ကေအိုင်အေရဲ့စစ်နည်းဗျူဟာကို အချိန်ကြာမှရိပ်မိလာတယ်ဗျာ..ကျွ န်တော်က ဒုတ်ခသည်စခန်းတစ်ခုက ပြည်သူတစ်ယောက်ပါ။ စစ်ပွဲတွေပြန်ဖြစ်ကာစက မြန်မာ့တပ်မတော်ကို ကျွန်တော် အတော်မုန်းတီးနာကျည်းမိခဲ့တယ်ဗျ ..ဘာလို့လဲဆိုတော့ အခုလိုဗမာစစ်သားတွေ နယ်ချဲံလာပြီး စတိုက်လာလို့ ငါတို့တွေ အိုးအိမ်တွေစွန့်ပြီး ထွက်ပြေးလာရတယ်ပေါ့..
တို့ ကချင်တွေ ကူညီလို့ အိုးအိမ်ပစ်စွန့်ပစ်လာရပေမဲ့ ဘေးမသီရန်မခဘဲ ဒုတ်ခသည်စခန်းတွေရောက်လာနိုင်တာ ပေါ့..အဲလို တွေးပြီး ကေအိုင်အေကို မိမိလူမျိုးတူသူရဲကောင်းအဖြစ် အားကိုးယုံကြည်ခဲ့မိပါတယ်..ဒါနဲ့ စစ်ပွဲတွေ ဖြစ်တုံးကလည်း ကျွန်တော့်အသက်အရွယ်နဲ့ကျန်းမာေ ရးအရ လက်နက်မကိုင်နိုင်ပေမဲ့ အခြားနည်းလမ်းတွေနဲ့ အကူအညီပေးခဲ့ပါတယ်..ဘာလို့လဲဆို တော့ ရွာကနေရုတ်ရုတ်ရုတ်ရုတ်နဲ့ ရသမျှပစည်းတွေယူ ကလေးတွေဆွဲ၊ ကျွဲနွားတွေ နိုင်သလောက်ဆွဲ ငိုကြ၊ ယိုကြ၊ အော်ကြ၊ ဟစ်ကြ၊ ဗမာတပ်တွေကို ကြိမ်ဆဲကြနဲ့ ကမာပျက်ခဲ့တဲ့မြင်ကွင်းက မျက်စိထဲက မထွက်ခဲ့ဘူးလေ.
.ကေအိုင်အေက ရွာက အရွယ်ကောင်းယောင်္ကျားမှန်သမျှ ကေအိုင်အေလုပ်ခိုင်းတာကိုလည်း ဒါဖြစ်သင့်တယ်လို့ ထင်ခဲ့ပေမဲ့ မလုပ်ချင်သူကိုလဲ အတင်းသေနတ်ပေး၊ တွဲပြီးတိုက်ခိုင်း၊ မတိုက်ရင် မိသားစုကို ပြသနာရှာတော့ စိတ်ထဲသိပ်မကြည်ပေမဲ့ တော်လှန်ရေးကာလ ဒီလောက်တော့ရှိမှာပေါ့လို့ ခံယူခဲ့ပြီးအကူအညီ မပျက်ခဲ့ပါဘူး။ ဒါပေမဲ့ ကြာလာတော့စစ်ပွဲအီလာပြီး အခု နောက်ဆုံး ငြိမ်းချမ်းရေးစားပွဲထိုင်နေပြီ ။ ဒုတ်ခသည်စခန်းတွေကိုလညိးုင်ငံတကာ အကူအညီတွေ ၀င်ထွက်ခွင့်ရနေပြီ။ ကျွန်တောာ်တို့ရွာတွေရှိတဲ့ မြစ်ကြီးနား-ဗန်းမော်ကားလမ်းမှာ ခရီးသည်တင်ကားတွေ အခြားကားတွေလဲသွားလာနေပြီ။ ကိုယ့်ရွာကိုယ်ပြန်ချင်လို့ တောင်းဆိုတော့ စိတ်မချရသေးဘူး မပြန်နဲ့အုံးလို့ပြောလာတယ်..ပြန်တဲ့လူတွေလည်း ရန်သူ့သတင်းပေးအဖြစ်သတ်မှတ်မယ်လို့ဆိုလာတယ်။ နိုင်တာမနိုင်တာအပထား စစ်ပွဲကြီးတစ်လျောက်လုံးမှာ ကေအိုင်အေဘက်ကနေ ကျွန်တော်တတ်အားသရွေ့ကူညီခဲ့ပါတ ယ်။
