Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သူတို့လူကို တင်ချင်လို့ ကျွန်တော်တို့ကို အပြစ်မရှိ အပြစ်ရှာပြီး ဖြုတ်လိုက်တာ ဟူသည့်ကိစ္စ အတွက် ဗဟို ညီလာခံ ကိုယ်စားလှယ်မှ ရပ်ဆဲခံရသူတစ်ဦး ကပြန်လည်ဖြေရှင်း

$
0
0

 မတ်လ ၉ရက်နေ့တွင် စတင် ကျင်းပမည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ကိုယ်စားလှယ်အဖြစ် မှရပ်ဆဲလိုက်သောကိုယ်စား လှယ် လေးဦးရှိနေပြီး မည်သည့်အကြာင်းပြ ချက်   ကြောင့်   ရပ် ဆဲခံရသည်ကို မသိကြာင်း ရန်ကုန်တိုင်း ဒေသကြီး ၊ မြောက်ပိုင်းခရိုင် ဗဟိုညီလာခံ ကိုယ်စား  လှယ်ဖြစ် သူ ဦးခင်မောင်ရှိန်က ယနေ့တွင် မီဒီယာများနှင့် တွေ့ဆုံ၍ ပြောကြားသည်။ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင်သည် မတ်လ၅ရက်နေ့ ရက်စွဲဖြင့် အဖွဲ့ချုပ် အတွင်း ညီညွတ်ရေးကို   ပြိုကွဲပျက်ဆီးစေမည့် အပြုအမူ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင် လုံသော သတင်း ရရှိထား သဖြင့် ဗဟိုညီလာခံ ကိုယ်စားလှယ်များ ဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီးမှ လမ်း မတော်မြို့နယ်ဥက္ကဌ ဦးခင်မောင်ဝင်း၊ ရွှေပြည်သာမြို့နယ်မှ ဦးသန့်ဇင်၊ မြောက်ပိုင်း ခရိုင်ဥက္ကဌ ဦးခင်မောင်ရှိန်၊   စစ်ကိုင်းတိုင်း ကောလင်းမြို့မှ ဒေါ်မိမိကြီးအား ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆဲလိုက်သည်ဟူ၍ ကြေညာထားခြင်းဖြစ်သည်။

 ယင်းကိစ္စနှင့်ပတ်သက၍် ဦးခင်မောင်ရှိန်က“ သူတို့ ပြောတဲ့ ခိုင်လုံတဲ့ သတင်းဆိုတာကို ဘာမှန်းမသိဘူး” ၎င်းသည် မြောက်ပိုင်းခရိုင် ဗဟိုညီလာခံ ကိုယ်စားလှယ် အချို့နှင့် သမိုင်းလမ်းဆုံရှိ စီးတီးမတ်ဆိုင်တွင် တွေ့ဆုံမှု ပြုလုပ်ကြ၍ မည်သူအရွေးချယ်ခံ၊ မခံကြောင်း ကိုသာ ဆန္ဒပြုခဲ့ကြကြောင်း ဆက်လက် ပြောကြားသည်။ ဗဟိုညီလာခံ ကျင်းပရေး ကော်မ ရှင်သည် ဖေဖော်ဝါရီ ၂၆ရက် အစည်းအဝး ဆုံးဖြတ်ချက်အရ ညီလာခံ ကိုယ်စားလှယ် များ သည် ရွေးချယ်မှု အဆင့်ဆင့်တွင် အခြားသူများအား မည်သူ့ကို ဆန္ဒမဲပေးရန် သို့မဟုတ် မဲမပေးရန် စည်းရုံးခြင်း  မပြုရ။ ထိုသို့စည်းရုံးမှုကို တိုက် တွန်းခြင်း၊ အားပေးခြင်း၊ ကူညီခြင်းမပြုရ။ ညီလာခံ ကိုယ်စား လှယ်၏ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်ကို ထိခိုက်စေမည့် အပြုအမူ ၊အပြောအဆိုမျိုးကို မပြုလုပ်ရ ဟူ၍လည်း စည်းကမ်းချက်များ ထုတ်ပြန် ထားသည်။

 ယင်းစည်းကမ်းချက်များသည်ပင် ဒီမိုကရေစီ နည်းလမ်း မကျမှုများ ရှိနေသည်ဟု ညီလာခံ ကိုယ်စား လှယ်အဖြစ် ရပ်ဆဲခံရသူ ဦးခင်မောင်ရှိန်ကပြောကြားသည်။ အဆိုပါ ဦးခင်မောင်ရှိန်သည် ၁၉၉၃ခုနှစ် တွင် ပါတီဝင် အဖြစ်လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် အင်းစိန်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စည်းရုံးရေး အဖွဲ့ဝင်နှင့် တိုင်းစည်းရုံးရေး ဥပဒေ အထောက်အကူပြု အရံအဖွဲ့ဝင်၊ ၂၀၀၁ခုနှစ်တွင် မြို့နယ်များပြန်လည် ဖွဲ့စည်းရေးအဖွဲ့ဝင်၊ တိုင်းစည်း အရံအဖွဲ့ဝင်၊ ဗဟိုဥပဒေပြု အဖွဲ့ဝင်၊ ၂၀၁၂ခုနှစ်တွင်   ရွေးကောက် ပွဲ   အောင်နိုင်ရေး ဗဟိုအဖွဲ့ဝင်၊ ရန်ကုန်တိုင်း အဖွဲ့ဝင်၊ ခရိုင် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အင်း စိန်မြို့နယ် ၊ တောင်သူကုန်းရပ်ကွက် ဥက္ကဌ ၊ ခရိုင်ညီလာခံ၏ ထောက်ခံမဲ အများဆုံး ကိုယ်စား လှယ်၊ မြောက် ပိုင်းခရိုင် ဥက္ကဌ ၊ ဗဟိုညီလာခံ ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခံရပြီးနောက် မတ်လ ၅ရက်နေ့ တွင် ညီလာခံ ကျင်းပရေး ဗဟိုကောင်မရှင်မှ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကိုယ်စားလှယ် အဖြစ်မှ ရပ်ဆဲခံလိုက်ရခြင်း ဖြစ်သည်။


The Myanma Age

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>