Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘာသာရေးပဋိပက္ခ ဒီမိုကရေစီပြောင်းလဲရေး ထိခိုက်နိုင်လို့ အစိုးရပြော

$
0
0


မြန်မာအစိုးရက ​နိုင်ငံထဲမှာဖြစ်ပွားနေတဲ့ ​ဘာသာရေး ​ပဋိပက္ခတွေကြောင့် ​တိုင်းပြည်ရဲ့ ​ဒီမို ကရေစီ ထူထောင်ရေးကို ​ထိခိုက်စေနိုင်တယ်လို့ ​ဆိုပါတယ်။

လက်ရှိ ​မြန်မာနိုင်ငံအလယ်ပိုင်း ​မိထ္တီလာမြို့မှာ ​မြန်မာဗုဒ္ဓဘာသာဝင်တွေနဲ့ ​မူဆလင် ​လူမျိုးတွေကြား ​ဖြစ်ပွားခဲ့တဲ့လူမျိုးရေး ​ဘာသာရေး ​ပဋိပက္ခတွေကြောင့် ​လူသေဆုံးမှုတွေ၊ ​ထိခိုက်ဒဏ်ရာ ရမှုတွေနဲ့ ​အိုးအိမ်မဲ့တွေဖြစ်ခဲ့ရပါတယ်။

ဖြစ်ပွားခဲ့တဲ့ ​ဘာသာရေး ​ပဋိပက္ခနဲ့ ​အကြမ်းဖက်မှုတွေရပ်တန့်သွားအောင် ​အစိုးရက ​အစွမ်းကုန် လုပ်ဆောင် သွားဖို့ ​အာမခံကြောင်း ​အစိုးရက ​တနင်္လာနေ့ည ​မြန်မာအစိုးရ ​ရုပ်မြင်သံကြား ​ကနေတဆင့် ​ကြေညာချက် ​ထုတ်ပြန်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ​တိုးတက်ဖွံ့ဖြိုးမှုကို ​ထိခိုက်နိုင်ငံတဲ့ ​ဘာသာရေး ​တဖက်စွန်းရောက် ​အကြမ်းဖက်မှုတွေကို ​ရှောင်ရှားဖို့ကိုလည်း ​အစိုးရက ​ကြေညာချက်က ​နေတဆင့် ​တိုက် တွန်းခဲ့ပါတယ်။

တဆက်တည်းမှာပဲ ​ပဋိပက္ခဖြစ်ပွားတာတွေကို ​ကာကွယ်ဖို့အတွက် ​လက်ရှိ ​ရန်ကုန် ​မြို့နယ် ​လေး ခုမှာ ​ဒေသန္တရ ​အမိန့်တွေ ​ထုတ်ပြန်ထားပြီး ​အဲဒီဒေသထဲမှာရှိတဲ့ဈေးဆိုင်တွေကို ​ည ​၉ ​နာရီကနေ ​မနက် ​၅ ​နာရီထိ ​ဖွင့်လှစ်မရောင်းချရ ​အမိန့်တွေထုတ်ပြန်ထားတယ်လို့သိရပါတယ်။
 
From:News Collection

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>