Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘင်္ဂလီအကြမ်းဖက်သမားတစ်ဦးအား ဖမ်းမိ

$
0
0


---
Time of India ၏ ယနေ့ သတင်းတစ်ပုဒ်အရ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီအကြမ်းဖက်သမားတစ်ဦးအား ကာလကတ္တားမြို့တွင် မထင်မှတ်ပဲ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အဆိုပါ ဘင်္ဂလီမှာ Amanullah ဆိုသူဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးနှင့်အတူ တည်းခိုခန်းတစ်ခုတွင် တရားမ၀င်တည်းခိုနေသည်ကို ဖမ်းဆီးရာမှ ဆက်လက်စုံစမ်းရာတွင် အကြမ်းဖက်သမားမှန်း သိရှိခဲ့ရသည်။ အဆိုပါ ဘင်္ဂလီသည် အိန္ဒိယနိုင်ငံ ဟိုက်ဒါရာဘတ်မြို့၏ မဲပေးခွင့်လက်မှတ်ကို ကိုင်ဆောင်ထားခဲ့သည်။ သို့ရာတွင် အိန္ဒိယအကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ STF မှ စုံစမ်းစစ်ဆေးသောအခါ အဆိုပါရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမှာ ဟိုက်ဒါရာဘတ်မြို့တွင် နေထိုင်သူလည်းမဟုတ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလည်း မဟုတ်ကြောင်း သိရှိခဲ့ရသည်။ STF မှ ဆက်လက်စုံစမ်းရာ အဆိုပါဘင်္ဂလီသည် ဆော်ဒီအာရေဗျနိုင်ငံမှ ငွေကြေးအမြောက်အမြားကို ဟွန်ဒီငွေလွှဲလမ်းကြောင်းများမှတဆင့် မကြာသေးမှီက လက်ခံရရှိထားခဲ့သည်ဟု သိရှိရသည်။ အကြမ်းဖက်လှုပ်ရှားမှုကွန်ယက်များကို သက်ဆိုင်ရာမှ ဆက်လက်စုံစမ်းနေသည်။


အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Lashkar-e-Toiba သည် မြန်မာပြည်မှ မွတ်စလင်များ ကာကွယ်ရေး ကွန်ဖရင့်တစ်ခုကို ၂၀၁၂ ခုနှစ် အလယ်ပိုင်းလောက်တွင် ခေါ်ယူခဲ့ပြီး မြန်မာပြည်ဆန့်ကျင်ရေး လုပ်ငန်းများအတွက် အကူအညီများ ရရှိရေးကြိုးပမ်းလျှက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာပြည်မှ အကြမ်းဖက်ရေးကို စိတ်ဝင်စားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ရန် ကြိုးစားလျှက်ရှိနေသည်။

သတင်းများအရ ရိုဟင်ဂျာအကြမ်းဖက်သမားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာပြည်နယ်စပ်ရှိ ဗန်ဒါဗန်ခရိုင်တွင် အခြေစိုက်လှုပ်ရှားနေကြသည်ဟုလည်း သိရသည်။ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လက ဗုံးများ ပေါက်ကွဲခဲ့ပြီး အခုအချိန်တွင် ဗုဒ္ဓဘာသာအဆောက်အဦးများသည် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်ခြင်း ခံနေကြရသည်။ အိန္ဒိယအစိုးရအနေဖြင့် ၄င်း၏ပိုင်နက်နယ်မြေများပေါ်တွင် ဘင်္ဂလီအကြမ်းဖက်သမားများ အခြေချလာနေကြသည်ကို စိုးရိမ်မကင်း ဖြစ်လျှက်ရှိသည်။

Source: http://timesofindia.indiatimes.com/india/Kolkatas-Rohingya-link-worries-security-forces/articleshow/34067301.cms

ပုံ - ဗုဒ္ဓဂါယာ တိုက်ခိုက်ခံရမှုတွင် သံဃာတော်တစ်ပါး အပြင်းအထန် ဒဏ်ရာရရှိသွားပုံ။
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>