Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တစ်ခါလာ သန်းခြောက်ဆယ် … တစ်ခါလာ သန်းငါးဆယ် … ကျွန်တော် တစ်ခု မေးချင်ပါတယ် …

$
0
0

အမေရိကန် ပြည်ထောင်စု ရဲ့  ….
ဖွဲ့ စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ချင်တယ် ဆိုရင် …
ပထမဆုံး လွှတ်တော် နှစ်ရပ် လုံးက …
အမတ် သုံးပုံ နှစ်ပုံ ( ၆၆.၆၇ ရာခိုင်နူန်း ) က ….
ပြင်ဆင်ဖို့  မဲပေးရပါမယ် …

ဒါမှမဟုတ် …
ပြည်နယ် လွှတ်တော် တွေ စုစုပေါင်း ရဲ့  ….
သုံးပုံ နှစ်ပုံ ( ၆၆.၆၇ ရာခိုင်နူန်း ) က …
ကွန်ဂရက်ကို အမျိုးသားညီလာခံ ခေါ်ဖို့ တောင်းဆိုပြီး ….
ပြင်ဆင်ဖို့  တင်ပြရပါမယ် …

ဒါဆိုရင် ..
ဒီ ပြင်ဆင်မယ့် အဆိုကို …
လွှတ်တော်က လက်ခံဆွေးနွေးပါလိမ့်မယ် …

ပြင်ဆင်ချက်ကို အတည်ပြုဖို့ အတွက်ကတော့ …
ပြည်နယ် လွှတ်တော်တွေရဲ့  လေးပုံသုံးပုံ ( ၇၅ ရာခိုင်နူန်း ) …
ဒါမှမဟုတ် …
အတည်ပြုရေး ညီလာခံမှာ …
ပြည်နယ် အားလုံး ရဲ့ လေးပုံသုံးပုံ ( ၇၅ ရာခိုင်နူန်း ) က ….
ထောက်ခံရပါမယ် ….
ဒါဆို ဒီ ပြင်ဆင်ချက် အတည် ဖြစ်ပါပြီ ….

ဒီရာခိုင်နူန်းတွေကို သေချာ ပြန်စဉ်းစားကြည့်တဲ့ အခါ …
ကျွန်တော်တို့  နိုင်ငံ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ က …
ပြင်ဆင်ချက် မူ တွေ နဲ့  …
အများကြီး မကွာဟ တာကို တွေ့ ရမှာ ဖြစ်ပါတယ် …

ဒါဆို အခု ဖြစ်နေတဲ့ ပြသနာက ဘာပါလဲ …
ဟုတ်ကဲ့  …..
လွှတ်တော်ထဲက …
မဲ နဲ့  ရွေးကောက်ထားတာ မဟုတ်တဲ့  …
တပ်မတော်သား အမတ် ၂၅ ရာခိုင်နူန်း ဖြစ်ပါတယ် …

ဒီ လူတွေဟာ …
ပြည်သူက ရွေးကောက်ထားတာ မဟုတ်ဘူး …
ဒါကြောင့် သူတို့ ရဲ့  မဲ ကို …
ပြည်သူတွေရဲ့  မဲလို့  အသိအမှတ်မပြုနိုင်ဘူး …
သူတို့ ရဲ့ ဆန္ဒကို ….
ပြည်သူတွေရဲ့ ဆန္ဒလို့  အသိအမှတ် မပြုနိုင်ဘူး ….
ခင်ဗျားတို့ ပြောချင်တဲ့  လိုရင်းကတော့ ဒါပါပဲ ….

ပြည်တွင်းစစ် မပြီးသေးခင် …
တပ်မတော်ကို အင်အားချိနဲ့ သွားအောင် လုပ်တဲ့  …
တပ်မတော်ကို အထိနာစေမယ့် …
ထိုးကျွေးသလို ချကျွေးသလို ဖြစ်မယ့် …
အမိန့် တွေ …. ဥပဒေတွေ ပေါ်ထွက်လာမှာစိုးလို့  …
ကာလုံ နဲ့  တစ်မတ်သားကို …
ကျွန်တော်တို့ ခဏထား ပါရစေအုန်း …
တိုက်စရာရှိရင် ကျွန်တော်တို့ က တိုက်ရမှာပါ …
သေစရာရှိရင် ကျွန်တော်တို့ က သေရမှာပါ…
ကျွန်တော် တို့  ကရော လွှတ်တော်ထဲမှာ …
စကားပြောခွင့်လေး မရှိရဘူးလား ဆိုတဲ့  ….
အနှစ် ၆၀ ပြည်တွင်းစစ်ကြီး ရဲ့  ကြားက …
တပ်မတော်သားတွေရဲ့  အသံကို ….
ဘယ်သူမှ စိတ်မ၀င်စားကြပါဘူး …

ခင်ဗျားတို့ ဖြစ်စေချင်တာ ရှင်းရှင်းလေးပါ …
စစ်တပ်က ၀န်ထမ်း …
ခိုင်းတာလုပ် …
ကျွေးတာစား …
အင်အားလျော့ဆို လျော့လိုက် …
ထိုးစစ်ရပ်ဆို ရပ်ထား ..…
သောက်စကား မများနဲ့ ဆို မများနဲ့  …
သေစရာရှိ သေလိုက် …
မင်းတို့ က ပြည်သူ လစာ စားတာ …
ခင်ဗျားတို့  အယူအဆ က ဒါပါပဲ ...

