ဆရာတော်နှင့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုကိုကြီး(စမ်းချောင်း) စသည့် (၈၈)မျိုး ဆက်ကျောင်းသားများသည်ရဲနှင့်ဒေသခံများ အကြား ပဋိပက္ခဖြစ်ပွားခဲ့ဖူးသော မအူပင်မြို့နယ်ရှိ ပလောင်ရွာရှိ ဒေသ ခံများနှင့် ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေး အ ကြံပြုပေးရန် ယနေ့နေ့လည်(၁၁)ခွဲ အချိန်၌ အဆိုပါ ရွာသို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်းသိရသည်။ “ကျုပ်လည်း မအားဘူး။ ဒကာမင်းကိုနိုင်တို့လည်း မအားဘူး။
ကျုပ်တို့ နိုင်ငံရေးကို မလုပ်ရဘူးဗျာ။ ကယ်ဆယ်ရေးတွေပဲ လျောက်လုပ်နေရတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် ကျုပ်တို့လုပ် နေတာက ရှေ့ကို မရောက်တော့ဘူး။ ပွက်တဲ့နေရာ ဆူတဲ့နေရာ အကုန်လုံး လျောက်ပြီးတော့ သွားနေရတယ။် ”ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။ ထိုကဲ့သို့ ကိစ္စများနှင့် ဆက်စပ်၍ “အဲလို သွားနေရတာကြီးက ကျုပ်တို့ တဖြည်းဖြည်းနဲ့ စဉ်းစားမိတယ်။ဒါ ဘာကြောင့်လဲ။ မွတ်စလင် ဘာသာဝင်တွေဟာ ဧည့်သည်ဘာသာဝင်တွေပါ။ ဧည့်သည်ဘာသာဝင်တွေ လူနည်းစုတွေ ဆိုပြီးတော့ ကျုပ်တို့ ဗုဒ္ဓဘာသာဝင်တွေက အများစုဆိုပြီးတော့ နိုင့်ထက်စီးနင်း အနိုင်ကျင့်ကြတာတွေတော့ ကျုပ်မတွေ့ခဲ့ဖူးဘူး။
အနိုင်ကျင့်တဲ့ ဗုဒ္ဓဘာသာဝင်တွေတော့ ရှိကောင်းရှိမယ်။ ဒါပေမယ့် ခုထက်ထိ ကျုပ်မတွေ့သေးဘူး” ဟုမိန့်ကြားသည်။ ပလောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပက်သက် ၍လည်း တိုင်းဒေသကြီး တစ်ခုလုံး၏ သိက္ခာကျစရာ ဖြစ်သွား နိုင်သည့် အရေးကို လာရောက်ဖြေရှင်းပေးခဲ့ရဖူးကြောင်း၊ ရဲတပ်သား တစ်ဦး သေဆုံးသွားသည့်အတွက် ဝမ်းနည်း ရပါကြောင်းနှင့် နှစ်ဦးနှစ်ဘက် မည်သူမှန်သ ည်မှားသည် မဝေဖန်ချင်ပဲ နောက်နောင် မဖြစ်ပွားကြစေရန် ဆရာတော်မှ တိုက်တွန်းလိုက်ပြီး ရွာသားများ အနေဖြင့် ဆန္ဒမစောကြရန်၊ အကြမ်းမဖက်ကြရန်နှင့် စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်နဲ့ လုပ်ကြရန်နှင့် ရသင့်ရထိုက်သည်များကို ဦးတည်ပြီး၍ လိုချင် မှုတစ်ခုတည်းနှင့် လုပ်ဆောင်နေပါက ရသင့်သည်များပါ ဆုံးရှုံးသွားရနိုင်ကြောင်းလည်း သတိပေးခဲ့သည်။
ရွှေညဝါ ဆရာတော်သည် ပလောင်ပြဿနာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းကိုကိုမှ လှူဒါန်းသော အလှူငွေ (၁)သိန်းကျပ်နှင့် ပလောင်ဒေသခံများ လှူဒါန်းသော အလှူငွေ (၁)သိန်းကျော်အား ပလောင်ကျေးရွာ ဖွံ့ဖြိုးရေးအ တွက် ပြန်လည် လှူဒါန်းခဲ့သည်။ ၎င်းတို့ ရောက်လာရခြင်းသည်လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက် ရန်နှင့် တိုင်းဒေ သကြီး အစိုးရနှင့် တောင်သူလယ်သမားများ အကြား နှစ်ဦးနှစ်ဖက် မျှတသော အခြေ အနေများ ပေါ်ပေါက် ကာဒေသခံများ၏ ဘဝနေရေးထိုင်ရေး ပြေလည်ပြီး တရားဥပ ဒေ စိုးမိုးမှုအောက် ၌ ဘေးကင်းလုံခြုံသော ဘဝများ ဖြစ်စေချင် သောကြောင့်ဟု ဒေသခံရွာသားများအား မိန့်ကြားခဲ့သည်။
www.mmdailystar.com