ အပိုင် ပိတ်သွင်းခဲ့ သော်လည်း ဂိုးသမား သီဟစည်သူ အကောင်းဆုံး ပုတ်ထုတ် ကာကွယ် နိုင်ခဲ့သည်။ ထို့နောက်တွင် မြန်မာအသင်း ဒုတိယ လူးစားလဲမှု အဖြစ် ကွင်းလယ်လူ ဒေးဗစ်ထန် နေရာတွင် ခံစစ် အားသန်သည့် နိုင်လင်းဦးအား ထည့်သွင်းခဲ့သည်။ မိနစ် ၉၀ပြည့်ခါနီးတွင် ကြည်လင်း တန်ပြန် ထိုးစစ်မှ တစ်ဆင့် တစ်ကိုယ်တော် ထိုးဖောက်ကာ အမှတ်မထင် ကန်သွင်းချက် ဂိုးသမား ပုတ်ထုတ်ခဲ့၍ ထောင့်ကန်ဘောသာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ထပ်ဆောင်း အချိန်ပို ၄မိနစ် သတ်မှတ် ပေးခဲ့ပြီး မြန်မာအသင်းက အနိုင်ဂိုးအား ဆက်လက် ထိန်းထားနိုင် ခဲ့ကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

AFC Challenge Cup 2014 ပြိုင်ပွဲအား ၂၀၁၄ ခုနှစ် မတ်လတွင် မော်လ်ဒိုက် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်သည့် အသင်းသည် ၂၀၁၅တွင်   ပြုလုပ်မည့် အာရှဖလား ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

From:Myanmar Football Federation

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>