ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ယခုနံနက် တစ်နာရီထိုးအချိန်ခန့်တွင် မြို့တွင်းစာတိုက် လမ်းမ ပေါ်ရှိ ဗလီတစ်လုံးနှင့် နေအိမ်၃လုံး ပျက်စီးသွားကြောင်း မြို့ခံတစ်ဦး က မြန်မာ့ခေတ် သို့ ပြောကြားသည်။ “လူတွေကတော့ တစ်ယောက်မှ မရှိတော့ဘူး။ နေ့ခင်း ကတည်း ထွက်သွားကြ တယ်။” ဟု ဆက်လက်ပြော ကြားသည်။
မီးလောင်ခြင်း တစ်စုံတစ်ရာ မရှိကြောင်းနှင့် ပေါင်းတည်မြို့မှ စစ်တပ်ရောက်ရှိလာကာ လူစုလူဝေးများ ခွဲခိုင်းလျက်ရှိကြောင်း သိရသည်။ ထိုသို့ဖျက်စီးကြရာတွင် ကျေးရွာများမှ တက်လာကြသည် ဟု ထင်မှတ် ရသော လူအများစုက ဦးဆောင်ဖျက်စီးကြပြီး မြို့ခံလူအနည်းစုသာ ပါဝင်ကြေင်း မျက်မြင်တွေ့ရှိသူ မြို့ခံ တစ်ဦး က ပြောကြားသည်။ နတ်တလင်းမြို့နှင့် မိုင်(၃၀)ကွာဝေးသော မင်းလှမြို့တွင် ပုဒ်မ၁၄၄ ထုတ်ပြန် ထားပြီး မည်သည်ပြဿနာမျှ မဖြစ်ပွား ရန် ထိမ်းသိမ်းထားလျက်ရှိကြောင်း မြို့နယ်အထွေထွေမြို့ နယ် အုပ်ချုပ်ရေး မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ အုပ်ဖိုနှင့် ကြို့ပင် ကောက်မြို့ နယ်များတွင်လည်း ဆူပူမှုများ မဖြစ်ပွားစေရန် ပုဒ်မ ၁၄၄ကို သက်ဆိုင် ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးများက ထုပ်ပြန်ကြေညာ၍ အသံချဲ့စက်များဖြင့် လိုက်လံကြေညာ ထားကြောင်း သိရသည်။
www.mmdailystar.com