Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ခွန်ဒီးယမ်အကောင့်ပိုင်ရှင်အား NLD ပါတီ IT Group အဖွဲ့ဝင်တစ်ဦးမှ ထုတ်ဖော်ပြောဆို

$
0
0




 မြန်မာပြည်၏ ဖေ့ဘွတ်လောကတွင် Celebrity အဖြစ်ထင်ရှား ကျော်ကြားလူသိများသည့် ခွန်ဒီယမ် account အား admin အဖြစ် တာဝန်ခံရေးသားနေသူများကို NLD ပါတီ IT Group အဖွဲ့ဝင် တစ်ဦးမှ ME သို့ ထုတ်ဖော်ပြောဆိုလိုက်ပါသည်။ ၄င်း NLD ပါတီ IT Group အဖွဲ့ဝင်သည် NLD ပါတီ(ဗဟို)တွင် အနီးကပ်တာဝန်ထမ်းဆောင် နေသည်မှာ အနှစ် ၂၀ ကျော်ရှိပြီဖြစ်ပြီး၊ ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် အနီးကပ်အဖြစ်လည်း နှစ် အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်ဟု သိရှိရသည်။ “ ကျွန်တော် အရင်ကတည်းက ကလည်း ဒီ ခွန်ဒီးယမ် အကောင့်နဲ့ ပတ်သတ်ပြီး ထုတ်ဖော်ပြော ဆိုဖို့ ဆန္ဒရှိခဲ့ပါတယ်၊ NLD (ဗဟို) ပြန်ကြားရေးကတော့ ခွန်ဒီးယမ် အကောင့်က NLD နဲ့ မဆိုပါဘူးဆိုပြီး အရင် တုန်းကတော့ ဖြေရှင်းချက် ထုတ်ပြီး ငြင်းခဲ့တာပေါ့ဗျာ၊ အမှန်တော့ (ဗဟို) ပြန်ကြားရေးကလဲ သိတယ်ဗျ၊ သူတို့မသိချင်ယောင်ဆောင် နေခဲ့ရင်တော့ မသိဘူးပေါ့ဗျာ၊ ခွန်ဒီးယမ်အကောင့်ကို အမေစုနားမှာ အနီး ကပ်နေတဲ့လူတွေလုပ် နေကြ တယ် ဆိုတာ (ဗဟို) က လူတွေ သိကြပါတယ်” ဟု ၄င်းမှ ပြောဆိုပါသည်။ “ကျွန်တော်တို့ အမေစု အနားမှာ အဓိက အနီးကပ်လုံခြုံရေး လုပ်ပေးနေတဲ့ အုပ်စုက ကျော်သူရကိုကိုရယ် ဇော်မင်းဦး၊ နိုင်ဇော်သန်း တို့နဲ့ ကျွန်တော်တို့ အုပ်စုပေါ့၊ ရုံးပိုင်းဆိုင်ရာကတော့ ဦးစိုးဝင်းကရုံးအဖွဲ့မှုးနဲ့ အဓိကပေါ့ဗျာ၊ အမေစုနဲ့ကတော့ နယ်ထွက်လဲ ဒီအုပ်စုကလူတွေ အမြဲလိုက်ကြရပါတယ်၊ ဆန်နီကတော့ ပင်တိုင်ခံပြီး ရိုက်တဲ့ Camera သမားပေါ့ဗျာ၊ ကျွန်တော်တို့ IT Group မှာ အကျွမ်းကျင်ဆုံးနဲ့ ဆရာက တော့ ကို ခွန်ခေါင် နဲ့ ကိုကျော်သူရကိုကိုပါပဲ၊ ဆန်နီရိုက်တဲ့အမေစု ပုံမှန်သမျှကို ခွန်ခေါင် က ကျွမ်းကျွမ်း ကျင်ကျင် Edit လုပ်တတ်ပါတယ်။


ဆန်နီရိုက်တဲ့ ဓာတ်ပုံတွေနဲ့ အမေစုရဲ့ ခရီးစဉ်တစ်လျောက်မှာ လှုပ်ရှားသမျှ အခြေအနေအ ကြောင်းအရာ အားလုံးကို ခွန်ခေါင်က ခွန်ဒီးယမ်အကောင့် နဲ့ Facebook ပေါ်ကိုတင်နေတာပါ။ ခွန်ခေါင် ရဲ့ နောက် နာမည်တစ်ခုက မော်ပြည့်ပါ၊ ကျွန်တော်တို့ကတော့ မော်ကြီးလို့ဘဲ ခေါ်ကြပါတယ်၊ ခွန်ခေါင် မအားတဲ့ အခါမျိုးကျရင် ကျော်သူရကိုကိုနဲ့ ဆန်နီက ခွန်ဒီးယမ် account ကို ကိုင်ပါတယ်၊ ကျွန်တော်အခုလို ထုတ်ဖော်ပြောတာက ခွန်ဒီးယမ်ကြောင့် အမေစုကို အတော်လေး ထိခိုက်နေပြီလို့ယူဆ လိုပါ၊ ဒါတွေနဲ့ ပတ်သက်ပြီး အမေစုအနားမှာ အမြဲပါနေတဲ့ အန်တီ ဒေါက်တာတင်မာအောင် လဲ သိပါ တယ် ” ဟု ၄င်းမှဆက်လက်ပြောဆိုပါသည်။ လွန်ခဲ့သည် ရက်သတ္တပတ်ခန့်က NLD ပါတီ(ဗဟို) လုံခြုံရေးတာဝန်ခံ ဦးဝင်ထိန်မှ ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံးရေးနှင့် ဓာတ်ပုံ Camera သမားအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသူ ကိုဆန်နီအား တာဝန်မှ အကြောင်းပြချက်မရှိဘဲ ထုတ်ပယ်ခဲ့သည်။ ထိုကဲ့သို့ ထုတ်ပယ်ခဲ့ခြင်းသည် ခွန်ဒီးယမ် account ကိစ္စနှင့်ပတ်သတ်ပြီး ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ၄င်း NLD ပါတီ IT Group အဖွဲ့ဝင်မှ ပြောဆိုပါသည်။ Camera နှင့်လုံခြုံရေးသမား ကိုဆန်နီကို ထုတ်ပယ်ခဲ့သည်အတွက် ဒေါ်အောင်ဆန်းစု၏ အနီးကပ် လုံခြုံရေး တာဝန်ထမ်းဆောင်နေသူများအကြားတွင် မကြေလည်မှုများ ဖြစ်ပေါ်လျက်ရှိသည် ဟုလည်း သိရှိရသည်။

nlditgroup@gmail.com

From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...