Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တပ်မတော် နဲ့ ပြည်သူကို သွေးခွဲနေသော ဒီချုပ်

$
0
0
ဒေါ်အောင်ဆန်းစု ကြည်ဟာ စကားတွေ ပြောရင်း ပြောရင်း အမှားတွေများလာတယ် ။

အကျယ် ချုပ်လွတ်မြောက်ခါ စ က အများနည်းတူ ကျုပ်တို့ လည်း မျှော်လင့် ချက်ထားခဲ့သေးတယ် ။အဲဒါကြောင့် လဲ ကြားဖြတ်ရွေး ကောက်ပွဲ မှာ NLD ပါတီ မဲပေးခဲ့ တာ ။ ပြည်ဦးလွင်လိုတပ်နယ် နဲ့ နေပြည်တော်လို နေရာမျိုး မှာ မဲ နိုင်ခဲ့ တာ ဟာ ဖိုးသမား ၊ ရပ်ပါပေါက်စ လို ကိုယ်စားလှယ်လောင်းတွေ ကို ယုံကြည်လို့ လို့ အထင်ရှိနေရင်တော့ အတော်လွဲ မှားတဲ့ မှားယွင်းမှု ပဲ ။ နိုင်ငံ ရဲ့ အာဏာ ၊ Player တွေ ရဲ့ ပါဝါကို Check and Balance လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့ ။ သားရေးကွင်း ခဲ နှစ်လုံး ဆွဲ ပစ်သလို ..ဟိုမရောက် ဒီ မရောက်တန့် နေတာစာရင် တူတဲ့ နေရာလေးတွေ မှာ ပေါင်းလုပ်ကြရင် နိုင်ငံ အတွက်ပိုခရီးရောက်မယ်ထင်လို့ ။

နိုင်ငံ အတော်များများ ရဲ Voting Right သတ်မှတ်မှု တွေ ကို လက်လှမ်းမှီသလောက်ဖတ်ကြည့်ရာမှာ ... နိုင်ငံသားတစ်ယောက်ဟာ ကိုယ်ပိုင် အလုပ်အကိုင်ရှိရမယ် ၊ နိုင်ငံ အတွက် အခွန်ငွေလည်းပေးဆောင်သူဖြစ်ရမယ် ၊ နိုင်ငံတော်ပေါ်သစ္စာစောင့်သိပြီး လိုအပ်လာလျှင် ပြဌာန်းတဲ့ ဥပဒေ အတိုင်း နိုင်ငံအတွက် စစ်မှု ထမ်းနိုင်သူ ဖြစ်ရမယ်တဲ့ ။ အဲဒီ လူတွေသာ မဲ ပေးခွင့်ရှိတယ် ။ ကျွန်တော်တို့ တပ်မတော်သားတွေ ကိုယ့်သဘောနဲ့ ကိုယ်စစ်မှု ထမ်းပါတယ် ။ စစ်မှု ထမ်းခြင်းကြောင့် လစာငွေ ရတယ် ။ အဲဒီလစာငွေ ဟာ ပြည်သူတွေဆီက အခွန်ငွေ ပါ ။ သို့သော် သတ်မှတ်တဲ့ အခွန်ဥပဒေ တိုင်း ၊ သတ်မှတ်တဲ့ ဝင်ငွေပမဏ လစာ ရရှိသူ စစ်သည်တိုင်း ဟာ ဝင်ငွေ ခွန် ပြန်ဆောင်ရတယ် ။ အွန်လိုင်း မှာ...ကျုပ်တို့ ကို ပြည်သူ့ဆန် စားပြီး ပြန်သူကို ပြန်မကိုက် နဲ့ လို့ အာပြဲ အောင် အော်နေကြပေမဲ့ အခွန်ဆောင်မှု နှုန်းထား ဖတ်ကြည့်တဲ့ခါ မှာတော့ မြန်မာ ပြည်လူထုရဲ့ အခွန်ဆောင်သူ ဦးရေဟာ ၁ ရာခိုင်နှုန်း ကျော် သာရှိကြောင်း တွေ့ရတယ် ။

