တစ်ချိန်တုန်းက ဒေါက်တာ နေဝင်းမောင် နမူနာလေး ပေးခဲ့တယ်…… ချောတိုင် တက်သူများ ဆိုပြီးတော့……. သူ့ကို စစ်တပ်ဘက် လိုက်တယ်ဆိုပြီး ပြောလိုက်ကြတာ……. ဒီမို အများစုကလည်း မကြည်ကြဘူး……… အခုတော့ ဒေါ်စု နဲ့ NLD ကိုယ်တိုင် လွှတ်တော်ထဲကိုဝင် ၂၀၀၈ ခြေ / ဥ ကိုပြင်ဖို့ ကြိုးစားရတော့တယ်………
ဒေါက်တာ နေဝင်းမောင် ပြခဲ့တဲ့ ဥပမာအတိုင်းပဲ ချောတိုင်လို ဖြစ်နေတဲ့အပေါ် NLD နဲ့ ဒေါ်စု တဖြည်းဖြည်းခြင်း အပေါ်ရောက်အောင် တက်ဖို့ပဲ ကြိုးစားနေရတယ်…… ဒါပေမယ့် ဒေါက်တာ နေဝင်းမောင်အပေါ် အမြင်စောင်းခဲ့တဲ့ လူတွေကတော့ အခုထိ အမြင်စောင်းနေတုန်းပဲ…… အလကား စစ်တပ်ကို ဖားတဲ့လူ ဆိုတဲ့ အမြင်က ခုထိ တော်တော် များများမှာ မကျွတ်ကြဘူး……..
အဲ့ဒိအချိန် ကာလမှာ အခုလိုသာ ဖေ့ဘွတ် လွတ်လွတ်လပ်လပ် သုံးခွင့်ရမယ်ဆိုရင် ဝိုင်းဆဲလိုက်ကြမှာ ကျွက်ကျွက်ညံနေမလား၊ ဒါမှမဟုတ် ဦးသန်းရွှေကြီး ဓါးမိုးကရေစီကို ကြောက်လို့ ပုဆိုးခြုံထဲက လက်သီးပုန်း ထုတ်ပြနေမလား တစ်ခုခုပဲ…… သေခြာတာတော့ သူတို့ ဖြစ်စေချင်တဲ့ အယူအဆနဲ့ မတူလို့ မကျေလည်ခဲ့တာကနေ အခုထိ အမြင်စောင်းနေတုန်း ဆိုတာပဲ…….
စိုင်းစိုင်းခမ်းလှိုင် သူရေးတဲ့စာမှာ ခြေ / ဥ ပြင်ဖို့ လက်မှတ်ထိုးမယ်၊ မထိုးဘူး၊ လက်မှတ်ထိုးသူတွေ ဘာဖြစ်တယ် ညာဖြစ်တယ် စော်ကားတာ မပါဘူး……. သူနားလည်တဲ့ သူ့နိုင်ငံရေးကို ရေးလိုက်တာ ပွက်ပွက်ညံသွားတယ်……. ထုံးစံအတိုင်း ကိုရွှေဒီမိုတွေ သောင်းသောင်းဖြဖြ ဝိုင်းဆဲကြတယ်….. သို့သော် စိုင်းစိုင်း လက်မှတ်ထိုးလိုက်တော့ အမှား မတောင်းပန်ကြဘူး တွေ့လား ငါပြောလို့ စိုင်းစိုင်း လက်မှတ်ထိုးရတယ် ဆိုတာတွေ ဖြစ်လာတယ်……..
စိုင်းစိုင်းခမ်းလှိုင်ကိုတော့ ကျေးဇူးတင်မိတယ်……. မြန်မာပြည်က ဒီမိုကရေစီ မြတ်နိုးပါတယ်လို့ နာမည်ခံထားတဲ့ လူတန်းစားတွေရဲ့ ငါနဲ့မတူ ရန်သူဆိုတဲ့ အဆင့်အတန်းမရှိ၊ ရင့်ကျက်မှု ကိုယ်ခံအားကျ ရောဂါစွဲကပ်နေတဲ့ စိတ်ဓါတ်တွေကို လှစ်ဟ ပြသွားတဲ့အတွက်ပဲ……. သေခြာတာတော့ ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့ အပြင်မှာ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်မပြောနဲ့ အွန်လိုင်းပေါ်က ကိုယ့်ဆန္ဒတောင် ထုတ်ရေးလို့ မဖြစ်ဘူးဆိုတာ မြင်လိုက်ရတာပဲ…….
