Quantcast
Viewing all articles
Browse latest Browse all 4837

NLD, 436 & Plan B?

၄၃၆ ကို မျက်စမပစ်ခင် လက်ရှိလွှတ်တော်ကို တစ်ချက်ကြည့်တဲ့အခါ၂၀၀၈ ခြေ / ဥ ကိုပြင်ဖို့ အခုလက်ရှိ လွှတ်တော်မှာ ဖွဲ့ထားတဲ့ ကော်မတီ ၂ ခုရှိတယ်……. တစ်ခုက ၃၁ ဦးပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကော်မတီ၊ နောက်တစ်ခုက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီ…… ၃၁ ဦးပါ ကော်မတီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၄ ယောက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၀ ယောက်နဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၇ ယောက် ပါတယ်….. ၂၀၁၄ ဖေဖော်ဝါရီလမှာ အငြင်းပွားဖွယ် မဲခွဲ ဆုံးဖြတ်ခဲ့တဲ့ ဒီကော်မတီဖွဲ့စည်းမှု ပုံစံ မပြောင်းလဲဘူးဆိုရင် တိုင်းရင်းသား ကိုယ်စားလှယ် မပါဝင်ပဲ အများစုက ကြံ့ဖွံ့လို့ပဲ ပြောရမယ်……

တွေ့ရသလောက်ဆိုရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီက ပြည်သူတွေစီက ရတဲ့ အကြံပြုချက်တွေကို ၃၁ ဦး ကော်မတီကို လွှဲပြောင်းပေးတယ်…… အဲ့ဒိကနေမှ ၃၁ ဦး ကော်မတီက အခြေခံဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ရပ် ဖြစ်တဲ့အထိ တာဝန်ယူဆောင်ရွက်နေတယ်….. ဒါကြောင့် မေလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ ၄၃၆ ကို ပြင်ဖို့ ၃၁ ဦး ကော်မတီက ဆုံးဖြတ်တာမှာ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ လွှဲပြောင်းပေးခဲ့တဲ့ အကြံပြုချက်တွေနဲ့ နိုင်ငံတကာ စံနှုန်းတွေအပေါ် အခြေခံ ဆုံးဖြတ်ခဲ့တာလို့ သိရတယ်……

ဒါဖြင့် ၃၁ ဦး ကော်မတီက ဆုံးဖြတ်ခဲ့တဲ့ ၄၃၆ ကိုပြင်ဖို့ ကိစ္စဟာ နဂို ၂၀၀၈ ခြေ / ဥ ပါ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအစား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သုံးပုံ နှစ်ပုံရဲ့ သဘောတူ လက်ခံမှုနဲ့ ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တယ်….. ဒါဆို ၄၃၆ ကို ပြင်ပီးသွားရင် ၂၀၀၈ ခြေ / ဥ ကိုပြင်ဖို့ရာ သိပ်တော့ မခက်လှပေဘူး…… ဒါပေမယ့် ၃၁ ဦး ကော်မတီ တင်ထားတဲ့ ၄၃၆ ပြင်ဖို့ အဆိုမှာ လွှတ်တော်ကိုယ်စားလှယ် အရည်အတွက်ပဲ နည်းသွားတယ်……. ခြေ / ဥ ပြင်ဖို့ လွှတ်တော်က အတည်ပြုပြီးရင် နောက်တစ်ဆင့်ဖြစ်တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပဖို့ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့မှ ပြင်ရမယ် ဆိုတဲ့အချက် မပါဘူး…….

