Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မျိုးချစ်လူငယ်တစ်ဦးမှ အင်းစိန်မြို့ရှိ NLD ဆိုင်းဘုတ်အား ဆွဲဖြဲပစ်ခဲ့

$
0
0

ရန်ကုန်တိုင်းဒေသကြီး အင်စိန်မြို့နယ်တွင် မေလ ၃၀ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုင်းဘုတ် ဗီနိုင်စအား ဆွဲဖြဲသွားသူ မျိုးချစ်လူငယ်တစ်ဦးကို အင်းစိန်မြို့နယ် ရဲစခန်းက ပြစ်မှုပုဒ်မ ၂၉၄၊ ၅၀၀ ဖြင့် အမှုဖွင့်ထားကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း အဆိုပါရဲစခန်းမှ သတင်းရရှိသည်။ ဖြစ်ပွားပုံမှာ အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မြို့ပတ်လမ်း သောင်းထိုက် လက်ဖက်ရည်ဆိုင်ရှေ့တွင် ချိတ်ဆွဲထားသော အလျား သုံးပေ အနံ သုံးပေခန့်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနီရောင် ဗီနိုင်းစအား စိုးလင်းထွန်း (၄၃) နှစ် ယာဉ်မောင်း (ရွှေဧည့်သည်ယာဉ်လိုင်း) အင်းစိန်မြို့နယ် နေသူ "----"ဆိုကာ ဆွဲဖြဲသွားကြောင်း သိရသဖြင့် အဆိုပါ မြို့နယ် NLD မှ အလုပ်အမှုဆောင် တွဲဖက်အတွင်းရေးမှူး ဦးမျိုးမင်းဦးက ယင်းနေရာသို့ သွားရောက်ခဲ့စဉ် မျိုးချစ်လူငယ် စိုးလင်းထွန်းအား မတွေ့ရှိရတော့ပဲ ကြိုက်တဲ့နေရာရှင်းမယ်ဟု သတ္တိရှိရှိ စိန်ခေါ် ပြောဆိုကာ ထွက်သွားကြောင်း ပတ်ဝန်းကျင်နေသူများက ပြောပြသဖြင့် အရေးယူပေးရန် ဦးမျိုးမင်းဦးက တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရေးအတွက် လူထုဆန္ဒသဘောထားလက်မှတ်များကို တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် ကောက်ခံနေချိန်ဖြစ်ပြီး မျိုးချစ် ပြည်သူအများအပြားမှ ဆန့်ကျင်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။



www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>