ဒီလိုလူမျိုးကို ရွာပြန်ချင်တာနဲ့ ရန်သူသတင်းပေးလို့သတ်မှတ်တာတော့ မဖြစ်သင့်ပါဘူး..နောက်.. ဒုတ်ခသည်စခန်းတွေမှာ လူ ၂ မျိုးကွဲလာပါတယ်။ တစ်မျိုးက ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အိမ်ကိုယ့်ရွာပြန်ပြီး လုပ်စားချင်တဲ့လူတွေနဲ့ နောက်တမျိုးက မူလကတည်းက အခြေအနေမဲ့ဖြစ်ပြီး ဒုတ်ခသည်စခန်းမှာ အလုပ်မလုပ်ဘဲ အဆင်ပြေနေတာကြောင့် တစ်သက်လုံး ဒုတ်ခသည်လိုပဲနေချင်တဲ့လူ။ ကျွန်တော်က အခုလိုအခြေအနေမှာ ကိုယ့်အိမ်ကိုယ်ပြန်ပြီး လုပ်ကိုင်စားသောက်ချင်ပါတယ်။ ပျက်စီးသွားတာတွေ ပြန်ပြီးပြုပြင်ချင်ပါတယ်။ ဗမာတွေက စိတ်မချရဘူးဆိုလို့ ကျနော်ရွာကိုအသာလေးပြန်သွားကြည့် တော့ အချို့ရွာသားတစ်ဦးစနှစ်ဦးစပြ န်နေနေတာတွေ့ရသလို တပ်မတော်ဘက်က ရွာကိုပြန်မလာဖို့ ပိတ်ပင်တာ၊ တားမြစ်တာမရှိသလို ပြန်လာသူကို ဘာအနှောက်အယှက်မှမပေးတဲ့အပြင် ဆနရှိသူတွေကို ပြန်လာခိုင်းဖို့တောင် ပြောတယ်လို့သိလိုက်ရတယ်။
ပြန်လာသူတွေကိုလည်း တတ်နိုင်သမျှ အကူအညီပေးတယ်လို့သိရတယ်။ အဲဒီမှာ ကျနော် ကေအိုင်အေရဲ့ နည်းဗျူဟာကို နားလည်မိတော့တာပဲ။ ပထမဆုံးက စစ်ပွဲတွေ စဖြစ်တာနဲ့ တိုက်ပွဲတွေမရှိတဲ့ နေရာတွေက နယ်မြေခံတွေကိုပါ ရွေ့ပစ်တယ်။ တစ်ချို့ မိသားစုတွေကို မြို့ပေါ်ကဒုတ်ခသည်စခန်းတွေကို သင်းအုပ်ဆရာတွေနဲ့ ပို့ခိုင်းတယ်။ အဲဒီတုံးက ကေအိုင်အေတချို့ကတောင် နေက်နေကြသေးတယ်။ ငါတို့က ဗမာတွေကို စစ်တိုက်။ ငါတို့သားတွေမယားတွေကိုတော့ ဗမာတွေက ကျွေးထားပစေပေါ့ကွာတဲ့။ အဲဒီလို ယောင်္ကျးအားလုံးနီးပါး သေနတ်ကိုင်ခိုင်းပြီး မိသားစုတွေ ဒုတ်ခသည်အဖြစ်ဖန်တီးပေးတဲ့ အကြောင်းပြချက်က ဗမာတွေကျူးကျော်လာလို့တဲ့။ .အဲလိုဆိုတော့ သူတို့အတွက် အကျိုး သုံးခုရသွားတယ်..ပထမ နယ်မြေခံတွေ ဗမာစစ်တပ်ကို မုန်းတီးနာကျည်းတယ်။ ဒုတိယ သူတို့အတွက် တပ်သားသစ်တွေ စုဆောင်းပြီးဖြစ်သလို မိသားစုတွေကိုပါ ထိန်းချုပ်ပြီးဖြစ်သွားတယ်။
တတိယအချက်ကတော့ စစ်ရှောင်ဒုတ်ခသည်တွေအကြောင်းပြ ပြီး နိုင်ငံတကာအထောက်အပံ့တွေတောင်းနိုင်သလို လူမျိုးရေးအကြောင်းပြချက်ကောင်း တွေနဲ့ နိုင်ငံတကာရဲ့ ကရုဏာကိုရတယ်။
ဒီလိုနဲ့ အခု တော်တော်လေးတည်ငြိမ်တဲ့အချိန်ရောက်တဲ့အခါ ဒုတ်ခသည်တွေက အချုပ်သားတွေ ဖြစ်မှန်းမသိဖြစ်လာတယ်..နဂိုကတည်းကလည်း တိုက်ပွဲတွေ မဖြစ်တဲ့ရွာက ရွာသားတွေကို ဒုတ်ခသည်စခန်းမှာတွေ့လို့ မင်းတို့ရွာက တိုက်ပွဲဖြစ်လို့ ဒီကိုရောက်တာလားလို့မေးတော့ မဟုတ်ဘူး..နောက်ပိုင်းမှာဖြစ်လာ နိုင်တယ်.စောစောရွေ့ထားတာက ပိုလုံခြုံတယ်..ကေအိုင်အေက ၀ိုင်းကူပေးတော့ ပိုအဆင်ပြေတုန်းရွေ့ထားတာလို့ေ ပြာခဲ့တာ..အဲဒီတုံးကတော့ သတိမထားမိဘူး။တကယ့်စေတနာနဲ့ထင်ေ နတာ..ခုမှ ရိပ်မိတော့တယ်။ သူတို့က နယ်မြေခံရွာတွေကို မြေဇာပင်လုပ်ပြီး စစ်တပ်ကို ဖြတ်လေးဖြတ်လုပ်ချင်တာကိုး။ မူလက ဖြတ်လေးဖြတ်လုပ်ချင်လို့ရွေ့ခို င်းခဲ့ပေမဲ့ ခုတော့ နိုင်ငံတကာအကူညီတွေကို တောင်းခံဘို့ ပြယုဒ်အဖြစ်အသုံးချလာပြီ။
