Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၂ဝ၁၃ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန် ဆုစာရင်းဝင် ရုပ်ရှင် ဇာတ်ကား ၁၅ကား စာရင်း

$
0
0
 
၂ဝ၁၃ ခုနှစ် မြန်မာရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် အကျုံးဝင် သည့် ၂ဝ၁၃ ခုနှစ် အတွင်း ရုံတင်ပြသခဲ့ ပြီးသော ရုပ်ရှင်ဇာတ်ကား ၁၅ကား စာရင်းထွက် ရှိ လာပြီ ဖြစ်သော်လည်း အကယ်ဒမီဆု ချီးမြှင့် ပေးအပ်နိုင်ရေး အတွက် လက်ရှိ၌ စိစစ်အကဲဖြတ်ရေး အဖွဲ့များကို ဖွဲ့စည်းထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှ သိရသည်။ အဆိုပါ ဇာတ်ကား ၁၅ကား စာရင်းတွင် ပါဝင်သော ဒါရိုက်တာဝိုင်း ရိုက်ကူး ထားသည့် “စေတန်ရဲ့ကချေသည်” ဇာတ်ကားသည် လက်ရှိ၌ရန် ကုန်တွင် ရုံတင်ပြသနေ ဆဲဖြစ်ပြီး ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “နင်စေရင်”၊ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးသည့်”စုန်းပြူး”၊ ဒါရိုက်တာမင်း အုပ်စိုး ရိုက်ကူးသည့် “လူရွှင်တော် အိပ်မက်” ရုပ်ရှင် ဇာတ်ကား များသည် ရန်ကုန်မြို့၌ ရုံတင်ပြသမှု မရှိသေးသော ရုပ်ရှင်ဇာတ် ကားများဖြစ်သည်။ ၂ဝ၁၂ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနား ကို ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် လုပ်ငန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးတို့မှ ပူးပေါင်း၍ အကယ်ဒမီ ထူးချွန်ဆု ပေးအပ် ချီးမြှင့်ခြင်း ကို ပြု လုပ်ခဲ့ခြင်း ဖြစ်ပြီး ယခု၂ဝ၁၃ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနား ကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ပြု လုပ် ပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။

"အကယ်ဒမီ စီစစ်ရွေးချယ်ရေးနဲ့ဆုပေးပွဲချီးမြှင့်ရေးအတွက် ဗဟိုဦးစီး စီမံခန့်ခွဲရေးအဖွဲ့ အခုမှ စဖွဲ့တဲ့အဆင့်ပဲ ရှိပါသေးတယ်။ အကယ်ဒမီ စီစစ်ရွေးချယ် သတ်မှတ်မယ့်အဖွဲ့က အနုပညာရှင် အတတ်ပညာရှင် ရွေးချယ် ဖွဲ့စည်းတဲ့ အဆင့်မရောက်သေးပါဘူး ။ အမြန်ဆုံး လုပ်ရမှာပါ ။ဒီလအတွင်းမှာကို ဖြစ်နိုင်အောင် ကြိုးစားပြီး ဖွဲ့စည်းရမှာပါ ဇွန်လကုန်မှာ ဖွဲ့ပြီး အနောက်ကျဆုံး ဇူလိုင်လဆန်းမှာ စပြီး အကယ်ဒမီ ဇာတ်ကားတွေ ကြည့်တော့မှာပါ"ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌ ဦးလူမင်းက ပြောသည်။
ပြောသည်။

၂ဝ၁၃ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ စတင် တာဝန်ယူ လုပ်ဆောင်မည် ဖြစ်ပြီး နှစ်စဉ် ကျင်းပခဲ့သည့် ပွဲများထက် အဆင့်မနိမ့်သည့် ကြီးကျယ် ခမ်းနားမည့် အကယ်ဒမီပွဲ ဖြစ်အောင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက လုပ်ဆောင်သွားမည် ဖြစ်သည်။

အကယ်ဒမီ ဆုချီးမြှင့်ပွဲအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှုးပြီး(၂ဝ၁၃)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် အခမ်းအနား ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် အစည်းအဝေးကို ဇွန်လ ၃ရက်နေ့ နံနက်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၃ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအပြင် ပြန်ကြားရေးဝန်ကြီးဌာန ဘက်မှာလည်း ပါဝင် ကူညီ လုပ်ဆောင် ပေးမည် ဖြစ်သည်။ ဆုရွေးချယ်ရေးကိုလည်း အဆင့်နှစ်ဆင့်ခွဲကာ သတ်မှတ်မည် ဖြစ်ပြီး တစ်ဆင့်ချင်းစီ၏ မှတ်ချက် များကို ယူကာ အဆင့်နှစ်ခု၏ မှတ်ချက်များဖြင့် အကဲဖြတ် ရွေးချယ်ကြမည် ဖြစ်သည်။

လက်ရှိတွင် ၂ဝ၁၃ခုနှစ် အကယ်ဒမီ ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၁၅ကားရှိပြီး အကယ်ဒမီ ဆုရွေးချယ်ရေး မှာလည်း အဖြောင့်မတ် အမှန်ကန်ဆုံး ဖြစ်အောင် ရွေးချယ်သွားမည်ဟု ဥက္ကဌ ဦးလူမင်းက ဆိုသည်။

၂ဝ၁၃ခုနှစ် အကယ်ဒမီဆု အတွက် အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၁၅ကားတွင် ရုံတင်ပြသပြီးသည့် ဇာတ်ကားများ ပါဝင်သလို ရုံတင်ရက် နောက်ကျခြင်းကြောင့် ရုံတင် မပြရသေးသည့် ဇာတ်ကားများလည်း ပါဝင်လျက်ရှိသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ပန်းချီစိုးမိုးက အကယ်ဒမီ ဆုရွေးချယ်ခြင်း စည်းကမ်း သတ်မှတ်ချက်များ ကို ပြုစုပြီး ဖြစ်သလို  ထိုစည်းကမ်းချက်များသည် အလွှာ၁၁လွှာ၏ အကြုံပြုချက်များကို ရယူပြီး ပြုစုထားခြင်း ဖြစ်သည်။



www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>