နိုင်ငံပိုင်ငွေကြေး အလွဲသုံးမှုသံသယဖြင့် စစ်ဆေးခြင်း ခံရသည့် ဆက်သွယ်ရေးအရာရှိများမှာ မူလရာ ထူးနှင့် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နေပြီဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
''လုပ်ငန်းခွင်ပြန်ဝင်နေ တာ ပြီးခဲ့တဲ့လ ၂၂ ရက် ကတည်းကပါ။ အမှုပြီးစီးလို့ အပြစ်မရှိဘူးဆိုတဲ့ သဘော နဲ့ ပြန် လွှတ် လိုက်တာထင် ပါတယ်။ ရာထူးလည်း အရင်ထမ်းဆောင်ခဲ့တဲ့ရာထူး အတိုင်း ပြန်ပေး ခဲ့ပါ တယ်''ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စစ်ဆေးခံရသည့် အရာရှိတစ်ဦးကပြောသည်။
ယင်းသို့ မူလတာဝန် ပြန်ထမ်းဆောင်ခွင့်ရသူများ မှာ စစ်ဆေးမေးမြန်းခံရ သည့် အရာရှိအားလုံးနီးပါး ပါဝင်ပြီး လုပ်ခလစာများကိုပါ ပြန်လည် ထုတ်ခွင့်ပေးကြောင်း ၄င်းကဆက်လက်ပြောသည်။
ဆက်သွယ်ရေးမှ အဆင့် မြင့်အရာရှိ ၈ ဦးအပါအဝင် ဝန်ထမ်း ၅ဝ ခန့်သည် ဇန်န ဝါရီလ တတိယအ ပတ်တွင် သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဦးသိန်းထွန်း ရာထူးမှ နုတ်ထွက်ပြီးနောက် တွင် မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းများအတွက် စက်ပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာငွေ တင်ပြတောင်း ခံမှုပိုခြင်း၊ စက်ကိရိယာ ဝယ်ရာတွင် ဈေးလျှော့ဝယ် ယူခြင်း စသည့် နိုင်ငံပိုင်ငွေ ကို အလွဲသုံးစား လုပ်သည်ဟု သံသယရှိ၍ (ပ)၆/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄ဝ၉ ဖြင့် အမှုဖွင့်စစ်ဆေး ခံခဲ့ရသည်။
လက်ရှိတွင် ဆက်သွယ်ရေး အရာရှိများ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေ သည့်အတွက် တန်ဖိုး နည်းမို ဘိုင်း ဖုန်းများ ရောင်းချမှုမှာ ပြန်လည် အသက်ဝင်လာခဲ့ပြီး သမ္မတရုံးဝန်ကြီးဦးစိုးသိန်း ကတိ ပြုပြောကြား ထား သည့် ဧပြီလ ၁ ရက်နေ့တွင် ဖုန်းရောင်းချပေးမည့် ကိစ္စမှာ ပိုမိုခိုင်မာ လာသည်ဟု မို ဘိုင်းဖုန်းရောင်း ချ သည့် ဆိုင်အချို့ က သုံးသပ်သည်။
''အရင်တစ်ခေါက် ဖုန်းရောင်း ပေးမယ်ဆိုပြီး ပျက်မယ့်ပုံစံမျိုးတော့ မထင်ပါဘူး။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ပြောထားတာရှိတဲ့အ တွက် လာမယ့်လဖုန်းရောင်းချပေး မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါ ပေမဲ့ ဟန်းဆက်တင်သွင်းမှုကိုတော့ ကြိုပြီးမလုပ်တော့ပါဘူး။ အီလက် ထရောနစ်ပစ္စည်းဆိုတာ ကြိုသွင်း ရင် ရှုံးဖို့ များတယ်။ ဒါကြောင့် ဆက်သွယ်ရေးက တရားဝင်သ တင်း ထုတ်ပြီးမှပဲ ဟန်းဆက်တင် သွင်းမှု ပြုလုပ်သွားမှာပါ''ဟု Mr. Fone မှမိုဘိုင်းဖုန်းဆားဗစ်နှင့် ဝယ် ရောင်း ကျွမ်းကျင်ပညာရှင် ကိုစည် သူက သူ့အမြင်ကို ပြောသည်။
မိုဘိုင်းဖုန်း ဆင်းကတ်ဈေးနှုန်း သည် ကျပ်နှစ်သောင်းအောက်နှုန်း ထားသာ ဖြစ်မည်ဟု ဆက်သွယ် ရေးအသိုင်းအဝိုင်းမှ သတင်းများ ထွက်ပေါ်လျက်ရှိသည်။
From:Popular