တပ်မတော်သား တွေ ဟာ အခွန်ထမ်းပြည်သူတွေဖြစ်သလို ၊ မဲဆန္ဒ ရှင်တွေဖြစ်ပါ တယ် ။ ကျွန်တော် မေး ပါမယ် ။ ပြင်ဦးလွင် ၊ နေပြည်တော် က မဲ ဆန္ဒ ရှင် တပ်မတော်သားများ အတွက် NLD ပါတီ ဘာလုပ်ပေးခဲ့ ပြီလဲ ၊ ခံစားမှု အသံ တွေ ကော နားထောင်ပြီးခဲ့ ပြီလား ၊ လိုအပ်ချက်တွေ ကော သိအောင်လုပ်ခဲ့ ပြီလား ။ ကျုပ်သိသလောက်ပြောပါမယ် ။ နိုးပါ ။ လုံးဝ လုံးဝ မရှိခဲ့ ပါ ။

''တပ်မတော်သားတွေစဉ်းစားစေချင်တယ်။ တခြားပြည်သူတွေထက် အခွင့်အရေး ရနေတာက ၀မ်းသာစရာဟုတ်ရဲ့လား။ လက်နက် အာဏာကြောင့် အထူးအခွင့်အရေးရတာ သိက္ခာရှိရဲ့လား။ ကိုယ့် အတွက်ကော ကောင်းရဲ့လားဆိုတာစဉ်းစားစေချင်တယ်။ " ...လို့ ဒေါ်အောင်ဆန်းစုကြည် က မေးတယ် ။ ကျွန်တော် မေးခွင့်ရှိရင် ပြန်မေးချင်တယ် ။ တပ်မတော်သားတွေ ပြည်သူတွေ ထက် အခွင့်ရေး ပို ရနေတယ်ဆိုတာ ဟာ သေချာရဲ့လား ။ပိုယူထားတာရော ဟုတ်ရဲ့လား ။ သေချာ လေ့လာသုံးသပ်ပြီးမှ ပြောတာလား ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုမေးချင်တယ် ။

တပ်မိသားစုဝင် တစ်ဦးဖြစ်သူ ၊ စစ်သားသမီးဖြစ်ခဲ့ဖူးသူ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ အနေကြာလို့ တပ် ရဲ့ သဘောသဘာဝ တွေကို မေ့သွားတယ်ထင်တယ် ။ အခြေခံ ဥပဒေ မှာ တပ်မတော်သား ၂၅ ရာခိုင် နှုန်း ပါဝင်ခြင်း ၊ မပါဝင်ခြင်းဟာ အောက်ခြေတပ်မတော်သားတွေ နဲ့ တိုက်ရိုက် အချိုး ကျရဲ့လား ။ Power Game တစ်ခု မှာ Policy Maker တွေချင်း ကစားကြတဲ့ ပွဲ မှာ .... အဓိက အခန်း ကဏ္ဍက ပါဝင်ကြသူတွေကိုတော့ "ဘယ်သူကတော့ ရိုးသားပါတယ် "
"ဘယ်သူ့ကိုတော့ ကျွန်မယုံကြည်ပါတယ် "လို့ ပြောထွက်ပြီး ။ အမိန့် ပေး system မှာ ပါဝင် လှုပ်ရှား နေကြတဲ့ ခွေးသွား စိတ် ကလေးတွေ ကျတော့ "ပြည်သူကလည်း တပ်မတော်ကိုမယုံဘူး ၊ တပ်မတော်ကလည်း ပြည်သူကိုမယုံဘူး "ဆိုတဲ့ စကားဟာ အတော်လေးစဉ်းစားဖို့ ကောင်းနေပီ ။ ဒဲ့ မေးရရင် .... ခေါင်းမရှိလို့ မသိတာလား ၊ သိသိ မြေနိမ့်ရာ မို့ သေးဝင်ပန်း လိုက်တာလား ။

