Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အမြန်လမ်းနှင့် မိုးသည်း ည

$
0
0

ရာဇာမင်းမော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကို ဖော်ပြထားသောပုံကြမ်း 

 လွန်ခဲ့သည့်သုံးရက် မေလ ၁၂ ရက် ညနေက ကံမကောင်းခဲ့ သူ အမြန်လမ်းခရီးသည် ၄၆ ဦးတွင် တစ်ယောက်အပါအ၀င် ဖြစ်ခဲ့သော မန္တလေးမြို့မှ အသက် (၃၉) နှစ်အရွယ် ကိုတင်ဝိုင်းက နေပြည်တော်ခုတင် ၁,၀၀၀ အထူးကုဆေးရုံ၊ ခွဲစိပ်ကုသဆောင် ရှိ လူနာခုတင်ပေါ်တွင် ထိုင်နေ ရင်းက ပြောကြားသောစကား ဖြစ်သည်။
ကံမကောင်းသူများတွင် ၎င်း၏ဖြစ်ရပ်က ပိုပြီး ခံရခက် ခက်လည်းဖြစ်နေသည်။ မန္တလေး မြို့မှ ရန်ကုန်သို့ တိုက်ရိုက်ပြေး ဆွဲသော ယာဉ်လိုင်းများစွာရှိပါ လျက် မန္တလေး-နေပြည်တော် ကားကိုစီးပြီး နေပြည်တော်မှ တစ်ဆင့် ရန်ကုန်သို့ ပြန်ရာတွင် ရာဇာမင်းကားကိုမှ စီးဖြစ်ခဲ့ခြင်း ဖြစ်လေသည်။

‘‘လေကလည်းတိုက်၊ အမှန် ကတော့ အရှိန်ကို မနိုင်တာပါ’’ ဟု ထိုနေ့ညက အကြောင်းကို ပြန်ပြောပြသည်။ ထိုကားအမြန် လမ်းပေါ် ရောက်ချိန်တွင် လေ တိုက်နေသည့်အပြင် မိုးကလည်း သဲသဲမဲမဲရွာသွန်းနေပြီး ယာဉ်မောင်း၏ရှေ့တွင် ရှိသည့်ရှေ့မှန်အပေါ် စီးကျနေသော မိုးရေများကိုဝိုက်ဗာက ကောင်းစွာမခွဲနိုင် သော အခြေအနေရှိနိုင်ကြောင်း လည်း ရဲမှူးကြီးနေ၀င်းက သုံး သပ်သည်။
ထိုအချိန်တွင် ရှေ့မှ ကား လေးတစ်စီးကို မြင်လိုက်၍ ဘရိတ်နင်းလိုက်ရာ ညာဘက် ဘီးများ မြေသားပေါ်ရောက်သွား ခဲ့ပြီး ကားလည်း လမ်းလွဲသွား ခြင်းဖြစ်ကြောင်း အကူယာဉ် မောင်း ကိုချမ်းမြေ့ကပြောပြ သည်။ ‘‘ပထမဖင်ရမ်းထွက် သွားတယ်။ အဲဒီကျမှ သူလိုက်ထိန်း ထိန်းရင်းနဲ့ အကုန်လုံးမနိုင်မနင်း ဖြစ်ကုန်တယ်။ ကားက ရမ်း ထွက်သွားပြီး တစ်ပတ်လည်ပြီးမှ မြောင်းထဲကို ဖင်နဲ့ကျသွားတာ’’ ဟု ခရီးသည်တစ်ဦးဖြစ်သူ ကိုဇင် ၀ိုင်းက ဖြစ်စဉ်ကိုရှင်းပြသည်။

ခုံနံပါတ် ၂၃ တွင်လိုက်ပါ လာသော ၎င်းသည် မီးသတ်သ မားပီပီ သတိဖြင့် လိုက်ပါလာ ခဲ့သော်လည်း ယာဉ်တစ်စီးလုံး ပေ ၅၀ ရှိ ချောက်ထဲ ပြုတ်ကျရာ တွင်မူ ခုံမှ လွင့်ကာ ထိခိုက်မိပြီး နံရိုးနှစ်ချောင်းအက်၊ လက်ခုံပြုတ်ထွက်သွားသည့်အပြင် ညာဘက် မျက်လုံးတွင်လည်း ထိခိုက်မိထား သည်။
‘‘ကျွန်တော့်ဘေးက ဘုန်းကြီးလည်း ခေါင်းကွဲသွားတယ်’’ ဟု ဆိုသည်။
‘‘မိုးတွေ အရမ်းရွာတယ် လေ။ ရှေ့မှာသွားရင်းနဲ့ အဲဒီမှာ ဝူးဝူးဝူးဝူးနဲ့ ကားကြီးက လည်သွားတာပဲ။ အဲဒါပဲ။ ကားကြီးက လည် ပြီးတော့ တိုက်ပြီဆိုတာ သိလိုက် တယ်။ အောက်ရောက်သွားတာ မသိလိုက်ဘူး။ သတိပြန်ရတော့ တံတားအောက်ရောက်နေပြီ’’ဟု ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ နေ အိမ်သို့အပြန် ရာဇာမင်းယာဉ်ပေါ် ၌ လိုက်ပါခဲ့သူ အသက်(၄၈)နှစ် အရွယ် ဒေါ်စန္ဒာဌေးက ပြော သည်။

