Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်က လူအုပ်စုဖြင့် ပြည်သူလူထုကို နိုင့်ထက်စီးနင်း ပါးရိုက် ဟု ဆို

$
0
0
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာ ပုံခရိုင်၊ ဒေးဒရဲ-ဖျာပုံ အဝေးပြေး လမ်းပေါ်ရှိ မြို့ဝင်ကြေး ကောက် ခံသူအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အမျိုးသား လွှတ် တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက မြို့ဝင်ကြေး ကောက်ခံမှုနှင့် ပတ်သက်၍ ပြဿနာဖြစ်ရာမှ ငွေကောက်ခံသူ သာမန်ပြည်သူတစ်ဦးအား ပါးကိုရိုက်နှက်ခြင်းအထိ အချင်းများ ခဲ့ ကြောင်း ငွေကောက် ခံသူက မေ ၁၃ ရက်က ထုတ်ဖော် ပြောဆိုသည်။

အခင်းဖြစ်ပွားပုံမှာ ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ဖျာပုံ ဘက်မှ မောင်းနှင်လာသည့် ကား တစ်စီးအား ဘီးခွန် ကြေးကောက် ခံရာ၌ ဦးသိမ်းဆွေ ပြသည့် ဖြတ် ပိုင်းမှာ ၂၆ ရက်နေ့ ရက်စွဲဖြင့် ဖြစ်နေကြောင်း၊ သို့သော် ၎င်း တို့ဘက်မှ ယင်းဖြတ်ပိုင်းမှာ ယနေ့ တွင် ဖြတ်ခဲ့သည့် ဖြတ်ပိုင်းဖြစ် ကြောင်းနှင့် ဂိတ်အား ဓာတ်ပုံ များ ရိုက်ယူ သည့်အတွက် မေးမြန်းခဲ့ရာမှ မည်သည့်အ တွက်ကြောင့် ရိုက်ယူပါသလဲ ဟု မေးမြန်းရာ ကတောက်ကဆ ဖြစ်ခဲ့ပြီး အဆိုပါကား ပြန်လည်မောင်း ထွက်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ ရိုက်နှက်ခံရသူ မောင်ဖြိုးဝေ အောင်က ““ကျွန်တော်တို့ ဂိတ် တဲကို ဓာတ်ပုံ တွေ ရိုက်တာနဲ့ ဘာကြောင့် ရိုက်တာလဲဆိုတော့ အဲဒီအမတ်က ကျွန်တော့်ကို ပါးရိုက်တယ်။ အမှတ်တမဲ့ဆိုတော့ ကျွန်တော်လည်း မတတ်နိုင်လိုက်ဘူး။ သူက လွှတ်တော်အမတ်တစ်ဦး ဆိုတော့ ဒီလိုမျိုး နိုင့်ထက်စီးနင်း ပါးရိုက်တာမျိုးတွေ မလ်ုပလောက်ဘူး ထင်ထားတာကို။ အဲဒီမှာ ရှိနေတဲ့ ကျွန်တော့်အစ်ကို ရဲနိုင်က လူကြီးလူကောင်းမှန်ရင် လက်မပါရပါဘူး ပြောလိုက်တော့ ကားနဲ့ မောင်းထွက်သွားတယ်””ဟု အခင်း ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းပြသည်။

