Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မျိုးစောင့် ဥပဒေ ဆိုသည်မှာ.......

$
0
0
မျိုးစောင့် ဥပဒေ မျိုးစောင့် ဥပဒေဆိုပီး နာမည်ကြားတာနဲ့ မကျေမနပ် ဖြစ်နေကြတဲ့ ဘင်္ဂါလီ လော်ဘီတွေက အစပြုခဲ့တဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေဟာ ဥပဒေပါ အကြောင်းခြင်းရာကို သေခြာမသိပဲ ကန့်ကွက်ကြတာတွေ၊ မဘသ ကို စော်ကားနေတာတွေ တွေ့ရပါတယ်…….. ဒီကိစ္စနဲ့ ပါတ်သက်လို့ မျိုးစောင့် ဥပဒေဆိုတာထက် ဘာသာ သာသနာနဲ့ ဆိုင်တဲ့ ဥပဒေ ပြဌာန်းဖို့ ကြိုးစားတာကို သိအောင် ရှင်းပြချင်တယ်…….

သာသနာရေး အဖွဲ့အစည်းတွေက ဘာသာ သာသနာနှင့်ဆက်စပ်၍ အကြံပြုပေးပို့လာသော မျိုးစောင့် ဥပဒေ ၄ ရပ် ပြဌာန်းရေးကိစကို ဥပဒေပြု လွှတ်တော်တွေကနေ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ရေးဆွဲပြီး ဥပဒေ ပြဌာန်း ပေးသင့်ကြောင်း နိုင်ငံတော် သမ္မတက ၂၀၁၄ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သ၀ဏ်လွှာပေးပို့ခဲ့တယ်…..

အဲ့ဒိ ဥပဒေ (၄) ရပ် ပြဌာန်းဖို့ ကိစ္စ တင်ပြခဲ့တာကြောင့် လွှတ်တော်မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့တယ်…….. အဲ့ဒိ အရေးပေါ် အစည်းအဝေးကနေ ဥပဒေ(မူကြမ်း)တွေ ရေးဆွဲပြီးမှ လွှတ်တော်ကို တင်ဖို့၊ ဒါမှလည်း လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၈ နဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် အလေးထား စဉ်းစားသုံးသပ်ပြီး ကြိုးပမ်းဆောင်ရွက် သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြန်စာ ပို့ခဲ့တယ်……

လူ့အခွင့်အရေးနဲ့ အမျိုးဘာသာ၊ သာသနာ စောင့်လျှောက်ခြင်း နှစ်ခု လွန်ဆွဲနေတဲ့သဖွယ် ဖြစ်နေတဲ့ ဒီဥပဒေကို နိုင်ငံရေးသမား အများစု လက်ရှောင်ကြတာကို သတိထားမိတယ်……. နိုင်ငံတော် သမ္မတ သဝဏ်လွှာ ပေးပို့ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာလည်း ပြည်ထောင်စု လွှတ်တော်မှာ အစည်းအဝေး တက်ရောက်ဖို့ ၆၄၂ ဦးရှိပေမယ့် ၅၀၁ ဦးပဲ တက်ရောက်ပြီး ၁၁၀ ဦး ခွင့်ယူခဲ့တယ်လို့ သိရတယ်…….

ထူးခြားတာတစ်ခုက နိုင်ငံတော် သမ္မတက ဒီဥပဒေ (၄) ရပ်ကို လွှတ်တော်တင်တဲ့ အဲ့ဒိနေ့မှာမှ နေပြည်တော်မှာ ရှိနေသော်လည်း ခွင့်ယူပြီး လွှတ်တော်ကို မတက်ခဲ့တဲ့ ဒေါ်စုကိုယ်တိုင်က ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်စာကို ထောက်ခံတယ်လို့ ပြောခဲ့တာကို မဇ္ဇိမ သတင်းစာမှာ ဖတ်လိုက်ရတယ်……

မျိုးစောင့် ဥပဒေလို့ လူသိများတဲ့ အမျိုးဘာသာ၊ သာသနာ စောင့်လျှောက်ရေး ဥပဒေမှာ အဓိက ဥပဒေ (၄) ရပ် ပါဝင်ပါတယ်……

(က) ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ
(ခ) လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်း ဥပဒေ
(ဂ) လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ
(ဃ) တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ

အဲ့ဒိနေ့မှာပဲ ပြည်ထောင်စု လွှတ်တော်ကနေ ဥပဒေ (က) အတွက် သာသနာရေးဝန်ကြီးဌာန၊ ဥပဒေ (ခ) အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဥပဒေ (ဂ) / (ဃ) အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ တင်ပြပြီး ပြည်ထောင်စုလွှတ်တော်ကို ပြန်လည်တင်ပြဖို့ ဆုံးဖြတ်ခဲ့ကြတယ်…….

