Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကမ္ဘာကျော် K-POP နှစ်ဖွဲ့ ဖျော်ဖြေပွဲ ဈေးအကြီးဆုံးပွဲဖြစ်မည်

$
0
0
ကမ္ဘာကျော်ကေပေါ့ပ် အဖွဲ့နှစ်ဖွဲ့လာရောက်ဖျော်ဖြေ မည့်ပွဲကို ဇူလိုင်နောက်ဆုံးပတ် တွင် ပြုလုပ်ရန်စီစဉ်နေပြီး အဖွဲ့ အမည်များကို မကြာမီကြေညာ ပေးသွားမည်ဟု ပွဲစီစဉ်သူ ကိုဘို ဆန်းက ပြောသည်။

‘‘ကျွန်တော်တို့ခေါ်တဲ့အဖွဲ့ တွေက ကမ္ဘာကျော်တွေဆိုတော့ လောလောဆယ် Insurance (အာမခံ)ကိစ္စတွေညှိနေတယ်။ အဲဒီကိစ္စတွေပြီးမှ လာလို့ရတဲ့လူ ကိုပြောပြလို့အဆင်ပြေမှာပါ။ လွဲသွားရင်မကောင်းတဲ့အတွက် အဖွဲ့နာမည်တွေကို နောက်တစ် ပတ်လောက်ဆို အတိအကျပြော ပြနိုင်မှာပါ’’ဟု ကိုဘိုဆန်းက ပြောသည်။

ယင်းဖျော်ဖြေပွဲတွင် ကိုရီး ယားနိုင်ငံမှ ကေပေါ့ပ်အဖွဲ့နှစ်ဖွဲ့ ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အဆိုတော်များလည်း ပါဝင်ဖျော် ဖြေမည်ဖြစ်ကာ ဖျော်ဖြေပွဲကျင်းပ ချိန် လေးနာရီခန့်ကြာမြင့်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘မြန်မာနိုင်ငံက အနုပညာ ရှင်တွေနဲ့ ကိုရီးယားက အနုပညာ ရှင်တွေပူးပေါင်းပြီး တင်ဆက် မယ့် ဖျော်ဖြေရေးအစီအစဉ်တွေ လည်း လုပ်ဖို့ညှိနေပါတယ်’’ဟု ကိုဘိုဆန်းက ပြောသည်။

ယင်းဖျော်ဖြေပွဲကို ဇူလိုင် ၂၆ ရက်တွင်ပြုလုပ်ရန် ရည်မှန်း ထားပြီး လက်မှတ်ခဈေးနှုန်းများ ကိုမူ ကျင်းပမည့်နေရာအကျယ် အဝန်း၊ ကုန်ကျစရိတ်များတွက် ချက်ပြီးမှသာ အတိအကျပြောနိုင် မည်ဟု ကိုဘိုဆန်းက ပြောသည်။

‘‘လက်မှတ်ခတွေက နောက် ဆုံးတန်းတွေဆိုရင် သောင်း ဂဏန်းလောက်ပဲရှိမှာပါ။ အား လုံးအဆင်ပြေမယ့်ဈေးနှုန်းတွေ တော့လုပ်သွားမှာပါ’’ဟု ကိုဘို ဆန်းက ပြောသည်။

ယင်းဖျော်ဖြေပွဲ လက်မှတ် ဈေးနှုန်းအမြင့်ဆုံးအနေဖြင့် ငွေ ကျပ် ၁၅ သိန်းအထိရှိနိုင်သည်ဟု ဆိုသော သတင်းများနှင့် ပတ် သက်၍ ကိုဘိုဆန်းက ယင်းဈေး နှုန်းဖြင့်ရောင်းချသော လက်မှတ် များလည်းရှိနိုင်ပြီး အဆိုပါလက် မှတ်များသည် ဖျော်ဖြေပွဲကြည့်ရှု ခွင့်တစ်ခုတည်းမဟုတ်ဘဲ အခြား ခံစားခွင့်များလည်း ရရှိနိုင်မည်ဟု ဆိုသည်။

မကြာမီ လပိုင်းအတွင်းက ပြုလုပ်ခဲ့သော ကေပေါ့ပ်ပွဲအောင် မြင်ခဲ့ခြင်းကြောင့် ယခုဖျော်ဖြေပွဲ ကို စီစဉ်ခြင်းမဟုတ်ဘဲ ဖျော်ဖြေပွဲ ကျင်းပရန်လွန်ခဲ့သည့် လအနည်း ငယ်ကတည်းက စီစဉ်ခဲ့ခြင်းဖြစ် ကာ အခြားနိုင်ငံတကာဖျော်ဖြေ ပွဲများလည်း ပြုလုပ်ရန်စီစဉ်နေ ကြောင်း ကိုဘိုဆန်းက ပြောကြား သည်။

From: 7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...