ပြန်နေတဲ့ရွာသားတွေကိုလည်း ရန်သူအဖြစ်သတ်မှတ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေပြုလာပြီ။ တစ်နိုင်ငံလုံးသန်းခေါင်စာရင်းေ ကာက်တာကိုလည်း ကချင်တစ်ခုထဲမှာပဲပြသနာတွေဖြစ်ေ နတယ်။ ကေအိုင်အေတို့ကိုတောင်းပန်ချင်ပါတယ်။ ကချင်လူထုမျက်နှာကိုကြည့်ပါ။ ကချင်ပြည်နယ်မှာစစ်ပွဲဖြစ်ပွားရ င် နောက်ကျကျန်ခဲ့မှာကချင်လူထုပါဘဲ ။ စစ်ဘေးဒဏ်ခံရသူတွေရင်ထဲမှာ ၀မ်းနည်းကြေကွဲမှုတွေ၊ မုန်းတီးနာကျည်းမှုတွေ၊ သွေးမျက်ရည်တွေနဲ့ ဆုံးရှုံးမှုတွေပဲကျန်ခဲ့မှာပါ။ ကေအိုင်အေဆိုတာ ကချင်တွေအတွက် အမေရင်းပါ။ သားတရားစီရင်ခန်းကလို အမေရင်းက ကလေးငိုသံကြောင့် သားအရင်းကို လက်လွှတ်ပြီးအလျော့ပေးခဲ့ပါတယ်။ အခု လက်နက်ကိုင်အဖွဲ့အားလုံးနီးပါး ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီး ကေအိုင်အေဘဲကျန်ပါတယ်။ လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေကြား မှာ အချို့တိုက်ပွဲတွေ ရှိနေတာမှန်ပေမဲ့ ကျန်တဲ့နေရာအများစုက အေးချမ်းနေမှုကို နယ်မြေခ့တိုင်းရင်းသားတွေ ခံစားနေရပါပြီ။
ကချင်နယ်မြေခံတွေကတော့ တိုက်ပွဲတွေ လျော့နည်းအေးဆေးလာပေမဲ့ ဒီအရသာကိုမခံစားရတာ ဘယ်သူ့ကြောင့်လဲ။ ဘာဖြစ်လို့ တိုက်ပွဲတွေမရှိတော့တဲ့အချိန်မှာ ကိုယ့်ရွာကိုယ်ပြန်ခွင့်မရသလဲ။ ကေအိုင်အေက ကချင်လူမျိုးအကျိုးစီးပွားကို ကြည့်တဲ့အမေရင်းလား၊ ကိုယ်ကျိုးစီးပွားသာကြည့်တဲ့ အမေယောင်ဆောင် ဘီလူးမလားဆိုတာကို ပြန်သုံးသပ်ဖို့လိုလာပါပြီ။ မြို့ပေါ်ကလူတွေက စားကောင်းသောက်ကောင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ အစိုးရနဲ့ တပ်မတော်ကို အပုပ်ချပြီး ၀င်ငွေရှာတဲ့ နီုင်ငံရေးလှုပ်ရှားမှုတွေ ဟန်ပြလုပ်ပြနေပေမဲ့ တကယ်တန်း ခံစားရတာက နယ်မြေခံ ကချင်နဲ့ ရှမ်းနီတွေပါပဲ။ ဒါကြောင့် ကေအိုင်အေအနေနဲ့ တိုးတက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အများနည်းတူ ပါဝင်နိုင်အောင်ကြိုးစားသလို အလုပ်မဲ့အကိုင်မဲ့တွေ ပျော်နေပြီး အတင်းပို့ထားတဲ့ဒုတ်ခသည်စခန်းက နယ်မြေခံလူထုကိုလည်း သက်ဆိုင်ရာကျေးရွာတွေမှာ ပြန်လည်အချေချနေထိုင်လုပ်စားခွင့်ပြုပါလို့ပဲ တောင်းဆိုချင်ပါတယ်။