လာမယ့် ၂၀၁၅ သေခြာပေါက် NLD အမတ် အများစုနဲ့ လွှတ်တော်ထဲ ရောက်မယ်၊ အစိုးရဖွဲ့မယ်…… ကျန်တာတွေတော့ မသိပေမယ့် Freedom of Expression ဆိုတာကို နားမလည်တဲ့ လူတန်းစားတွေ ထောင်ထောင် ထောင်ထောင် ဖြစ်လာမှာဆိုတော့ ကိုယ့်အယူအဆကို အွန်လိုင်းမှာတောင် လွယ်လွယ်ကူကူ ထုတ်ရေးဖို့ ခက်လာလေမလားပဲ…….
ဗကပတွေကတော့ ကြည့်မရရင် တံဆိပ်ကပ် လည်မြိုကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်တာပဲ……. သူတို့ လက်ထက်မှာတော့ အမြင်ကတ်တာနဲ့ တံဆိပ်ကပ် ဒီကောင် ဘာကောင်ကွဆိုပြီး ထောင်ထဲ ဆွဲထည့်မလား၊ ညီလေး မေးစရာရှိလို့ပါဆိုပီး ခေါ်ရစ်တဲ့ အလေ့အထတွေ၊ မင်းလားကွ လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ချင်တဲ့ကောင် ဆိုပီး ခါးပိုက်ဆောင်တွေနဲ့ ဗျင်းကြ နှက်ကြတာတွေ ပြန်ခေတ်စား လာမှာ မြင်ယောင်မိတော့တယ်…….
အခုလက်ရှိမှာတောင် ဘယ်ကောင် ကြည့်မရဘူး ဆုငွေဘယ်လောက်၊ ဘယ်ကောင့်ကို ဘယ်လို လွင့်သွားအောင် လုပ်လိုက်မယ်နဲ့ အာဏာပြနေတဲ့ ပါးကွက်သားတွေ အများသားကလား…… ဒီတော့ စိတ်ထဲရှိတာလေး လွတ်လွတ် လပ်လပ်ရေးဖို့ သိပ်မကျန်တုန်းလေးမှာ စိတ်ထဲ မြင်တာလေး အခုလိုလေး လှစ်ဟ ရေးမိတယ်……. ဆဲတော်မူကြပါကုန်……
From:VOJMဒေါက်တာ နေဝင်းမောင် ပြခဲ့တဲ့ ဥပမာအတိုင်းပဲ ချောတိုင်လို ဖြစ်နေတဲ့အပေါ် NLD နဲ့ ဒေါ်စု တဖြည်းဖြည်းခြင်း အပေါ်ရောက်အောင် တက်ဖို့ပဲ ကြိုးစားနေရတယ်…… ဒါပေမယ့် ဒေါက်တာ နေဝင်းမောင်အပေါ် အမြင်စောင်းခဲ့တဲ့ လူတွေကတော့ အခုထိ အမြင်စောင်းနေတုန်းပဲ…… အလကား စစ်တပ်ကို ဖားတဲ့လူ ဆိုတဲ့ အမြင်က ခုထိ တော်တော် များများမှာ မကျွတ်ကြဘူး……..
အဲ့ဒိအချိန် ကာလမှာ အခုလိုသာ ဖေ့ဘွတ် လွတ်လွတ်လပ်လပ် သုံးခွင့်ရမယ်ဆိုရင် ဝိုင်းဆဲလိုက်ကြမှာ ကျွက်ကျွက်ညံနေမလား၊ ဒါမှမဟုတ် ဦးသန်းရွှေကြီး ဓါးမိုးကရေစီကို ကြောက်လို့ ပုဆိုးခြုံထဲက လက်သီးပုန်း ထုတ်ပြနေမလား တစ်ခုခုပဲ…… သေခြာတာတော့ သူတို့ ဖြစ်စေချင်တဲ့ အယူအဆနဲ့ မတူလို့ မကျေလည်ခဲ့တာကနေ အခုထိ အမြင်စောင်းနေတုန်း ဆိုတာပဲ…….