ဒီအတွက် ၄၃၆ ပြင်ပြီးရင်တောင် ခြေ /ဥ ရဲ့ အဓိက အချက်တွေကို ပြင်ချင်တဲ့အခါ လွှတ်တော် ကိုယ်စားလှယ် သုံးပုံ နှစ်ပုံ ထောက်ခံပြီးရင်တောင်မှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ထက်ဝက်ကျော် ဆန္ဒမဲ ရမှ ကောင်းကောင်း ပြင်နိုင်မယ်…… ဒါက ၄၃၆ ကို အခုပြင်နိုင်ရင် ဖြစ်လာမယ့် အခြေအနေ….. ဘယ်ဘတ်ဂျက်နဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ တခြိမ်းခြိမ်းကျင်းပမယ်ဆိုတာ ဘယ်မှာမှ ဖော်ပြထားတာ မတွေ့ရဘူး..... ဒါက စဉ်းစားစရာတစ်ပိုင်း…… ဒါဖြင့် အခု ၄၃၆ ကိုပြင်နိုင်ဖို့ ဘာလိုလဲ……. လက်ရှိ ခြေ / ဥ က အသက်ဝင်နေတဲ့အတွက် အခု ၄၃၆ ကို ပြင်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအထက် ထောက်ခံမှုကို ပြည်ထောင်စု လွှတ်တော်ထဲမှာ ရဖို့လိုတယ်……

NLD လွှတ်တော်ထဲကို အင်တိုက်အားတိုက် ရောက်ခဲ့တာ ၂ နှစ်ကျော်ခဲ့ပြီ……. ခြေ / ဥ ပြင်ဖို့နဲ့ ပါတ်သက်လို့ မယ်မယ်ရရ မလှုပ်ရှားနိုင်ခဲ့တာ အခု မေလအထိပဲ ဆိုပါတော့…… ၈၈ နဲ့ ပူးပေါင်းပြီး ပြင်ဖို့ ကြေငြာချက် ထုတ်ခဲ့တာတောင် ဖေဖော်ဝါရီ ၁၀ ရက်က….. ကြားမှာ ၃ လ နီးနီး အချိန်ကြာခဲ့တယ်…… ဒီအတိုင်း ဆက်သွားရင်တောင် လမ်းပေါ်မတက်ပဲ ၄၃၆ ကို ပြင်ဖို့က မလွယ်ဘူး…… လမ်းပေါ်တက်ရင် စစ်တပ် အာဏာပြန်သိမ်းပြီး ဒိုင်စားမယ်ဆိုတာ ဒေါ်စုကော ၈ ပူးပါ အထာနပ်ပီးသား……. ဒါဆို သူတို့ Plan B က ဘာလဲ…… ကျွန်တော် ဥာဏ်မှီသလောက် စဉ်းစားကြည့်မိတယ်…….

လက်ရှိအနေအထားမှာ လွှတ်တော်ထဲက စစ်သား ၁၀ ရာခိုင်နှုန်းက ၄၃၆ ပြင်ဖို့ ကို ထောက်ခံဦးတော့ ကျန်တဲ့ အရပ်သား အမတ်တွေထဲက ၇၀ ရာခိုင်နှုန်းပြည့် ထောက်ခံမယ်လို့ ကျိန်းသေ တွက်ဆလို့ မရဘူး…… ၂၀၁၄ ကြားဖြတ်အတွက် မဲဆွယ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်လိုက်တဲ့အပေါ် NLD က ထူးထူးခြားခြား စိတ်ဆိုးဟန် မပြခဲ့ဘူး….. ၂၀၁၅ ရောက်ရင်လည်း ဒီလိုမျိုးတွေ ကြုံလာနိုင်တာကို တွက်ဆမိနေတဲ့ သဘောမှာ ရှိနေတယ်…… ဒါတွေကြောင့်များ လက်ရှိအချိန်မှာ ခြေ / ဥ က ၄၃၆ ကို အယောင်ပြ၊ စစ်တပ်ကို အကဲစမ်းရင်း NLD နဲ့ ၈၈ က လူထုနဲ့ ထိတွေ့မှု ယူပြီး Public Figure ကို ချဲ့ယူနေတာလား…….