တို့ ကချင်တွေ ကူညီလို့ အိုးအိမ်ပစ်စွန့်ပစ်လာရပေမဲ့ ဘေးမသီရန်မခဘဲ ဒုတ်ခသည်စခန်းတွေရောက်လာနိုင်တာ
.ကေအိုင်အေက ရွာက အရွယ်ကောင်းယောင်္ကျားမှန်သမျှ ကေအိုင်အေလုပ်ခိုင်းတာကိုလည်း ဒါဖြစ်သင့်တယ်လို့ ထင်ခဲ့ပေမဲ့ မလုပ်ချင်သူကိုလဲ အတင်းသေနတ်ပေး၊ တွဲပြီးတိုက်ခိုင်း၊ မတိုက်ရင် မိသားစုကို ပြသနာရှာတော့ စိတ်ထဲသိပ်မကြည်ပေမဲ့ တော်လှန်ရေးကာလ ဒီလောက်တော့ရှိမှာပေါ့လို့ ခံယူခဲ့ပြီးအကူအညီ မပျက်ခဲ့ပါဘူး။ ဒါပေမဲ့ ကြာလာတော့စစ်ပွဲအီလာပြီး အခု နောက်ဆုံး ငြိမ်းချမ်းရေးစားပွဲထိုင်နေပြီ
ဒီလိုလူမျိုးကို ရွာပြန်ချင်တာနဲ့ ရန်သူသတင်းပေးလို့သတ်မှတ်တာတော့
ပြန်လာသူတွေကိုလည်း တတ်နိုင်သမျှ အကူအညီပေးတယ်လို့သိရတယ်။ အဲဒီမှာ ကျနော် ကေအိုင်အေရဲ့ နည်းဗျူဟာကို နားလည်မိတော့တာပဲ။ ပထမဆုံးက စစ်ပွဲတွေ စဖြစ်တာနဲ့ တိုက်ပွဲတွေမရှိတဲ့ နေရာတွေက နယ်မြေခံတွေကိုပါ ရွေ့ပစ်တယ်။ တစ်ချို့ မိသားစုတွေကို မြို့ပေါ်ကဒုတ်ခသည်စခန်းတွေကို သင်းအုပ်ဆရာတွေနဲ့ ပို့ခိုင်းတယ်။ အဲဒီတုံးက ကေအိုင်အေတချို့ကတောင် နေက်နေကြသေးတယ်။ ငါတို့က ဗမာတွေကို စစ်တိုက်။ ငါတို့သားတွေမယားတွေကိုတော့ ဗမာတွေက ကျွေးထားပစေပေါ့ကွာတဲ့။ အဲဒီလို ယောင်္ကျးအားလုံးနီးပါး သေနတ်ကိုင်ခိုင်းပြီး မိသားစုတွေ ဒုတ်ခသည်အဖြစ်ဖန်တီးပေးတဲ့ အကြောင်းပြချက်က ဗမာတွေကျူးကျော်လာလို့တဲ့။ .အဲလိုဆိုတော့ သူတို့အတွက် အကျိုး သုံးခုရသွားတယ်..ပထမ နယ်မြေခံတွေ ဗမာစစ်တပ်ကို မုန်းတီးနာကျည်းတယ်။ ဒုတိယ သူတို့အတွက် တပ်သားသစ်တွေ စုဆောင်းပြီးဖြစ်သလို မိသားစုတွေကိုပါ ထိန်းချုပ်ပြီးဖြစ်သွားတယ်။
တတိယအချက်ကတော့ စစ်ရှောင်ဒုတ်ခသည်တွေအကြောင်းပြ
ဒီလိုနဲ့ အခု တော်တော်လေးတည်ငြိမ်တဲ့အချိန်ရေ
ပြန်နေတဲ့ရွာသားတွေကိုလည်း ရန်သူအဖြစ်သတ်မှတ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေပြုလာပြီ။ တစ်နိုင်ငံလုံးသန်းခေါင်စာရင်းေ
ကချင်နယ်မြေခံတွေကတော့ တိုက်ပွဲတွေ လျော့နည်းအေးဆေးလာပေမဲ့ ဒီအရသာကိုမခံစားရတာ ဘယ်သူ့ကြောင့်လဲ။ ဘာဖြစ်လို့ တိုက်ပွဲတွေမရှိတော့တဲ့အချိန်မှ
www.mmdailystar.com