ဒါကြောင့် နိုင်ငံတော် သမ္မတရုံးကနေ မတ်လ ၇ ရက် ၂၀၁၄ မှာ အမိန့် ကြေညာစာအမှတ်၊ ၁၉/၂၀၁၄ နဲ့ ဒုတိယရှေ့နေချုပ် ဦးဆောင်သော “ဥပဒေကြမ်းရေးဆွဲရေးကော်မရှင်” ကို ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပြီးတော့ ကော်မရှင်ကလည်း ဥပဒေကြမ်း ပြည့်ပြည့်စုံစုံ ရေးနိုင်ဖို့အတွက် ရဟန်းရှင်လူ ပြည်သူများထံမှ အကြံပြုချက်များနှင့် ဥပဒေကြမ်းများ ပေးပို့ပါရန် မတ်လ ၉ရက် ၂၀၁၄ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖိတ်ခေါ်ခဲ့တယ်……

အခုလက်ရှိမှာ “ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ (မူကြမ်း)” ကို ၂၇ ရက်နေ့ထုတ် သတင်းစာတွေမှာ ထည့်သွင်း ဖော်ပြလာတာ တွေ့ရတယ်…… ဒီ မူကြမ်းကိုလည်း လွှတ်တော် မတင်ခင်မှာ အများပြည်သူ အကြံပြုချက်တွေကို ၂၀၁၄ ဇွန်လ ၂၀ ရက် မတိုင်ခင် ပေးပို့ဖို့ဆိုပြီး ရေးထားတာ တွေ့ရတယ်…….

ဒါဆိုရင် မျိုးစောင့် ဥပဒေဟာ ဘယ်လိုပုံစံမျိုးလဲ၊ ဘယ်လို Process တွေနဲ့ သွားနေလဲဆိုတာ သိလိမ့်မယ်……. တကယ့် မျိုးစောင့် ဥပဒေ (၄) ရပ်ကို တာဝန်ယူရေးဆွဲတာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေပဲ ဖြစ်ပြီးတော့ လွှတ်တော်ကို မတင်ခင်မှာတောင် ပြည်သူလူထုရဲ့ အကြံပြုချက်နဲ့ လိုအပ်တာတွေထပ်မံ ဖြည့်စွက်သွားရဦးမယ်…..

မူကြမ်းအဆင့်ကနေ လုံးဝ အချောသတ် ဖြစ်သွားပြီဆိုရင်တောင် လွှတ်တော်မှာ တင်ပြ၊ ဆွေးနွေးချိန် ဖြည့်သင့်တာ ဖြည့်၊ ထည့်သင့်တာထည့်နဲ့ ဆွေးနွေးကြဦးမယ်…… ဥပဒေ အတည်ပြုဖို့လည်း မဲဆန္ဒခံယူရဦးမယ်…… လွှတ်တော်ကနေ သတ်မှတ် မဲ အရည်အတွက်နဲ့ အတည်ပြုပေးမှ ဥပဒေက အတည်ဖြစ်မယ်……

ဒီကိစ္စတွေ အားလုံးဟာ မဘသ က လုပ်ဆောင်နေတာ မဟုတ်ပဲနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် အကောင်အထည် ဖော်တာတွေ၊ လွှတ်တော်အမတ်တွေက ဆွေးနွေးတာတွေ ဆက်လာဦးမယ်…… ဒါကို မဆီမဆိုင် ထေရ်ကြီး ဝါကြီးတွေ ပါဝင်တဲ့ မဘသ ကို ကလော်တုတ်နေတာ၊ ဆဲ ဆိုနေတာတွေဟာ ဗုဒ္ဓဘာသာကို စော်ကားနေတာနဲ့ အတူတူပဲ…..

အကြောင်းခြင်းရာ သေခြာ မသိသူတွေကလည်း မဘသ ကို ဘုန်းကြီးက လူအလုပ် လူနေရာ ဝင်ပါတယ်လို့ ဆိုကြတယ်…… အချို့ကလည်း အများနားယောင်ပြီး ပြောနေကြတာ တွေ့ရတယ်…… ဒါကြောင့် သူများယောင်တိုင်း ကိုယ်လိုက်ယောင်ပြီး သူများအကုသိုလ် ကိုယ့်အကုသိုလ် မဖြစ်အောင် ဆင်ခြင်နိုင်ဖို့ မျိုးစောင့် ဥပဒေ (၄) ရပ်ရဲ့ Process ကို ရေးသားလိုက်ပါတယ်…….

From:VOJM

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...