ကားတစ်စီးလုံး ပေ ၅၀ ရှိ ချောက်ထဲသို့ ပြုတ်ကျပြီး ပေ ၁၂၀ခန့် အကွာအဝေးထိ လွင့်သွားခဲ့ ခြင်းသည် စက္ကန့်ပိုင်းသာ ကြာ မည်ဖြစ်သော်လည်း အော်သံ၊ ခေါ်သံများက မိုးမွှန်နေသည်။
‘‘အော်သံတွေ ကြားတာ ပေါ့။ သေချာတော့ မမှတ်မိဘူး’’ ဟု ကိုဇင်ဝိုင်းက ပြောသည်။
‘‘တိုက်ပြီဆိုတော့ လန့်သွား တာပေါ့။ အဲဒီမှာ လူတွေဗလုံး ဗထွေးနဲ့ ဖြစ်နေတယ်။ ကျွန်မ လည်း ခေါင်းနဲ့အမိုးနဲ့ တိုက်မိတာ သိလိုက်တယ်။ သိပြီး ဘုရားတ နေတဲ့အချိန်မှာ ဘယ်လိုဖြစ်သွား လဲ မသိတော့ဘူး’’ဟု ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသော ဒေါ် စန္ဒာဌေးက မောနေသည့်ကြားက ဖြည်းညင်းစွာ ပြောသည်။
ဒေါ်စန္ဒာဌေးသည် နေပြည် တော်သို့ အထည်လာရောင်းပြီး နေ့ချင်းပြန်ခရီးတွင် တိုက်တိုက် ဆိုင်ဆိုင် ရာဇာမင်းကားနှင့် ပြန်မိ ခြင်းဖြစ်သည်။
ခရီးသည် ၂၉ ဦးမှာ ဒဏ်ရာ များသာရရှိပြီး ကံကောင်း ထောက်မစွာ အသက်ရှင်ခွင့်ရခဲ့ သော်လည်း ကျန်ခရီးသွားဖော် ၁၄ ဦးမှာမူ အဆိုပါ အခိုက်အတန့် ကြောင့် လူ့ဘဝကို ကျောခိုင်းသွားခဲ့ရသည်။
‘‘စိတ်မကောင်းဘူးကွယ်။ ဒါက အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ’’ ဟု အသက်ဆုံးရှုံးသွားသော သမက်အတွက် ယောက္ခမဖြစ်သူ ဒေါ်သန်းသန်းဌေးကဆိုသည်။ သမီးဖြစ်သူ အသက်ရှင်လျက် ကျန်ရှိသေးသော်လည်း ပြင်းထန် သော ဒဏ်ရာများဖြင့် ခုတင်ပေါ် ၌ လဲလျောင်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ဒီဆုံးရှုံးမှုတွေအတွက် ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ထပ် တူထပ်မျှ ဝမ်းနည်းမိပါကြောင်း ပြောကြားလိုပါတယ်’’ဟု ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က အာမခံလျော် ကြေး ပေးအပ်ပွဲတွင် ဝမ်းနည်း စကားဆိုသည်။
လူကြောင့်ဟု ပြောပြော၊ လမ်းကြောင်းပဲဆိုဆို အမြန်လမ်း မကြီးကတော့ လူ့အသက်ပေါင်း ရာဂဏန်းကို နုတ်ယူသွားခဲ့ပြီဖြစ် သည်။
‘‘အရင်တုန်းက ကားတိုက် တယ်။ ပျောက်တယ်။ လူတွေ သေတယ်ဆိုတာကို တစ်ဆင့် စကားနဲ့ ပြောလို့မကုန်နိုင်ဘူး။ ခုကျတော့လည်း ဒါတွေက မဆန်းတော့ပါဘူး’’ဟု အမြန်လမ်းမကြီး ဘေး ကျေးရွာတွင် နေထိုင်သော အသက် (၅၀) ခန့် ဒေသခံအမျိုး သမီးကြီးတစ်ဦးကက အမြန်လမ်းမကြီးဘေး ရာဇာမင်းခရီးသည် ယာဉ်ကြီးပျက်စီးနေမှုကို စူးစမ်းကြည့်ရှုရင်းပြောကြားသည်။


From: 7day

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...