၄၃၆ ပြင်ဖို့ အကဲစမ်းရင်း လွှတ်တော်နဲ့ အရင်အစိုးရ အမာခံ လက်ကျန်တွေရဲ့ တုံ့ပြန်မှုကို တစ်ဖက်က အကဲခတ်၊ နောက်တစ်ဖက်က ၂၀၁၅ မှာ မဲမခိုးနိုင်အောင် ကြိုတင်ကာကွယ်ဖို့ စီမံချက် ချနေတာလား…… တွေးစရာတော့ အများကြီးပါပဲ…… ဒီပုံစံအတိုင်း ဆက်သွားနိုင်မယ်ဆိုရင် PR စနစ်သာ အသက်မဝင်ဘူး၊ မဲမခိုးနိုင်အောင် ထိမ်းချုပ်နိုင်ခဲ့ရင် ၂၀၁၅ မှာ လွှတ်တော်ထဲကို NLD အမတ်တွေ အများကြီး တန်းစီ ဝင်သွားနိုင်မယ်…… တိုင်းရင်းသားနယ်က မဲတွေတောင် NLD ဘက်ကို ပါသွားဖို့ ရာနှုန်းများတယ်……. NLD မတိုးနိုင်တဲ့ နေရာတစ်ချို့အတွက် ဒေါ်စုရဲ့ မဟာမိတ် အိပ်နေတဲ့ ခြင်္သေ့ကြီး ဦးရွှေမန်းရဲ့ အမာခံ အမတ်တွေက သဲ့ယူပြီး ဝင်လာပေးနိုင်တယ်…… ဒါဆိုရင် ၂၀၁၅ အလွန် လွှတ်တော်မှာ ၄၃၆ ကိုပြင်ဖို့ဆိုတာ အခု ခေါင်းခဲနေသလောက် ခဲယဉ်းမှာ မဟုတ်တော့ဘူး……

အခုနေမှာ NLD အနေနဲ့ ၂၀၁၄ ကြားဖြတ်ကို အားသွန်ခွန်စိုက် လုပ်နေခဲ့ရင်ဖြစ်စေ ၂၀၁၅ အတွက် အားသွန်းခွန်စိုက် လုပ်နေခဲ့ရင်ဖြစ်စေ တစ်ခုမဟုတ် တစ်ခုနဲ့ တေ့အဖြုတ်ခံရနိုင်တယ်…… ဒေါ်စုဟာ လွှတ်တော် ဥက္ကဌ လုပ်ဖို့ပဲ ရည်ရွယ်မယ် ဆိုရင်ဖြစ်စေ၊ NLD ထဲက တစ်ယောက်ယောက်ကို သမ္မတလုပ်ခိုင်းပြီး နောက်ကွယ်က ကြိုးကိုင်မယ်ဆိုတာကို တရားဝင် ထုတ်ပြောရင်ဖြစ်စေ တစ်နည်းမဟုတ် တစ်နည်းနဲ့ သေခြာပေါက် ပျက်အောင် အဖျက်ခံရပြီး ပျက်သွားမှာကို စိုးရိမ်တဲ့အတွက် ၄၃၆ ကို အထိုင်ထားပြီး အာရုံလွှဲရင်း စစ်တပ်ကို ကလိပြီး ကစားနေတယ်လို့ ယူဆမိတယ်……

ဒီယူဆတဲ့အတိုင်း မှန်ခဲ့ရင်တော့ NLD ရဲ့ Plan A ဟာ ၂၀၁၅ ဖြစ်ပြီးတော့ Plan B ဟာ ၄၃၆ လို့ပဲ မြင်မိတယ်…… လက်ရှိ NLD နဲ့ ၈ ပူးတို့ Public Figure ချဲ့ယူနေမှုအပေါ် ကျန်တဲ့ ပါတီအငယ်တွေ ဘယ်လိုတုံ့ပြန်မလဲ ဆိုတာလည်း စိတ်ဝင်စားမိသလို Plan A သာ အသက်ဝင်သွားခဲ့ရင် ၂၀၁၅ သမ္မတကို ကြိုးကိုင်မယ့် ရာထူးတစ်ခု ဘယ်လိုဖန်တီးမလဲ ဆိုတာလည်း စိတ်ဝင်စားစရာပဲ…… နိုင်ငံတစ်နိုင်ငံမှာ အာဏာအရှိဆုံးဆိုတာ သမ္မတတို့ ဝန်ကြီးချုပ်တို့ ဆိုတဲ့ ရာထူးတွေထက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပေးနိုင်သူသာ အခရာ မဟုတ်ပါလား…….


From:VOJM

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...