တစ်ခါတစ်လေ ရင်နာနာနဲ့  မေးလိုက်ချင်ပါတယ် …
လက်နက်ကိုင်အဖွဲ့ ကြီး ၁၉ ဖွဲ့  ….
အဖွဲ့ ငယ်လေးပေါင်း တစ်ရာကျော် …
အမြဲတန်း စစ်အင်အား ၂သိန်း …
အရန် စစ်အင်အား ၁သိန်းလောက် ရှိတဲ့  …
လက်နက်ကိုင်အဖွဲ့ တွေကို ကျတော့ …
ဝေဖန်တဲ့ သောက်သံ တစ်စက်မှ မထွက်ရဲဘဲ …

၁၉၄၈ ကနေ ၂၀၁၀ အထိ ဖြစ်ခဲ့သမျှ အပြစ် …
စစ်တပ်ကိုချည်း ပုံချနေတဲ့  ကိစ္စဟာ …
သဘာဝရော ကျရဲ့ လား …
မျှရော မျှတ ရဲ့ လားလို့  ….
ခင်ဗျားတို့  ကိုယ့်ကိုယ့်ကိုယ် ….
ပြန် မေးခွန်းထုတ်ကြည့်စေချင်ပါတယ် …

တစ်ခါလာ လူထု ထောက်ခံမှု …
တစ်ခါလာ လူထုထောက်ခံမှု …
ဘယ် လူထုထောက်ခံမှု ဖြစ်ဖြစ် …
သူ့ စည်း သူ့ ဘောင် အတွင်းကပဲ လုပ်ရပါတယ် …
အိုဘားမားကို လူထု အရမ်းထောက်ခံနေလို့  …
သမ္မတ သုံးဆက် လုပ်ချင်လို့  မရပါဘူး …

တစ်ခါလာ သန်းခြောက်ဆယ် …
တစ်ခါလာ သန်းငါးဆယ် …
ကျွန်တော် တစ်ခု မေးချင်ပါတယ် …
အခု နိုင်ငံရေးပါတီ ၆၅ ခု ရှိပါတယ် …
ခင်ဗျားတို့ လုပ်နေတဲ့  Campaign ကို ထောက်ခံကြောင်း …
နိုင်ငံရေးပါတီ ဘယ်နှစ်ခုက ကြေငြာထားပါသလဲ …
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ….
ဘယ်နှစ်ခုက ကြေငြာထားပါသလဲ …

တစ်ခါတည်း ရှင်းအောင် ပြောလိုက်ပါမယ် …
သန်းခြောက်ဆယ်လုံး ခင်ဗျားတို့ ကို ထောက်ခံနေရင် …
ဒီ အခြေခံဥပဒေတောင် ..
ပေါ်လာစရာအကြောင်း လုံးဝ မရှိပါဘူး …
အမျိုးသားညီလာခံ မှာ…
အခြေခံဥပဒေ မူကြမ်းတွေ ရေးဆွဲတုန်းက ….
နိုင်ငံရေးသမား ပေါင်းစုံ …
ပါတီပေါင်းစုံ …
အပစ်ရပ် အဖွဲ့ အစည်းပေါင်းစုံ ….
အများကြီး ပါဝင်ပါတယ် …
ခင်ဗျားတို့  ညီလာခံကို သပိတ်မှောက်တော့ …
ခင်ဗျားတို့ နဲ့  တူတူ ဘယ်နှစ်ဖွဲ့ …
သပိတ် လိုက် မှောက်ပါသလဲ …

ကောင်းပါပြီ …
စကားပြောနေရတာ ရှည်ပါတယ် …
အမေရိကန် အခြေခံ ဥပဒေ အကြောင်း ပဲ ….
ဆက်ပြောရအောင်ပါ …

၁၇၈၇ ခုနှစ်ကနေ ဒီနေ့ အထိ ….
ကွန်ဂရက်ကို ပြင်ဆင်ဖို့ တင်ပြခဲ့ တဲ့  ဥပဒေပေါင်း …
ထောင် ကျော် ပါတယ် …
အဲဒီအထဲကမှ ၃၃ ခု ကို သာ …
ကွန်ဂရက်က လက်ခံ ဆွေးနွေးခဲ့ပါတယ် …
ပြင်ဆင်တာ ကတော့ …
၂၆ ခုပဲ ပြင်ဆင်နိုင်ပါသေးတယ် …

အဆို တင်ထားတဲ့  ပြင်ဆင်ချက် တစ်ခုကို ….
လက်မှတ်ရေးထိုး အတည်ပြုနိုင်ဖို့ အထိ …
လိုအပ်တဲ့ အချိန်ကို …
ကွန်ဂရက် က ပဲ သတ်မှတ်ပါတယ် …
လောလောဆယ် သတ်မှတ်ထားတာကတော့ …
ခုနှစ်နှစ် ဖြစ်ပါတယ် ခင်ဗျား…. ။ ။

( ဆီနိတ်တာ ရဲမိုး )
 
From:Ye Moe

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>