Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပျောက်ဆုံး နယ်ခြားစောင့် ရဲ နှစ်ဦး ပြန်တွေ့

$
0
0
rakhine-police-305
 
 
မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုးကို မြန်မာဘက်ခြမ်း က တွေ့ရစဉ်။
 
 
 

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် မြန်မာ ဘင်္ဂလားဒေ့ခ်ျနယ်စပ် နယ်ခြားမှတ်တိုင် ၅၂ အနီး၊ မနေ့ကဖြစ်ပွားခဲ့တဲ့ ခြုံခိုတိုက်ခိုက်မှုအပြီး ပျောက် ဆုံးနေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တပ်
သား (၂)ဦးကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ တိုက်ပွဲမှာဒဏ်ရာ ရရှိခဲ့တဲ့ ဒု ရဲအုပ် နွေဦးမောင် က ပြော ပါတယ်။

ခြုံခိုအတိုက်ခံရတဲ့ မြန်မာရဲတပ်ဖွဲ့ဟာ နယ်ခြားမှတ်တိုင် ၅၂ နဲ့ ၅၃ ကင်းစခန်းက ဖြစ်ကြပြီး အရာရှိတဦးအပါ အ၀င် စုစုပေါင်း (၇) ဦးဖြစ်ပါတယ်။  တိုက်ပွဲမှာ မြန်မာ ရဲတပ်ဖွဲ့က ၄ဦးကျဆုံး၊ အရာရှိတစ်ဦးဒဏ်ရာရပြီး ၊(၂)ဦးပျောက်ဆုံးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ပျောက် ဆုံးနေသူတွေကို မနေ့ က ပြန်တွေ့ခဲ့ကြောင်း၊ ဒါ့အပြင် ကျဆုံးသွားသူတွေရဲ့ အလောင်းတွေကို နယ်မြေခံ စစ်တပ်က သွားရောက်ကောက်ယူခဲ့ရာမှာ အလောင်းတွေအောက်မှာ မိုင်းထောင်ထားတာတွေ့ ရကြောင်း မောင်းတော ဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဒုရဲအုပ် နွေဦးမောင်က ပြောပါတယ်။

"နှစ်ယောက်ကတော့ပြန်တွေ့တယ်လေ တွေ့တော့သူတို့လည်း ဆုတ်တယ် အောက်ဘက်အထိ ဆုတ် သွားနိုင်လို့ ပြန်တော့တွေ့တယ်ဗျ၊၅၃ စခန်းက နှစ်ယောက်ခင်ဗျ၊အလောင်းတော့ ပြန်ကောက်လို့ရတယ် ခင်ဗျ၊အလောင်းကောက်ဖို့ အလောင်းအောက်မှာ ဒီကောင်တွေ မိုင်းထောင်ခဲ့တယ်၊မိုင်းကို စစ်တပ်က မိုင်းရှင်းပြီးမှ အဲ့အလောင်းတွေ ကောက်တယ်လို့ပြောတယ်ဗျ"

တိုက်ခိုက်တဲ့ အဖွဲ့ဟာ လူ ၆ဝ ခန့်ပါဝင်တဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO ဖြစ်နိုင်တယ်လို့ ဒုရဲအုပ်နွေဦးမောင်က ပြောပါတယ်။
မောင်းတောဆေးရုံမှာ ရောက်ရှိနေတဲ့ နယ်ခြားမှတ်တိုင်အမှတ် ၅၃ ကင်းစခန်းက တာဝန်ခံဒုရဲအုပ် နွေဦးမောင် ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

From:RFA

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>