ဤသည်မှာ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် လူအုပ်စုဖြင့် အနိုင်ကျင့်သည် ဟု ခံစားမိကြောင်း၊ လွှတ်တော်အမတ် ဖြစ်ရုံနှင့် ပြည်သူလူထုကို ပါးရိုက်နားရိုက် လုပ်လာပြီ ဖြစ်၍ အမှတ်မထင် အစိုးရတာဝန်ရှိသူသာ ဖြစ်သွားပါက မိမိတို့ ပြည်သူများ နေစရာပင် ရှိမည် မထင်ကြောင်း၊ စကားပြောရော အမူအရာရော ရိုင်းစိုင်းလွန်းကြောင်း၊ ဤသို့ သာမန်ပြည်သူတစ်ဦးကို နိုင့်ထက်စီးနင်း ပါးရိုက်သည်မှာ လက်ခံနိုင်စရာ မရှိကြောင်း ၄င်းက ပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကိုယ်တိုင်မြင်တွေ့ခဲ့ ရသူ၊ အဆိုပါ ကားဂိတ်ရှေ့တွင် နေထိုင်သူ ဒေသခံဦးပုညိုက““အဲဒီနေ့က ဂိတ်တာဝန်ခံက ကျွန်တော့် အိမ်ကို ရောက်နေတယ်။ ခေါ်သံ ကြားလို့ ကျွန်တော်တို့ ထွက်လာတော့ ပြဿနာ ဖြစ်နေတာ သိတယ်။ ဘယ်သူမှန်းလဲ မသိ၊ ဘာဖြစ်မှန်းလဲ မသိဘူး။ အဲဒီ ပုဂ်္ဂိုလ်က ဓာတ်ပုံတွေရိုက်ပြီး ရဲ တိုင်မယ်ဆိုပြီး ထွက်သွားတာ။ နောက်တော့မှ လွှတ်တော်အမတ် ဦးသိမ်း ဆွေဆိုတာ သိရတယ်။ အဲဒီအချိန်မှာ ယူနီဖောင်းဝတ်ရဲ တွေရော၊ အရပ်ဝတ်ရဲတွေရော၊ ကျွန်တော်တို့လို ပတ်ဝန်းကျင်က လူတွေကော အများကြီးပဲ။ ရဲကို တိုင်မယ်ပြောပြီး ရဲရှေ့ရောက်မှ သူတို့ကိုရိုက်တာ။ ရဲတိုင်ပြီး ရင် ဥပဒေအတိုင်း လုပ်ပေါ့။ ဘာလို့ ဥပဒေမဲ့လုပ်တာလဲဗျာ””ဟု ပြည်သူ့အာဏာ သို့ ပြောသည်။

စစ်တပ်အုပ်စိုးခဲ့သည့်နိုင်ငံတွင် ပါးရိုက်ခံခဲ့ရသည်မှာ အထူးအဆန်း မဟုတ်တော့ကြောင်း၊ သို့သော် ယနေ့ ဒီမိုကရေစီခေတ်သစ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ စစ်အာဏာပိုင်များပင်လျှင် ပုံစံပြောင်း အချိုးပြောင်း၍ ပြည်သူလူထုကို ရိုရိုသေသေ ဆက်ဆံရန် ကြိုးစားနေကြောင်း၊ ဦးသိမ်းဆွေ ဆိုလျှင် လူထုက သိပ်ပြီး သိသူမဟုတ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက် စည်းရုံး ပေးသွား၍သာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူ ဖြစ်ကြောင်း၊ ကိုယ်တိုင် ဟက်ဟက်ပက်ပက် အရည်အချင်း မရှိသည့်အပြင် ကိုယ်ပိုင် ဖြစ်ဖြစ်မြောက်မြောက် လုပ်ဆောင်ခဲ့သည်များ မရှိကြောင်း၊ ယခုကဲ့သို့ ပြည်သူကို ပါးရိုက်နားရိုက် လုပ်လာသည်ကို ခွင့်လွှတ်စရာ အကြောင်း မရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ဆိုတိုင်း ကြောက်စရာ မလိုကြောင်း၊ ဦးသိမ်းဆွေကိုယ်တိုင် ၀န်ချတောင်းပန်ခြင်း မပြုလျှင် တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဒေသခံ အကျိုးဆောင် ရှေ့နေတစ်ဦးက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ NLD လွှတ်တော်ကိုယ်စား လှယ်ဦးသိမ်းဆွေအား ဆက်သွယ်ရာတွင် မအားသေးဘူး ဟုလည်းကောင်း၊ မီဒီယာများကို လက်ခံဖြေကြားခြင်း မပြုနိုင်သေး ဟု လည်းကောင်း ပြန်လည် ဖြေကြားခဲ့သည်။

From: ပြည်သူ့အာဏာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>