စိုင်းစိုင်းခမ်းလှိုင် သူရေးတဲ့စာမှာ ခြေ / ဥ ပြင်ဖို့ လက်မှတ်ထိုးမယ်၊ မထိုးဘူး၊ လက်မှတ်ထိုးသူတွေ ဘာဖြစ်တယ် ညာဖြစ်တယ် စော်ကားတာ မပါဘူး……. သူနားလည်တဲ့ သူ့နိုင်ငံရေးကို ရေးလိုက်တာ ပွက်ပွက်ညံသွားတယ်……. ထုံးစံအတိုင်း ကိုရွှေဒီမိုတွေ သောင်းသောင်းဖြဖြ ဝိုင်းဆဲကြတယ်….. သို့သော် စိုင်းစိုင်း လက်မှတ်ထိုးလိုက်တော့ အမှား မတောင်းပန်ကြဘူး တွေ့လား ငါပြောလို့ စိုင်းစိုင်း လက်မှတ်ထိုးရတယ် ဆိုတာတွေ ဖြစ်လာတယ်……..
စိုင်းစိုင်းခမ်းလှိုင်ကိုတော့ ကျေးဇူးတင်မိတယ်……. မြန်မာပြည်က ဒီမိုကရေစီ မြတ်နိုးပါတယ်လို့ နာမည်ခံထားတဲ့ လူတန်းစားတွေရဲ့ ငါနဲ့မတူ ရန်သူဆိုတဲ့ အဆင့်အတန်းမရှိ၊ ရင့်ကျက်မှု ကိုယ်ခံအားကျ ရောဂါစွဲကပ်နေတဲ့ စိတ်ဓါတ်တွေကို လှစ်ဟ ပြသွားတဲ့အတွက်ပဲ……. သေခြာတာတော့ ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့ အပြင်မှာ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့်မပြောနဲ့ အွန်လိုင်းပေါ်က ကိုယ့်ဆန္ဒတောင် ထုတ်ရေးလို့ မဖြစ်ဘူးဆိုတာ မြင်လိုက်ရတာပဲ…….
လာမယ့် ၂၀၁၅ သေခြာပေါက် NLD အမတ် အများစုနဲ့ လွှတ်တော်ထဲ ရောက်မယ်၊ အစိုးရဖွဲ့မယ်…… ကျန်တာတွေတော့ မသိပေမယ့် Freedom of Expression ဆိုတာကို နားမလည်တဲ့ လူတန်းစားတွေ ထောင်ထောင် ထောင်ထောင် ဖြစ်လာမှာဆိုတော့ ကိုယ့်အယူအဆကို အွန်လိုင်းမှာတောင် လွယ်လွယ်ကူကူ ထုတ်ရေးဖို့ ခက်လာလေမလားပဲ…….
ဗကပတွေကတော့ ကြည့်မရရင် တံဆိပ်ကပ် လည်မြိုကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်တာပဲ……. သူတို့ လက်ထက်မှာတော့ အမြင်ကတ်တာနဲ့ တံဆိပ်ကပ် ဒီကောင် ဘာကောင်ကွဆိုပြီး ထောင်ထဲ ဆွဲထည့်မလား၊ ညီလေး မေးစရာရှိလို့ပါဆိုပီး ခေါ်ရစ်တဲ့ အလေ့အထတွေ၊ မင်းလားကွ လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ချင်တဲ့ကောင် ဆိုပီး ခါးပိုက်ဆောင်တွေနဲ့ ဗျင်းကြ နှက်ကြတာတွေ ပြန်ခေတ်စား လာမှာ မြင်ယောင်မိတော့တယ်…….
အခုလက်ရှိမှာတောင် ဘယ်ကောင် ကြည့်မရဘူး ဆုငွေဘယ်လောက်၊ ဘယ်ကောင့်ကို ဘယ်လို လွင့်သွားအောင် လုပ်လိုက်မယ်နဲ့ အာဏာပြနေတဲ့ ပါးကွက်သားတွေ အများသားကလား…… ဒီတော့ စိတ်ထဲရှိတာလေး လွတ်လွတ် လပ်လပ်ရေးဖို့ သိပ်မကျန်တုန်းလေးမှာ စိတ်ထဲ မြင်တာလေး အခုလိုလေး လှစ်ဟ ရေးမိတယ်……. ဆဲတော်မူကြပါကုန်……
www.mmdailystar.com