ကျုပ်တို့ က စစ်သားတွေ ပေါ်တင်ပဲ ကျိတ်တတ်တယ် ။ ဘဝမှာ အများကြီးမလိုဘူး ။ "ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်ပဲလိုတယ် "။ ချစ်သူ ဖြစ်ချင်ရင် ချစ်စကားပဲ ပြောပါ ။ ချစ်လောက်တဲ့ အမူအရာပြပါ ။ မုန်းသူဖြစ်ချင်ရင် စစ်ကြေငြာပါ ။ ချစ်သလို အပြော နဲ့ နောက်ကျောကို ဓားနဲ့ ထိုး ရင်တော့ ရန်သူ ထက် ပိုအောက်တန်းကျတယ် ။ ဒီ လို အချိုး တွေ နဲ့ ရင်ကြားစေ့ရေးဆိုပြီးလာမပိုး နဲ့ ။ ဦးနေဝင်း ၊ ဦးသန်းရွှေ တွေတော့ မဟုတ်ဘူး ။ ဒါပေမဲ့ နောက် မျိုးဆက်တွေ လက်ထက် မှာလည်း ဘယ်တော့ မှ ရင်ကြားစေ့ ရေး ရမှာ မဟုတ်ဘူး ။ ပေါ် တင်ပြောတာ ။

ဘယ်သူ အုပ်ချုပ် ချုပ် ... အောက်ခြေစစ်သားတွေ က စိတ်ဝင်စားမှာမဟုတ်ဘူး ။ ဘယ်ပေါ် လစီ တွေ ရေးရေး သူတို့ အရေး လည်း လုပ်မှာ မဟုတ်ဘူး ။ Policy Maker ၊ Decision Maker တွေဖြစ်တဲ့ တပ်ခေါင်းဆောင် တွေ နဲ့လည်း မစည်းရုံးနိုင်ဘူး ၊ ထောက်ခံ အောင် မဆွေး နွေး နိုင်ဘူး ။ သူတို့မှ မဆွေးနွေးတာ လို့ တော့ လာမပြောနဲ့ ။ ရည်းစား ပိုးတာတောင် အဲလောက်မလွယ်ဘူး ။ နိုင်ငံရေးအာဏာ ရဖို့ဆို ပိုဆိုးမယ် ။ အဲလို မရလို့ အောက်ခြေတပ်မတော်သားတွေ ဘဝ ကိုလည်း နားလည်အောင် ဝင်မကြည့်နိုင်သလားဆိုတော့ လည်းမဟုတ်ပြန်ဘူး ၊ ကိုယ့်ဖက်ပါအောင်မစည်းရုံးနိုင်ဘူး ။ အဲဒါ တွေ မဖြစ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ပြဌာန်းထားတဲ့ ဥပဒေ အောက်က နေ ပြင်နိုင်ဖို့ စွမ်းဆောင် နိုင်သလား ဆိုတော့လည်း မစွမ်းဆောင်နိုင်ဘူး ။ ဘာနဲ့ တူလဲဆိုတော့ ... ကိုယ်ပိုး မရ တဲ့ ကောင်မ ကို .... ပတ်ဝန်းကျင် ထွက် အပုပ် ချနေသလိုပဲ ။ မစားရတဲ့ အမဲ သဲ နဲ့ ပက် ဆိုသလိုပေါ့ ။

အဲဒီတိုင်းသာ သွား ။ သတ္တဝါတွေ က ကိုယ့်ရှိတာ ကိုယ်အားကိုးတတ်သတဲ့ ။ ချို ရှိတဲ့ သတ္တဝါက ချိုအားကိုးတယ် ။ အစွယ်ရှိတဲ့ သတ္တဝါက အစွယ်အားကိုးတယ် ။ ကလောင်ရှိတဲ့သူက ကလောင်အားကိုး ၊ လူထုအင်အား ရှိတဲ့ သူက လူထုအင်အား အားကိုးရင် ၊ သေနတ်ရှိတဲ့ ကောင်က
သေနတ်အားကိုးလိမ့်မယ် ။ အဲဒါ လောက ရဲ့ အရိုးဆုံးသီအိုရီပဲ ။ခြိမ်းခြောက်တာ တော့ မဟုတ်ဘူး ။ သံပုရာသီးတွေက ကြီးလေ ချဉ်လေတွေမို့ ... လူငယ် တွေ သင်ခန်းစာ ပြန်ရွတ် ပြနေရတာ ။

From: ရုပ်ဆိုး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>